International Organizations
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ စုံစမ်းစစ်ဆေးရေး ဝန်ထမ်းများ အီရန်မှ ထွက်ခွာသွားပြီဖြစ်

ဗီယင်နာ၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ၏ စုံစမ်းစစ်ဆေးရေး ဝန်ထမ်းများသည် ဇူလိုင် ၄ ရက်တွင် အီရန်မှ ဘေးကင်းလုံခြုံစွာ ထွက်ခွာ၍ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ရှိ ရုံးချုပ်သို့ ပြန်သွားပြီဖြစ်ကြောင်း IAEA က ဇူလိုင် ၄ ရက်တွင် လူမှုမီဒီယာ၌ ကြေညာချက် ထုတ်ပြန် ပြောကြားခဲ့သည်။
မကြာသေးမီက စစ်ရေးပဋိပက္ခဖြစ်ပွားသည့် ကာလအတွင်း အဆိုပါအဖွဲ့သည် အီရန်နိုင်ငံ မြို့တော်တီဟီရန်၌ တောက်လျှောက်ရှိခဲ့သည်ဟု အဆိုပါကြေညာချက်က ဆိုထားသည်။
IAEA ညွှန်ကြားရေးမှူးချုပ် Rafael Grossi က ကြေညာချက်တွင် စစ်ဆေးအတည်ပြုမှုအား ပြန်လည်ဖော်ဆောင်သည့် အရေးပါမှုကို ထပ်မံပြောကြားခဲ့သည်။ အီရန်အပေါ် စောင့်ကြည့်မှုနှင့် စစ်ဆေးအတည်ပြုမှုအား ဆောလျင်စွာ ပြန်လည်စတင်ရန်အတွက် ဖြစ်နိုင်ခြေရှိသည့် နည်းလမ်းအား IAEA နှင့် အီရန်တို့ ဆွေးနွေးသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အီရန်သည် ဇွန် ၂၅ ရက်တွင် ဥပဒေကြမ်းကို အတည်ပြု၍ အီရန်နှင့် IAEA ၏ ပူးပေါင်းဆောင်ရွက်မှုကို ယာယီဆိုင်းငံ့ခဲ့သည်။ အဆိုပါဥပဒေကြမ်းတွင် အီရန်၏ နျူကလီးယားအဆောက်အဦ ဘေးကင်းလုံခြုံမှုနှင့် အီရန်က နျူကလီးယားစွမ်းအင်အား ငြိမ်းချမ်းစွာအသုံးပြုပိုင်ခွင့်ကို အာမခံပေးနိုင်ပြီး အီရန်၏ အဆင့်မြင့် အမျိုးသားလုံခြုံရေးကောင်စီ၏ ခွင့်ပြုချက်ရရှိထားသည်မှလွဲ၍ IAEA က စောင့်ကြည့်လေ့လာသူအနေဖြင့် အီရန်ပြည်တွင်းသို့ ဝင်ရောက်ပြီး စစ်ဆေးအတည်ပြုမှုလုပ်ဆောင်ခြင်းအား တားမြစ်လိုက်သည်။ ထို့နောက် အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်က အဆိုပါဥပဒေကြမ်းအား ခွင့်ပြုခဲ့ကြောင်း သိရသည်။ (Xinhua)
——————-
(Chinese Version)
国际原子能机构调查人员已离开伊朗
新华社维也纳7月4日电(记者孟凡宇 于涛)国际原子能机构4日在社交媒体发表声明说,该机构调查人员团队当天已安全离开伊朗,返回位于奥地利维也纳的总部。
声明说,在近期的军事冲突期间,该团队一直留在伊朗首都德黑兰。
国际原子能机构总干事格罗西在声明中重申恢复核查的重要性。他说,国际原子能机构与伊朗应讨论尽快恢复对伊朗进行监督和核查的可行方式。
伊朗议会6月25日通过法案,暂停伊朗与国际原子能机构的合作。该法案禁止国际原子能机构观察员进入伊朗境内进行核查,除非能够保障伊朗核设施安全以及伊朗和平利用核能的权利,并且需要得到伊朗最高国家安全委员会批准。伊朗总统佩泽希齐扬随后批准了这一法案。(完)