Connect with us

North America

ထရမ့်က ဖက်ဒရယ်ဘဏ်ဥက္ကဋ္ဌ ပါဝဲလ်အား “ချက်ချင်းနုတ်ထွက်ရန်” တောင်းဆို

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီတွင် ဖက်ဒရယ်ဘဏ်ဥက္ကဋ္ဌ ဂျရုမ်း ပါဝဲလ် သတင်းစာရှင်းလင်းပွဲ ကျင်းပနေပုံကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဖက်ဒရယ်ဘဏ် ဥက္ကဋ္ဌ ဂျရုမ်း ပါဝဲလ်အား ရာထူးမှ “ချက်ချင်းနုတ်ထွက်ရန်” ဇူလိုင် ၂ ရက်တွင် တောင်းဆိုလိုက်သည်။
၎င်း၏ လူမှုကွန်ရက် Truth Social တွင် တင်ခဲ့သည့် ပို့စ်တစ်ခု၌ ထရမ့်က ဖက်ဒရယ်အိမ်ရာဘဏ္ဍာရေးအေဂျင်စီအကြီးအကဲ ဘီလ်ပုလ်တီ၏ မှတ်ချက်များနှင့်ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်ကို လင့်ခ်ချိတ်ပြီးဖော်ပြခဲ့သည်။ ပုလ်တီသည် ပါဝဲလ်၏ နိုင်ငံရေးဘက်လိုက်မှုများနှင့် အထက်လွှတ်တော်ကို လိမ်လည်မှုများအတွက် ကွန်ဂရက်မှ စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့သူဖြစ်သည်။
ထရမ့်သည် ပါဝဲလ်အား လာမည့်နှစ်တွင် ၎င်း၏ရာထူးသက်တမ်း မကုန်ဆုံးမီ ရာထူးမှ ထုတ်ပယ်မည်ဟု ယခင်က ခြိမ်းခြောက်ခဲ့ဖူးပြီး အတိုးနှုန်း မဖြတ်တောက်မှုများအတွက် ဖက်ဒရယ်ဘဏ်ဥက္ကဋ္ဌ ပါဝဲလ်ကို အကြိမ်ကြိမ် ပြစ်တင်ဝေဖန်ခဲ့ကြောင်း သိရသည်။ (Xinhua)
……………………
(English Version)
Trump demands Fed’s Chair Powell “resign immediately”
NEW YORK, July 2 (Xinhua) — U.S. President Donald Trump on Wednesday demanded Federal Reserve Chair Jerome Powell “resign immediately.”
In a post on his social platform Truth Social, Trump linked to an article about comments from Bill Pulte, head of the Federal Housing Finance Agency, who called on Congress to investigate Powell over his alleged political bias and deception of the Senate.
Trump has previously threatened to remove Powell from his position before his term expires next year, repeatedly lambasting the Fed chair for not cutting interest rates.
Federal Reserve Chair Jerome Powell holds a press conference in Washington, D.C., the United States, Sep. 20, 2023. (Photo by Aaron Schwartz/Xinhua)