Europe
ချဲလ်ဆီးအသင်းက ဒေါ့မွန်မှ အင်္ဂလန်တောင်ပံကစားသမား ဂစ်တင်စ်ကို ခေါ်ယူ

လန်ဒန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ချဲလ်ဆီးအသင်းသည် နွေရာသီ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ဆက်လက်လှုပ်ရှားခဲ့ပြီး အင်္ဂလန်တောင်ပံကစားသမား ဂျေမီ ဂစ်တင်စ် (Jamie Gittens) ကို ဒေါ့မွန်အသင်းမှ ခေါ်ယူခဲ့ကြောင်း ဇူလိုင် ၅ ရက်တွင် ကြေညာခဲ့သည်။
ချဲလ်ဆီးအသင်းသည် အသက် ၂၀ နှစ် အရွယ်ရှိ ဂစ်တင်စ်အား ၂၀၃၂ ခုနှစ် ဇွန်လကုန်အထိ စာချုပ်ချုပ်ဆိုခဲ့ပြီး ကနဦး ပြောင်းရွှေ့ကြေး ပေါင် ၄၈.၅ သန်း (အမေရိကန်ဒေါ်လာ ၆၆.၂၅ သန်း) ပေးချေခဲ့ရကြောင်းသိရသည်။
၎င်းသည် ယခုနှစ် နွေရာသီနွေရာသီအပြောင်းအရွှေ့တွင် အစ်ပ်စ်ဝစ်ချ် (Ipswich) မှ လီယမ် ဒီလက်ပ် (Liam Delap) နှင့် ဘရိုက်တန် (Brighton) မှ ဂျိုအာအို ပက်ဒရို (Joao Pedro) တို့နောက် ချဲလ်ဆီးအသင်းသို့ ရောက်ရှိလာသည့် တတိယမြောက် တိုက်စစ်ကစားသမားဖြစ်သည်။
ပက်ဒရို (Joao Pedro) သည် ယခုသီတင်းပတ်အစောပိုင်းက အမေရိကန်နိုင်ငံ၌ ချဲလ်ဆီးအသင်းနှင့် ပူးပေါင်းခဲ့ပြီး FIFA ကလပ်ကမ္ဘာ့ဖလား၏ ကျန်ရှိနေသေးသော ပွဲစဉ်များတွင် ချဲလ်ဆီးအသင်းအတွက် ကစားခွင့်ရမည်ဖြစ်သော်လည်း ဂစ်တင်စ်မှာမူ ဒေါ့မွန်အသင်းအတွက် ကစားခဲ့ပြီးဖြစ်သောကြောင့် ချဲလ်ဆီးအသင်းအတွက် ယင်းသို့ ကစားနိုင်မည်မဟုတ်ပေ။ ဒေါ့မွန်အသင်းသည် ဇူလိုင် ၅ ရက်တွင် ရီးယဲလ်မက်ဒရစ်နှင့် ကွာတားဖိုင်နယ်ပွဲစဉ် ကစားရမည်ဖြစ်သည်။
ဂစ်တင်စ်သည် တောင်ပံနှစ်ဖက်စလုံးတွင် ကစားနိုင်ပြီး ၂၀၂၁ ခုနှစ်တွင် မန်ချက်စတာစီးတီးအသင်းမှ ဒေါ့မွန်အသင်းသို့ ရောက်ရှိလာပြီးနောက် အသင်းအတွက် ၁၀၇ ပွဲ ပါဝင်ကစားထားသည်။
“အရမ်းကောင်းတဲ့ ခံစားချက်ပါပဲ … ချဲလ်ဆီးလို ကြီးမားတဲ့ကလပ်အသင်းကို ရောက်လာရတာ အရမ်းကောင်းပါတယ်။”
“အသင်းမှာရှိတဲ့ ကစားဖော်တွေဆီကနေ သင်ယူဖို့နဲ့ ဒီအသင်းမှာ ကျွန်တော့်ကိုယ်ကျွန်တော် အစွမ်းကုန်ကြိုးစားဖို့ မစောင့်နိုင်တော့ပါဘူး။ ဒါဟာ အံ့သြစရာကောင်းတဲ့ ခံစားချက်ပါပဲ” ဟု ဂစ်တင်စ်က ချဲလ်ဆီးအသင်းဝက်ဘ်ဆိုက်တွင် ပြောကြားခဲ့သည်။ (Xinhua)
——————————
English Version
Chelsea completes signing of England winger Gittens from Borussia Dortmund
LONDON, July 5 (Xinhua) — Chelsea continued with its movement in the summer transfer market with the club on Saturday announcing the signing of England winger Jamie Gittens from Borussia Dortmund.
The 20-year-old Gittens has agreed a contract until the end of June 2032 and has cost an initial 48.5 million pounds (66.25 million U.S. dollars).
He is the third attacking player to join Chelsea this summer, following Liam Delap from Ipswich and Joao Pedro from Brighton.
Pedro joined up with Chelsea in the USA earlier this week and will be able to play for the club in the remaining rounds of the FIFA Club World Cup, but Gittens won’t be able to do that as he has already appeared for Dortmund, who plays Real Madrid in the quarter-finals later on Saturday.
Gittens can play on either wing and he made 107 appearances for Dortmund after joining from Manchester City in 2021.
“It feels great… It’s a great feeling to join such a big club as Chelsea.”
“I can’t wait to learn from everyone in the team and to push myself to the max here. It’s an amazing feeling,” Gittens said on the Chelsea website.
A young spectator cheers for Chelsea before the Group D match between Chelsea of England and Los Angeles FC of the United States at the FIFA Club World Cup 2025 in Atlanta, the United States, June 16, 2025. (Xinhua/Xu Chang)