Connect with us

China

၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့နိုင်ငံများ ရုပ်ရှင်ပွဲတော် ရုပ်ရှင်ဈေးကွက် စတင်ဖွင့်လှစ်ကျင်းပ

တရုတ်နိုင်ငံ ချုံချင့်မြို့ ရုံချွမ်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ဧည့်သည်တော်များက တရုတ်ရုပ်ရှင် သိပ္ပံနည်းပညာကုမ္ပဏီ၏ VR ရုပ်ရှင်အား ရှုစားနေသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
၂၀၂၅ ခုနှစ် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) နိုင်ငံများ ရုပ်ရှင်ပွဲတော် ရုပ်ရှင်ဈေးကွက် ဖွင့်ပွဲအခမ်းအနားနှင့် ရုပ်ရှင်သိပ္ပံနည်းပညာရလဒ် ပြပွဲ စတင်ခြင်းအခမ်းအနားကို ဇူလိုင် ၄ ရက်တွင် တရုတ်နိုင်ငံ ချုံချင့်မြို့ရှိ ရုံချွမ်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ကျင်းပခဲ့သည်။ အခမ်းအနား၌ ရုရှား၊ ဘီလာရုဇ်၊ ပါကစ္စတန် စသည့် SCO နိုင်ငံများမှ ရုပ်ရှင်အဖွဲ့အစည်း ကိုယ်စားလှယ်များက ဗီဒီယိုဖြင့် မိမိနိုင်ငံ ရုပ်ရှင်လုပ်ငန်းအကြောင်း မိတ်ဆက်ခဲ့ကြသည်။ တရုတ်နိုင်ငံပြည်တွင်းမှ ထိပ်တန်း ရုပ်ရှင် သိပ္ပံနည်းပညာ ကုမ္ပဏီများ ၄၀ ကျော်က “ရုပ်ရှင်+သိပ္ပံနည်းပညာ” အကြောင်းအရာကို အဓိကထားကာ AI ၊ VR ရိုက်ကူးမှု၊ လှုပ်ရှားမှု ဖမ်းယူရိုက်ကူးခြင်း၊ ဒစ်ဂျစ်တယ်လူသား စသည့် ရှေ့ပြေးရလဒ်များအား တစ်စုတစ်စည်းတည်း တင်ဆက်ပြသခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ချုံချင့်မြို့ ရုံချွမ်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ တရုတ်ရုပ်ရှင် သိပ္ပံနည်းပညာကုမ္ပဏီက ဧည့်သည်တော်များအား “လူတစ်ယောက် မျက်နှာအသွင်တစ်ထောင်” AI နည်းပညာအား တင်ဆက်ပြသထားသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံ ချုံချင့်မြို့ ရုံချွမ်း နိုင်ငံတကာ ကွန်ဗင်းရှင်းနှင့် ပြပွဲစင်တာ၌ ဧည့်သည်တော်များသည် တရုတ်ရုပ်ရှင် သိပ္ပံနည်းပညာကုမ္ပဏီ၏ VR ရိုက်ကူးရေး နည်းပညာအား လက်တွေ့ခံစားနေသည်ကို ဇူလိုင် ၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

—————–
(Chinese Version)
2025上合组织国家电影节电影市场开幕
新华社照片,重庆,2025年7月4日
当日,2025上海合作组织国家电影节电影市场开幕式及电影科技成果展览启动活动在重庆永川国际会展中心举行。据悉,现场有来自俄罗斯、白俄罗斯、巴基斯坦等多个上合组织国家的电影机构代表通过视频推介本国电影产业,40余家国内一线电影科技企业聚焦“电影+科技”主题,集中呈现AI、虚拟拍摄、动作捕捉、数字人等前沿成果。
1、7月4日,重庆永川国际会展中心,嘉宾观看中国电影科技企业的虚拟影片。 新华社记者 陈诚 摄
2、7月4日,重庆永川国际会展中心,中国电影科技企业为嘉宾展示“一人千面”AI技术。新华社记者 陈诚 摄
3、7月4日,重庆永川国际会展中心,嘉宾体验中国电影科技企业的虚拟拍摄技术。新华社记者 陈诚 摄