Connect with us

Politics, Law & Military

လေယာဉ်တင်သင်္ဘော ဆန်းတုန်း ဦးဆောင်သော ရေတပ်စစ်ရေယာဉ်စု ဟောင်ကောင်သို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်

ပေကျင်း၊ ဇွန် ၂၉ ရက် (ဆင်ဟွာ)

တရုတ်လေယာဉ်တင်သင်္ဘောကြီး ဆန်းတုန်း ဦးဆောင်သော ရေတပ်စစ်ရေယာဉ်စုမှာ တရုတ်နိုင်ငံ ဗဟိုစစ်ကော်မရှင်၏ ခွင့်ပြုချက်အရ ဇူလိုင် ၃ ရက်မှ ၇ ရက်အထိ တရုတ်နိုင်ငံ ဟောင်ကောင်ဒေသသို့ အလည်အပတ်ခရီးစဉ် သွားရောက်မည်ဟု ဇွန် ၂၈ ရက် တရားဝင်ကြေညာချက်အရ သိရသည်။အဆိုပါ ရေတပ်စစ်ရေယာဉ်စုတွင် ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသော ဖျက်သင်္ဘောများဖြစ်သည့် Yan’an နှင့် Zhanjiang ၊ ဒုံးကျည်တပ်ဆင်ထားသော ဖရီးဂိတ်စစ်သင်္ဘော Yuncheng တို့လည်း ပါဝင်မည်ဖြစ်ကာ ချစ်ကြည်ရေးခရီးစဉ်နှင့် ယဉ်ကျေးမှုဖလှယ်သည့် အစီအစဉ်အများအပြား ပြုလုပ်မည်ဟု သိရသည်။

ဟောင်ကောင် တစ်နယ်တည်းသားချင်းများအနေဖြင့် ခေတ်သစ်ကာလ၌ တရုတ်နိုင်ငံ၏ အမျိုးသားကာကွယ်ရေးနှင့် စစ်ဘက်ဆိုင်ရာ တိုးတက်အောင်မြင်မှုများကို ပိုမိုပွင့်လင်းနက်ရှိုင်းစွာ သိမြင်နားလည်လာစေရန် ရည်ရွယ်သည့်အနေဖြင့် ထိုအစီအစဉ်များကို ပြုလုပ်သွားမည်ဖြစ်သည်။

၁၉၉၇ ခုနှစ်တွင် အမိမြေသို့ ဟောင်ကောင် ပြန်လည်ရောက်ရှိချိန်မှစ၍ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် ရေတပ်၏ သင်္ဘောများမှာ ဟောင်ကောင်သို့ ရှစ်ကြိမ်တိုင်တိုင် ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် အလည်အပတ်ခရီးစဉ် သွားရောက်ခဲ့ခြင်းဖြစ်ကာ ပထမဆုံးခရီးစဉ်ကို ၂၀၀၁ ခုနှစ်က သွားရောက်ခဲ့ပြီး နောက်ဆုံးအနေဖြင့် ၂၀၂၄ ခုနှစ်က နှစ်ကြိမ်သွားရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………………………………
(English Version)
Naval fleet led by Shandong aircraft carrier to visit Hong Kong
BEIJING, June 28 (Xinhua) — Approved by the Central Military Commission, a naval fleet led by the aircraft carrier Shandong will visit Hong Kong from July 3 to 7, an official statement said on Saturday.
The fleet, which also includes the Yan’an and Zhanjiang missile destroyers, as well as the Yuncheng missile frigate, will host a series of open tours and cultural exchange activities.
These events aim to offer Hong Kong compatriots a more direct and in-depth understanding of China’s advancements in national defense and military development in the new era.
Since Hong Kong’s return to the motherland in 1997, vessels of the Chinese People’s Liberation Army Navy have visited the city eight times in various forms. The first visit occurred in 2001, while the two most recent took place in 2024.