Connect with us

Africa & Middle East

စစ်ပွဲအပေါ်တွင် အစ္စရေးနှင့် အမေရိကန် တာဝန်ရှိကြောင်း ကုလသမဂ္ဂ အသိအမှတ်ပြုရန် အီရန် တောင်းဆို

အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် အီရန်အပေါ် အစ္စရေး၏ တိုက်ခိုက်မှုကို စုဝေးဆန့်ကျင်ဆန္ဒပြနေသူများအား ၂၀၂၅ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရပ်ဂ်ချီသည် ဇွန် ၂၉ ရက်က ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်နှင့် လုံခြုံရေးကောင်စီ ဥက္ကဋ္ဌထံသို့ စာလွှာပေးပို့၍ လုံခြုံရေးကောင်စီအနေဖြင့် အစ္စရေးနှင့် အမေရိကန်ကို ကျူးကျော်သူအဖြစ် သတ်မှတ်ရန်၊ ၎င်းတို့အား စစ်လျော်ကြေးအပါအဝင် တာဝန်ခံရန် တောင်းဆိုခဲ့ကြောင်း IRNA သတင်းဌာန၏ သတင်းအရ သိရသည်။

ဇွန် ၁၃ ရက်မှစ၍ အစ္စရေးသည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ကာ အီရန်ကို စတင်ကျူးကျော်ပြီး လူနေရပ်ကွက်နှင့် အရပ်ဘက်သုံး အခြေခံအဆောက်အဦများစွာကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခဲ့ရာ နိုင်ငံတကာ ဥပဒေကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း စာလွှာတွင် ဖော်ပြထားသည်။ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ကြီးကြပ်မှုအောက်ရှိ Qom၊ Arak၊ Natanz နှင့် Isfahan နျူကလီးယားအဆောက်အဦများသည် အစ္စရေး၊ အမေရိကန် နှစ်နိုင်ငံ၏ တိုက်ခိုက်မှု ပစ်မှတ်ဖြစ်ခဲ့ကြောင်း၊ ယင်းလုပ်ရပ်သည် “ကုလသမဂ္ဂပဋိညာဉ်စာတမ်း” ၊ “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်” နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ဆိုးရွားစွာ ချိုးဖောက်ခြင်း ဖြစ်ကြောင်း ယင်းစာလွှာတွင် ဖော်ပြထားသည်။
လုံခြုံရေးကောင်စီအနေဖြင့် အစ္စရေး၏ ကျူးကျော်သည့်လုပ်ရပ်ကို အတည်ပြုရန်၊ အစ္စရေးနှင့် အမေရိကန်အား ကျူးကျော်သူအဖြစ် သတ်မှတ်ရန်၊ ၎င်းတို့အား စစ်လျော်ကြေးအပါအဝင် တာဝန်ခံရန်၊ “ကျူးကျော်သည့်လုပ်ရပ်ကို စီစဉ်သူ စစ်ဘက် အရပ်ဘက်အကြီးအကဲများအား ပုဂ္ဂိုလ်ရေးအရ ရာဇဝတ်မှုကို တာဝန်ခံရန်” စာလွှာတွင် တောင်းဆိုခဲ့သည်။

အစ္စရေးသည် ဇွန် ၁၃ ရက် နံနက်ပိုင်းက အီရန်ကို လေကြောင်းဖြင့် အကြီးအကျယ် တိုက်ခိုက်ပြီးနောက် အစ္စရေး-အီရန် နှစ်ဖက် အပြန်အလှန် ကြိမ်ဖန်များစွာ တိုက်ခိုက်ခဲ့ကြသည်။ အမေရိကန်နိုင်ငံက အမေရိကန် အရှေ့ပိုင်း စံတော်ချိန် ဇွန် ၂၁ ရက်တွင် အီရန်ရှိ နျူကလီးယားအဆောက်အဦနေရာ ၃ ခုအား တိုက်ခိုက်ခဲ့ရာ အီရန်က လက်တုံ့ပြန်သည့်အနေဖြင့် ဇွန် ၂၃ ရက်တွင် ကာတာအခြေစိုက် အမေရိကန် Al Udeid လေတပ်စခန်းကို ဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။ ဇွန် ၂၄ ရက်တွင် အမေရိကန်ဘက်က ကြေညာသည့် အချိန်ဇယားအရ အစ္စရေး-အီရန် အပစ်ရပ်မှု အသက်ဝင်ခဲ့သည်။ အီရန်လွှတ်တော်က ဇွန် ၂၅ ရက်တွင် ဥပဒေတစ်ရပ်ကို အတည်ပြုပြီး အီရန်နှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းခဲ့သည်။ (Xinhua)
———————-
(Chinese Version)
伊朗要求联合国承认以美对战争负有“责任”
新华社德黑兰6月29日电 据伊朗伊斯兰共和国通讯社报道,伊朗外长阿拉格齐29日致函联合国秘书长及安理会主席,要求安理会认定以色列和美国为侵略方,追究其包括战争赔偿在内的责任。
信函说,自13日起,以色列公然违反《联合国宪章》对伊朗发动侵略,蓄意袭击多个居民区及民用基础设施,严重违反国际法。受国际原子能机构监督的库姆、阿拉克、纳坦兹及伊斯法罕核设施亦成为以美两国攻击目标,此举严重违反《联合国宪章》《不扩散核武器条约》及国际原子能机构相关决议。
信函要求安理会确认以色列侵略行为,并认定以色列及美国为侵略方,追究其包括战争赔偿在内的责任,“策划侵略行为的军政领导人还应承担个人刑事责任”。
以色列本月13日凌晨对伊朗实施大规模空袭后,以伊互相发动多轮袭击。美国于美国东部时间21日空袭伊朗三处核设施,伊朗出于报复23日向美国驻卡塔尔的乌代德空军基地发起导弹袭击。24日,根据美方宣布的时间表,以伊停火。伊朗议会25日通过法案,暂停伊朗与国际原子能机构的合作。(完)
1. 6月20日,在伊朗首都德黑兰,民众集会抗议以色列对伊朗发动袭击。 新华社发