Africa & Middle East
“အသက်စွန့်ရတာက ဂျုံမှုန့်တစ်ထုပ်အတွက်ပါ၊ ဒါပေမဲ့ လက်ဗလာနဲ့ ပြန်ခဲ့ရတယ်”

ဂါဇာ၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
ညဉ့်သန်းခေါင်ယံအချိန် ပါလက်စတိုင်းသားများစွာက ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းရှိ ကူညီရေးပစ္စည်းများ ခွဲဝေပေးရာနေရာတစ်ခု၌ စုစည်းနေကြသည်။ ၎င်းအနက် အချို့သည် အပျက်အစီများကြား၌ ခွေနေသူ၊ မြေပြင်ပေါ်တွင် တိုက်ရိုက်တုံးလုံးလှဲနေပြီး ကျောပိုးအိတ် သို့မဟုတ် မိမိလက်မောင်းဖြင့် ခေါင်းအုံးအုံးနေသူများ ရှိသည်။ ၎င်းတို့သည် ကူညီကယ်ဆယ်ရေးပစ္စည်းအချို့ ရယူနိုင်ရန် မျှော်လင့်ချက်လေးဖြင့်သာ အနီးတစ်ဝိုက်ရှိ နေရပ်စွန့်ခွာသူများစခန်းမှ ဤနေရာသို့ လာရောက်ခဲ့ကြခြင်းဖြစ်သည်။
“ကျွန်တော်တို့အတွက်ကတော့ ဂျုံမှုန့်က အသက်ပဲ။ ဂျုံမှုန့်တစ်အိတ်အတွက် ကျွန်တော်တို့က ဒီဒုက္ခအခက်အခဲတွေကို မဖြစ်မနေ သည်းခံရပါတယ်” ဟု အသက် ၄၇ နှစ်အရွယ် ပါလက်စတိုင်း ဒေသခံပြည်သူ အာရှပ် ဟာဇာလာက ဆင်ဟွာသတင်းထောက်အား ပြောကြားခဲ့သည်။
မေ ၂၇ ရက်မှစ၍ အမေရိကန်နှင့် အစ္စရေးတို့ ပံ့ပိုးပေးသည့် ပုဂ္ဂလိကအဖွဲ့ “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သည် ကုလသမဂ္ဂအဖွဲ့အစည်းကို ဖယ်ရှောင်ကာ ဂါဇာကမ်းမြောင်ဒေသ အကူအညီပစ္စည်းများ ခွဲဝေမှုကို တစ်ဖက်သတ် “လက်လွှဲရယူ” ခဲ့သည်။ ဇွန်လမှစ၍ အဆိုပါပစ္စည်းများ ခွဲဝေရာနေရာ အနီးတစ်ဝိုက်၌ အစားအစာရယူသူများကို အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးသည့်ဖြစ်ရပ်များ မကြာခဏဖြစ်ပွားခဲ့သည်။
“ကျွန်တော်က ‘ဂျုံမှုန့်သတ်ဖြတ်မှု’ ထဲမှာ ဒဏ်ရာရဖူးတယ်။ ဒဏ်ရာရထားရင်တောင် ကျွန်တော်က မိသားစုဝင်တွေအတွက် တစ်ကြိမ်ပြီးတစ်ကြိမ် အစားအစာယူပေးရမှာပါ” ဟု အာရှပ် ဟာဇာလာက ဆိုသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာတွင် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ကြိမ်ဖြစ်ပွားသည့်အချိန်မှစ၍ ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး စစ်ရေးလှုပ်ရှားမှုကြောင့် ပါလက်စတိုင်းသားပေါင်း ၅၇,၀၀၀ ကျော် သေဆုံးကာ ၁၃၅,၀၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဌာန၏ ဇူလိုင် ၃ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်အရ သိရသည်။
မလှမ်းမကမ်းနေရာရှိ အစ္စရေးစစ်တပ် ဗုံးကြဲခဲ့သည့်နေရာမှာမူ မီးလောင်ကျွမ်းနေဆဲပင်။ “ဒီနေရာက အရမ်းအန္တရာယ်များတယ်။ ဒရုန်းတွေထွက်လာပြီဆို ကျွန်တော်တို့က ကျောက်ဆောင် ဒါမှမဟုတ် ပုန်းခိုလို့ရတဲ့ ပစ္စည်းတွေအနောက်မှာ ပုန်းခိုနေရတယ်။ အမြောက်ကျည်ဆန်စပစ်ပြီဆိုတာနဲ့ ကျွန်တော်တို့က မြေပြင်မှာ ပြားပြားဝပ်လှဲနေရတယ်” ဟု အာရှပ် ဟာဇာလာက ပြောကြားခဲ့သည်။
အချိန်က ညဉ့်သန်းခေါင်ယံကျော်နေပြီဖြစ်သည်။ လူအများက ကူညီရေးပစ္စည်းများ ရောက်ရှိလာမှုကို စောင့်ဆိုင်းမျှော်လင့်နေကြဆဲပင်။ ရုတ်တရက် မလှမ်းမဝေးနေရာ၌ ကျယ်လောင်သောမြည်သံကြီး ပေါ်ထွက်လာသည်။ မူလက စကားစမြည်ပြောနေသော သို့မဟုတ် အိပ်စက်နေသော ပြည်သူများက အလျှိုလျှိုထပြေးရင်း လူစုမကွဲစေရန် အဖော်၏အမည်များကို အော်ခေါ်နေကြသည်။ အမှောင်ထုထဲတွင် အရာအားလုံး ပရမ်းပတာဖြင့် ထိတ်လန့်သံများကိုလည်း ဟိုဟိုဒီဒီ ကြားနေရသည်။
မည်မျှကြာသွားမည်ပင်မသိ၊ နောက်ဆုံးပြန်လည်တိတ်ဆိတ်သွားသည်။
အာရှပ် ဟာဇာလာက နံနက် ၅ နာရီအထိ စောင့်ခဲ့သော်လည်း အကူအညီပစ္စည်းများ ရောက်မလာခဲ့ပေ။ မတတ်သာတော့သည့်အဆုံး ၎င်းအပြန်လမ်းခရီးစခဲ့ရသည်။ “ကျွန်တော်တို့က အသက်စွန့်ရတာက ဂျုံမှုန့်တစ်ထုပ်အတွက်ပါ၊ ဒါပေမဲ့ လက်ဗလာနဲ့ ပြန်ခဲ့ရတယ်။ ကလေးတွေကို ဘယ်လိုရှင်းပြရမလဲ ကျွန်တော်မသိဘူး၊ ဘယ်လိုနှစ်သိမ့်ရမလဲဆိုတာလည်း ကျွန်တော် မသိတော့ဘူး” ဟု ၎င်းက ဆိုသည်။
“ဒါက ကူညီတာမဟုတ်ဘူး။ ဒါကသေဆုံးတာ၊ ဖျက်ဆီးတာ၊ ကြောက်လန့်တာ၊ ငတ်မွတ်တာပါ။ အကူအညီပစ္စည်းတွေ ကုလသမဂ္ဂလမ်းကြောင်းကနေတစ်ဆင့် ဂါဇာဒေသကို ရောက်ရှိလာပြီး ကျွန်တော်တို့လက်ထဲ ခွဲဝေပေးဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု အာရှပ် ဟာဇာလာက ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့တွင် ပါလက်စတိုင်းသားများက ကူညီရေးပစ္စည်းများ ရယူနေသည်ကို ဇွန် ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့ရှိ ဆေးရုံတစ်ရုံတွင် အစ္စရေးစစ်တပ် တိုက်ခိုက်မှုကြောင့် သေဆုံးသူများအတွက် ပါလက်စတိုင်းသားများ ဂါရဝပြုနေသည်ကို ဇွန် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့ ကမ်းရိုးတန်းဒေသတွင် တိုက်ခိုက်ခံရသော ကော်ဖီဆိုင်အား သွားရောက်ကြည့်ရှုနေသူများကို ဇွန် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
———————
(Chinese Version)
现场直击|“冒生命危险只为一袋面粉,却空手而归”
新华社加沙7月3日电 现场直击|“冒生命危险只为一袋面粉,却空手而归” 新华社记者黄泽民 萨娜·卡迈勒
深夜时分,不少巴勒斯坦人聚集在加沙地带北部的一处援助物资分发点,他们中有人蜷缩在废墟旁,有人直接躺在地上,头枕着背包或自己的手臂。他们从附近的流离失所者营地来到这里,只希望能领到一些救助物资。
“对我们而言,面粉就是生命。为了一袋面粉,我们不得不忍受所有这些艰难困苦。”47岁的巴勒斯坦居民阿什拉夫·赫尔扎拉对新华社记者说。
5月27日以来,美国和以色列支持的私营组织“加沙人道主义基金会”绕开联合国机构,单方面“接管”加沙地带援助物资分发。6月以来,这些物资分发点附近频频发生以色列军人开枪打死领取食物者的事件。
“我在‘面粉杀戮’中受过伤,但即便带伤,我也必须一次次为家人领取食物。”赫尔扎拉说。
据巴勒斯坦加沙地带卫生部门3日发布的数据,2023年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超5.7万巴勒斯坦人死亡、逾13.5万人受伤。
不远处,以军轰炸过的地方还在燃烧。“这片区域非常危险,如果无人机出现,我们必须躲在岩石或任何可躲避的物体后面。如果炮击开始,我们得平躺在地上。”赫尔扎拉说。
时间已过午夜,人们还在盼着援助物资到来。突然不远处传来巨响,原本还在聊天或睡觉的民众纷纷站起来奔跑,呼喊同伴的名字以防走散。黑暗中一片混乱,惊恐的声音此起彼伏……
不知过了多久才归于平静。
赫尔扎拉等到凌晨5点左右,援助物资还是没来。他无奈地往回走。“我们冒着生命危险只为一袋面粉,却空手而归。我不知道该如何向孩子们解释,也不知道如何安慰他们。”他说。
“这不是援助。这是死亡,是破坏,是恐惧,是饥饿。我们希望援助物资能通过联合国渠道进入加沙地带并分发到我们手中。”赫尔扎拉说。(完)
1、2:6月26日,巴勒斯坦人在加沙城领取援助物资。新华社发(里泽克·阿卜杜勒贾瓦德摄)
3:6月25日,巴勒斯坦人在加沙城一所医院悼念以军袭击中的遇难者。新华社发(马哈茂德·扎基摄)
4:6月30日,人们在加沙城沿海地区查看遭袭的咖啡馆。新华社发(里泽克·阿卜杜勒贾瓦德摄)