Connect with us

China

တရုတ်-ဗီယက်နမ် တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာနများ ပထမဆုံးအကြိမ် နယ်စပ်တွေ့ဆုံဆွေးနွေးပွဲ တရုတ်နိုင်ငံ ကွမ်ရှီးတွင် ကျင်းပ

တရုတ်-ဗီယက်နမ် တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၏ ပထမဆုံးအကြိမ် နယ်စပ် တွေ့ဆုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နန်နင်း၊ ဇွန် ၃၀ ရက် (ဆင်ဟွာ)
တရုတ်-ဗီယက်နမ် တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာနများ၏ ပထမဆုံးအကြိမ် နယ်စပ်တွေ့ဆုံဆွေးနွေးပွဲကို တရုတ်နိုင်ငံ ကွမ်ရှီးဒေသ နန်နင်းမြို့၌ ကျင်းပခဲ့သည်။ တရုတ်၊ ဗီယက်နမ် နှစ်နိုင်ငံ တရားစီရင်ရေးဌာနနှင့် သက်ဆိုင်ရာ ဌာနများ၊ ပြည်နယ်အချို့ရှိ တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးအာဏာပိုင်များနှင့် ဥပဒေနယ်ပယ်မှ ကိုယ်စားလှယ် ၁၅၀ ဦးနီးပါး တက်ရောက်ခဲ့ကြသည်။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် သမ္မတ ရှီကျင့်ဖိန် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်ခဲ့ခြင်း အောင်မြင်မှုရလဒ်နှင့် တရုတ်-ဗီယက်နမ် ပူးတွဲကြေညာချက်ကို နက်ရှိုင်းစွာ လက်တွေ့ဖော်ဆောင်သော လက်တွေ့ကျသည့် အစီအမံဖြစ်သလို တရားဥပဒေစိုးမိုးရေးနယ်ပယ်တွင် မဟာဗျူဟာ အနက်အဓိပ္ပာယ်ရှိသော တရုတ်- ဗီယက်နမ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေးကို တွန်းအားပေးသော တိကျသည့် လက်တွေ့ကျ လုပ်‌ဆောင်မှုဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်-ဗီယက်နမ် တရားစီရင်ရေးဝန်ကြီးဌာနများက နယ်စပ်ဒေသ၊ နယ်စပ်ဒေသရှိ ဒေသခံများ၊ အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများကို ကဏ္ဍစုံလင်သော ဖြေရှင်းရေး ယန္တရားများ ထူထောင်ခြင်း၊ တရားဥပဒေဆိုင်ရာ ဝန်ဆောင်မှုပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းစွာ တိုးချဲ့ဆောင်ရွက်ခြင်း၊ အရည်အသွေးမြင့် တရားဥပဒေစိုးမိုးရေး လူရည်ချွန်များ ပူးပေါင်းပျိုးထောင်ခြင်း စသည်တို့တွင် ကျယ်ပြန့်သော သဘောတူညီမှုများကို ရရှိခဲ့သည်။
တရုတ်နိုင်ငံ တရားရေးဝန်ကြီးဌာန ဝန်ကြီး ဟဲ့ရုန်က တရုတ်-ဗီယက်နမ် တရားစီရင်ရေးဌာနများသည် အတူတကွ ကြိုးစားကာ တရားဥပဒေနှင့် တရားရေးစီရင်ရေးဆိုင်ရာ ကဏ္ဍပူးပေါင်းဆောင်ရွက်မှု၏ အရည်အသွေးနှင့် ထိရောက်မှုကို အဆက်မပြတ် မြှင့်တင်ရန်၊ အစိုးရ၌ ဥပဒေရေးဆွဲခြင်း၊ တရားဥပဒေဝန်ဆောင်မှု၊ တရားစီရင်ရေးအကူအညီ၊ လူရည်ချွန် ပျိုးထောင်ရေး၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှု စသည့်နယ်ပယ်များတွင် နှီးနှောဖလှယ် အပြန်အလှန်လေ့လာသင်ယူမှုနှင့် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တစ်ဆင့်တိုး အားကောင်းစေရန် ဆောင်ရွက်သွားမည်ပြီး တရုတ်- ဗီယက်နမ် အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်ရေး တည်ငြိမ်ရှည်ကြာစွာ လျှောက်လှမ်းနိုင်ရန် အားဖြည့်ကူညီမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗီယက်နမ် တရားရေးဝန်ကြီးဌာန ဝန်ကြီး Nguyen Hai Ninh က ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုသည် ငြိမ်းချမ်းချစ်ကြည်မှုရှိသော နယ်စပ်ဒေသ တည်ဆောက်ရန်၊ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး မြှင့်တင်ရန်၊ မဟာဗျူဟာအနက်အဓိပ္ပာယ်ရှိသော ဗီယက်နမ်-တရုတ် အေးအတူပူအမျှအသိုက်အဝန်း အတူလက်တွဲ တည်ဆောက်ရန်အတွက် အကျိုးဆောင်ရန် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတက်ရောက်လာကြသော ဧည့်သည်တော်များက ရှေ့နေလုပ်ငန်း၊ ဖျန်ဖြေရေးလုပ်ငန်း၊ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ တရားစီရင်ရေး အကူအညီများ၊ တရားဥပဒေစိုးမိုးရေးကဏ္ဍ လူရည်ချွန်ပျိုးထောင်ရေးစသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ နက်ရှိုင်းစွာ နှီးနှောဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နှစ်နိုင်ငံ တရားစီရင်ရေးဆိုင်ရာ အုပ်ချုပ်ရေးဌာနများသည် နယ်စပ်တွေ့ဆုံဆွေးနွေးမှုမှတစ်ဆင့် အရပ်ဘက်နှင့် စီးပွားရေးဆိုင်ရာ အငြင်းပွားမှုများ ဖြေရှင်းရေး၊ ဉာဏ်ရည်တုနှင့် ဥပဒေပညာပေးခြင်းစသည့် အကြောင်းအရာများကို လေးလေးနက်နက် စူးစမ်းဆွေးနွေးပြီး နှစ်ဖက်၏ တရားစီရင်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်ရေးတွင် ပိုမိုများပြားသော လက်တွေ့ကျသော အတွေ့အကြုံများနှင့် နမူနာကိစ္စရပ်များကို ပံ့ပိုးပေးသွားမည်ဖြစ်သည်ဟု East China University ၏ နိုင်ငံရေးသိပ္ပံနှင့် ဥပဒေဌာန ပါမောက္ခချုပ်ဖြစ်သူ ရှောင်းခိုင်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားစီရင်ရေးဌာနနှင့် ဗီယက်နမ်နိုင်ငံ ကွမ်နင်ပြည်နယ်၊ Lạng Sơn ပြည်နယ်၊ Cao Bằng ပြည်နယ်၊ Hà Giang ပြည်နယ်ရှိ တရားစီရင်ရေးဌာန၊ ကွမ်ရှီး တိုင်းရင်းသားတက္ကသိုလ်နှင့် ဟနွိုင်းဥပဒေတက္ကသိုလ် စသည်တို့သည် တွေ့ဆုံဆွေးနွေးမှုအတွင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ သဘောတူညီချက်များ သီးခြားစီ လက်မှတ်ရေးထိုးခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တရားစီရင်ရေးရုံးနှင့် ဗီယက်နမ်နိုင်ငံ ကွမ်နင်ပြည်နယ်၊ Lạng Sơn ပြည်နယ်၊ Cao Bằng ပြည်နယ်၊ Hà Giang ပြည်နယ်ရှိ တရားစီရင်ရေးဌာနတို့က ဖွင့်ပွဲအခမ်းအနားတွင် သဘောတူ လက်မှတ်ရေးထိုးနေသည်ကို ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………
(Chinese Version)
中越司法行政部门首次边境会晤在广西举行
新华社南宁6月29日电(记者杨驰、齐琪)6月28日至29日,中越司法行政部门首次边境会晤在广西南宁举行。中国、越南两国司法部及相关部门,部分省份司法行政机关和法律界代表近150人参加。
此次会晤是深入贯彻落实习近平总书记访越成果和中越联合声明的务实举措,是法治领域推动构建具有战略意义的中越命运共同体的具体实践。
会晤期间,中越司法部就建立边境边民民商事纠纷多元化解机制、拓展深化法律服务合作、共同培养高素质法治人才等达成广泛共识。司法部部长贺荣表示,中越司法部门将共同努力,持续提升法律和司法行政领域合作质效,在政府立法、法律服务、司法协助、人才培养、数字技术应用等方面进一步加强交流互鉴和务实合作,助力中越命运共同体建设行稳致远。
越南司法部部长阮海宁表示,此次会晤为建设和平友好的边境、促进两国全面战略合作伙伴关系发展、携手建设具有战略意义的越中命运共同体作出贡献。
据了解,与会嘉宾围绕律师工作、调解工作、国际合作及民商事司法协助、法治人才培养等议题深入交流研讨。“两国司法行政部门通过边境会晤,深入探讨民商事争议多元化解、人工智能、法学教育等话题,将为双方开展司法合作提供更多实践经验和典型案例。”华东政法大学校长肖凯表示。
广西壮族自治区司法厅与越南广宁省、谅山省、高平省、河江省司法厅,广西民族大学与河内法律大学等在会晤期间分别签署合作协议。(完)
图说1:中越司法行政部门首次边境会晤开幕式现场(6月28日摄)。新华社记者 殷刚 摄
图说2:中国广西壮族自治区司法厅与越南广宁省、谅山省、高平省、河江省司法厅在开幕式上签署协议(6月28日摄)。新华社记者 殷刚 摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.