Africa & Middle East
အစ္စရေး၏ အပစ်အခတ်ရပ်စဲရေး ကတိကဝတ်အပေါ် အီရန်ထိပ်တန်းတပ်မှူး မေးခွန်းထုတ်

တီဟီရန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
၁၂ ရက်ကြာ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် မကြာမီက သဘောတူညီမှုရယူထားသော အပစ်အခတ်ရပ်စဲမှုနှင့် ပတ်သက်၍ အစ္စရေး၏ ကတိကဝတ်အပေါ် အီရန်ထိပ်တန်းတပ်မှူးက ဇွန် ၂၉ ရက်၌ မေးခွန်းထုတ်ခဲ့ပြီး မည်သို့သော တစ်ကျော့ပြန် ကျူးကျော်ရန်စမှုကိုမဆို ပြတ်ပြတ်သားသား တုံ့ပြန်ရန် အသင့်ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်ဟု အီရန်အစိုးရနှင့် တစ်စိတ်တစ်ပိုင်းဆက်နွှယ်သော Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။
ဆော်ဒီကာကွယ်ရေးဝန်ကြီးဖြစ်သူ မင်းသား ခါလစ် ဘင်ဆယ်လ်မန်နှင့် တယ်လီဖုန်းပြောဆိုစဉ် အီရန်စစ်ဦးစီးချုပ် အက်ဘ်ဒိုရာဟင် မူဆာဗီက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်ကာ ထိုဖုန်းပြောဆိုမှုအတွင်း အီရန်၊ အစ္စရေးနှင့် အမေရိကန်တို့ ပါဝင်ပတ်သက်နေသော ပဋိပက္ခနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်ဟု သိရသည်။
“အပစ်အခတ်ရပ်စဲမှုအပေါ် ရန်သူရဲ့ စောင့်ထိန်းလိုက်နာမှုကို ကျွန်တော်တို့အနေနဲ့ လေးလေးနက်နက် သံသယဖြစ်မိပါတယ်။ ကျူးကျော်ရန်စမှု ထပ်ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်တို့ဘက်က ပြတ်ပြတ်သားသား တုံ့ပြန်ဖို့ အပြည့်အဝပြင်ဆင်ထားပါတယ်” ဟု မူဆာဗီက ပြောကြားခဲ့သည်။
အမေရိကန်နှင့် တစ်ဆင့်ခံ နျူကလီးယားဆွေးနွေးမှုများ အပါအဝင် အီရန်ဘက်က ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်နေသော်လည်း အစ္စရေးနှင့် အမေရိကန်တို့က အီရန်အား တိုက်ခိုက်မှုများ လုပ်ဆောင်နေသည်ဟု ၎င်းက စွပ်စွဲခဲ့သည်။
ဆော်ဒီကာကွယ်ရေးဝန်ကြီးက အီရန်အပေါ် “ကျူးကျော်ရန်စမှု” ကို ပြစ်တင်ရှုတ်ချခဲ့ပြီး ဆော်ဒီအစိုးရအနေဖြင့် ပဋိပက္ခချုပ်ငြိမ်းရေးအတွက် အကူအညီပေးရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြားခဲ့သည်ဟု Tasnim သတင်းဌာနက ဖော်ပြခဲ့သည်။ ထို့အတူ နှစ်နိုင်ငံဆက်ဆံရေး တိုးတက်စေရန်၊ ဒေသတွင်းတည်ငြိမ်မှု မြှင့်တင်ရန် ရည်ရွယ်သည့် ဆွေးနွေးညှိနှိုင်းမှုများကို ထိန်းသိမ်းထားရန်လည်း နှစ်ဖက် သဘောတူညီခဲ့ကြောင်း သိရသည်။
သီးခြားအနေဖြင့် အီရန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး မာဂျစ် တက်ခ်-ရာဗန်ချီက အီရန်အနေဖြင့် အမေရိကန်အစိုးရ တာဝန်ရှိသူများနှင့် တွေ့ဆုံရန် စီစဉ်ထားခြင်းမရှိဟု ပြောကြားခဲ့ပြီး မကြာမီ နျူကလီးယားဆွေးနွေးပွဲ ပြုလုပ်မည်ဟူသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ ပြောကြားချက်ကိုလည်း ပယ်ချခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့သည်။
ဖြစ်နိုင်ခြေရှိသော နျူကလီးယား သဘောတူညီချက်နှင့် စပ်လျဉ်း၍ ဆွေးနွေးရန် အမေရိကန်နှင့် အီရန်တာဝန်ရှိသူများအကြား လာမည့်သီတင်းပတ်အတွင်း တွေ့ဆုံမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်အစောပိုင်းက ပြုလုပ်သော နေတိုးထိပ်သီးအစည်းအဝေး ပိတ်ပွဲအခမ်းအနား၌ ထရမ့်က ပြောကြားခဲ့သည်။
ဇွန် ၁၃ ရက်၌ စစ်ဘက်အဆောက်အအုံများနှင့် နျူကလီးယား အဆောက်အအုံများကို ပစ်မှတ်ထားလျက် အီရန်ပိုင်နက်အတွင်း အစ္စရေးက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့်အတွက် ပဋိပက္ခ အရှိန်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ ယင်းတိုက်ခိုက်မှုများအတွင်း အီရန်၏ အကြီးတန်းတပ်မှူးများ၊ နျူကလီးယား သိပ္ပံပညာရှင်များနှင့် အရပ်သားများ သေဆုံးခဲ့သည်ဟု အီရန်တာဝန်ရှိသူများ၏ အဆိုအရ သိရသည်။
ယင်းအား လက်တုံ့ပြန်သည့်အနေဖြင့် အီရန်က အစ္စရေးအား ဒုံးကျည်များ၊ ဒရုန်းများဖြင့် အပြင်းအထန်တိုက်ခိုက်ခဲ့သည်။ ဇွန် ၂၂ ရက်ကလည်း အမေရိကန်တပ်ဖွဲ့ဝင်များက ဖော်ဒိုး၊ နာတန့်ဇ်နှင့် အက်စ်ဖာဟန်ဟု အမည်ရသော အီရန်၏ နျူကလီးယားအဆောက်အအုံသုံးခုကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အီရန်ကလည်း ကာတာရှိ အမေရိကန်၏ အယ်လ်ယူဒေး လေတပ်စခန်းကို တန်ပြန်တိုက်ခိုက်ခဲ့သည်။
သီတင်းနှစ်ပတ်နီးပါး တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဇွန် ၂၄ ရက်၌ အီရန်နှင့် အစ္စရေးအကြား အပစ်အခတ်ရပ်စဲရန် သဘောတူညီမှု ရရှိခဲ့သည်။ (Xinhua)
………………..
(English Version)
Iran’s top military commander questions Israel’s ceasefire commitment
TEHRAN, June 29 (Xinhua) — Iran’s top military commander on Sunday questioned Israel’s commitment to a recently agreed ceasefire following 12 days of fighting, warning that Tehran was prepared to respond forcefully to any renewed aggression, according to the semi-official Tasnim news agency.
Abdolrahim Mousavi, chief of staff of the Iranian Armed Forces, made the remarks during a phone call with Saudi Defense Minister Prince Khalid bin Salman, as the two discussed the conflict involving Iran, Israel, and the United States.
“We have serious doubts about the enemy’s adherence to the ceasefire,” Mousavi said. “If aggression is repeated, we are fully prepared to respond decisively.”
He accused Israel and the United States of launching attacks on Iran despite what he described as Tehran’s restraint, including during indirect nuclear talks with Washington.
Saudi Arabia’s defense chief condemned “aggression” against Iran and said Riyadh had made efforts to help end the conflict, according to Tasnim. The two sides also agreed to maintain consultations aimed at improving bilateral ties and promoting regional stability.
Separately, Iran’s deputy foreign minister for political affairs, Majid Takht-Ravanchi, said Tehran had not scheduled any meeting with U.S. officials, rejecting recent claims by U.S. President Donald Trump of upcoming nuclear talks, state media reported.
Speaking at the close of a NATO summit earlier this week, Trump said U.S. and Iranian officials would meet the following week to discuss a possible nuclear deal.
The conflict escalated on June 13 when Israel launched airstrikes on Iranian territory, targeting military and nuclear facilities. The attacks killed senior commanders, nuclear scientists, and civilians, according to Iranian officials.
Iran retaliated with waves of missile and drone strikes against Israel. On June 22, U.S. forces bombed three Iranian nuclear facilities – Fordow, Natanz, and Isfahan. In response, Iran struck the U.S. Al Udeid Air Base in Qatar.
A ceasefire between Iran and Israel was reached last Tuesday after nearly two weeks of fighting.
English Caption
A state funeral for the military commanders and nuclear scientists killed during a 12-day conflict with Israel is held in Tehran, Iran, on June 28, 2025. (Xinhua)