Connect with us

Politics, Law & Military

လီချန်နှင့် အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul-Ghei တွေ့ဆုံဆွေးနွေး

ကိုင်ရို၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်သည် အာရပ်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ် Ahmed Aboul-Ghei နှင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၉ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံရာတွင် လီချန်က တရုတ်နိုင်ငံနှင့် အာရပ်နိုင်ငံများသည် အပြန်အလှန် ယုံကြည်အားထားကြသည့် မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းများ ဖြစ်ကြောင်း၊ လက်ရှိတွင် သမ္မတ ရှီကျင့်ဖိန်နှင့် အာရပ်နိုင်ငံ အကြီးအကဲများ၏ မဟာဗျူဟာ ဦးဆောင်မှုအောက်၌ တရုတ်-အာရပ် ဆက်ဆံရေးသည် သမိုင်း၏ အကောင်းဆုံးကာလသို့ ဝင်ရောက်ခဲ့ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများနှင့်ဆက်ဆံရေးကို မြင့်မားသည့် မဟာဗျူဟာရှုထောင့်မှ အစဉ်အမြဲ ရှုမြင်ကာ တိုးတက်အောင် ဆောင်ရွက်လျက်ရှိပြီး အာရပ်နိုင်ငံများ၏ တရားမျှတရေး လုပ်ငန်းကို အခိုင်အမာထောက်ခံသလို အာရပ်နိုင်ငံများ မဟာဗျူဟာကိုယ်ပိုင်ရပ်တည်မှု အားဖြည့်ခြင်း၊ စည်းလုံးညီညွတ်စွာ ကိုယ်ပိုင်အင်အားတောင့်တင်းအောင် ဆောင်ရွက်ခြင်း၊ မိမိနိုင်ငံ၏အခြေအနေနှင့် ကိုက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးလမ်းစဉ် လျှောက်လှမ်းခြင်းကို ထောက်ခံကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာရပ်အဖွဲ့ချုပ်နှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အားဖြည့်သွားလိုကြောင်း၊ အာရပ်နိုင်ငံများနှင့်အတူ မဟာဗျူဟာ အပြန်အလှန်ယုံကြည်မှု တိုးမြှင့်ရန်၊ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်၊ ခေတ်မီအသွင်ပြောင်းရေး လက်တွဲအတူတွန်းအားပေးရန်၊ ပို၍ အဆင့်မြင့်သည့် တရုတ်-အာရပ် အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

နှစ်ဖက်အနေဖြင့် ယဉ်ကျေးမှုတွေ့ဆုံဆွေးနွေးခြင်းနှင့် လူမှုယဉ်ကျေးမှုဖလှယ်ရေးများကို အားဖြည့် ဆောင်ရွက်ရမည်ဖြစ်ရာ လူငယ်၊ တတ်သိပညာရှင်များအဖွဲ့ (think tank )၊ အဆင့်မြင့်ပညာရေး တက္ကသိုလ်ကျောင်းများ၊ ယဉ်ကျေးမှုခရီးသွားလာမှု စသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းအောင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ လူပုဂ္ဂိုလ်သွားလာမှုအား အဆင်ပြေလွယ်ကူ ချောမွေ့စေသည့် အစီအမံများကို ပိုမိုဖော်ဆောင်ရန် ဆွေးနွေးကာ ပြည်သူချင်းချစ်ကြည်ရင်းနှီးမှု၊ ပြည်သူချင်း စိတ်နှလုံးယှက်နွှယ်မှုကို မြှင့်တင်ရမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများနှင့်အတူ ကုလသမဂ္ဂ၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO)၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)၊ G20 စသည့် ပလက်ဖောင်းများတွင် ဆွေးနွေးညှိနှိုင်းမှုများကို အားဖြည့်လျက် တူညီသော ဆန္ဒ၊ တူညီသောအသံကို ပြသကာ ပို၍ တရားမျှတပြီး ကျိုးကြောင်းဆီလျော်သည့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုစနစ်ကို တွန်းအားပေး တည်ဆောက်သွားလိုကြောင်း၊ တရုတ်-အာရပ် ဆက်ဆံမှု တိုးတက်ရေး တွန်းအားပေးရန်အတွက် အာရပ်အဖွဲ့ချုပ်အနေဖြင့် အရေးကြီးသည့်အခန်းကဏ္ဍမှ ဆက်လက်ပါဝင်ကာ လာမည့်နှစ် ဒုတိယအကြိမ်မြောက် တရုတ်-အာရပ် ထိပ်သီးအစည်းအဝေးကို အတူတကွ ကောင်းမွန်စွာ ကျင်းပသွားမည်ဟု မျှော်လင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

Ahmed Aboul-Ghei က တရုတ်နိုင်ငံသည် အာရပ်နိုင်ငံများ၏ မိတ်ဆွေကောင်း၊ မိတ်ဖက်ကောင်းဖြစ်ကြောင်း၊ အာရပ်-တရုတ် ဆက်ဆံရေး တိုးတက်မှု အရှိန်အဟုန်ကောင်းမွန်ရာ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုသည် ကြွယ်ဝသော ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။

အာရပ်ဘက်က တရုတ်တစ်နိုင်ငံတည်းမူဝါဒကို အခိုင်အမာလက်ကိုင်ထားသလို သမ္မတ ရှီကျင့်ဖိန် အဆိုပြုသည့် “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီး သုံးရပ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဧရာမ ဖွံ့ဖြိုးတိုးတက်ရေး အောင်မြင်မှုရရှိသည့်အပေါ် အာရပ်ဘက်က ဝမ်းမြောက်ဂုဏ်ပြုကြောင်း၊ အာရပ်နိုင်ငံများ လူမှုစီးပွားတိုးတက်ရေးအတွက် တရုတ်နိုင်ငံ၏ ပံ့ပိုးမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေး အပြန်အလှန် ယုံကြည်မှု နက်ရှိုင်းရန်၊ အပြန်အလှန် ခိုင်မာစွာ ထောက်ခံအားပေးရန်၊ တရုတ်-အာရပ် ပူးပေါင်းဆောင်ရွက်မှုဖိုရမ် မူဘောင်အောက်တွင် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ လူမှုယဉ်ကျေးမှု စသည့် ကဏ္ဍ ကူးလူဖလှယ် ပူးပေါင်းဆောင်ရွက်မှုများ နက်ရှိုင်းအောင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း၊ အာရပ်ဘက်က တရုတ်နိုင်ငံနှင့်အတူ ပထမအကြိမ် တရုတ်-အာရပ် ထိပ်သီးအစည်းအဝေး ရလဒ်များကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားပြီး လာမည့်နှစ် ဒုတိယအကြိမ် ထိပ်သီးအစည်းအဝေးကို အတူတကွ ကောင်းမွန်စွာ ကျင်းပသွားလိုကြောင်း၊ ကုလသမဂ္ဂ စသည့် ဘက်ပေါင်းစုံ ပလက်ဖောင်းတွင် အာရပ်နိုင်ငံများအပေါ် တရုတ်နိုင်ငံ၏ အစဉ်တစိုက် အားပေးထောက်ခံမှုအား အာရပ်ဘက်က အထူးတန်ဖိုးထားချီးကျူးပါကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ဘက်ပေါင်းစုံ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို အားဖြည့်ကာ နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို အတူကာကွယ်၍ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
————————————
(Chinese Version)
李强会见阿拉伯国家联盟秘书长盖特
新华社开罗7月9日电(记者陈梦阳 王慧慧)当地时间7月9日,国务院总理李强在开罗会见阿拉伯国家联盟秘书长盖特。
李强表示,中国和阿拉伯国家是彼此信赖的好朋友、好伙伴。当前,在习近平主席和阿拉伯国家元首战略引领下,中阿关系进入历史最好时期。中方始终从战略高度看待和发展同阿拉伯国家关系,坚定支持阿拉伯国家正义事业,支持阿拉伯国家加强战略自主、团结自强,走符合自身国情的发展道路。中方愿加强同阿盟的友好关系,同阿拉伯国家增进战略互信,深化各领域合作,携手推进现代化,构建更高水平的中阿命运共同体。
李强指出,中方愿同阿方进一步对接发展战略,继续高质量共建“一带一路”,拓展能源、经贸、投融资、航空航天等领域合作,在新能源、人工智能、数字经济、蓝色经济等新兴领域深挖合作潜力,统筹推进标志性旗舰项目和“小而美”惠民工程,更好惠及双方人民。双方要加强文明对话和人文交流,深化青年、智库、高校、文化旅游等合作,探讨实施更多便利人员往来举措,促进国民相亲、民心相通。中方愿同阿方在联合国、上合组织、世贸组织、二十国集团等平台加强沟通协调,展示共同意志、发出共同声音,推动构建更加公正合理的全球治理体系。希望阿盟继续为推动中阿关系发展发挥重要作用,共同办好明年第二届中阿峰会。
盖特表示,中国是阿拉伯国家的好朋友、好伙伴,阿中关系发展势头良好,务实合作取得丰硕成果。阿方坚定支持一个中国原则,支持习近平主席提出的“一带一路”倡议和三大全球倡议。阿方祝贺中国取得巨大发展成就,感谢中方对阿拉伯国家经济社会发展提供的支持,愿同中方深化政治互信,坚定相互支持,在中阿合作论坛框架下深化贸易、投资、人文等领域交流合作。阿方愿同中方继续落实首届中阿峰会成果,共同办好明年第二届峰会。阿方高度赞赏中方在联合国等多边平台对阿拉伯国家一贯的支持,愿同中方加强多边协作,共同维护多边主义,促进世界和平发展。(完)
1. 当地时间7月9日,国务院总理李强在开罗会见阿拉伯国家联盟秘书长盖特。 新华社记者 刘卫兵 摄