China
ရေကြီးမှု ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် တိုက်တွန်း

ရှီကျားကျွမ်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယဝန်ကြီးချုပ် ကျန်းကော်ချင်းက ပြည်သူလူထုနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ရေကြီးမှု ထိန်းချုပ်ရေးနှင့် သဘာဝဘေးအန္တရာယ်လျှော့ချရေး လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်ရန် လိုအပ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို၏ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်သူ ကျန်းသည် ဇူလိုင် ၉ ရက်မှ ၁၀ ရက် အထိ ဟဲနန်နှင့် ဟဲပေပြည်နယ်များသို့ သွားရောက်ခဲ့ပြီး ရေကြီးမှုထိန်းချုပ်ရေးစီမံကိန်း ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို စစ်ဆေးခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံ၏ အချို့ဒေသများတွင် မကြာသေးမီက မိုးသည်းထန်စွာရွာသွန်းမှု၊ တောင်ကျရေကြီးမှုနှင့် မြေပြိုမှုများ ကြုံတွေ့ခဲ့ရကြောင်း ထောက်ပြပြောကြားပြီး ကျန်းက သက်ဆိုင်ရာဌာနများအနေဖြင့် ဘေးဒဏ်သင့်ဒေသများတွင် ကူညီကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်ကျရောက်ပြီးနောက် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်ရမည်ဟု ပြောကြားခဲ့သည်။
ဖြစ်နိုင်ခြေရှိသော အရေးပေါ်အခြေအနေများကို စောစီးစွာသိရှိတုံ့ပြန်နိုင်ရန် ကြိုတင်ကာကွယ်မှုအစီအမံများ ပြုလုပ်ရန်လည်း ၎င်းက တိုက်တွန်းခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် ရေကြီးမှုကာကွယ်ရေး အရေးကြီးကာလနှင့် တိုင်ဖွန်းမုန်တိုင်းများ ဝင်ရောက်သော ရာသီသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဒေသန္တရအစိုးရများနှင့် သက်ဆိုင်ရာဌာနများအနေဖြင့် အထူးသဖြင့် အောက်ခြေအဆင့်တွင် အဆိုးဆုံးအခြေအနေများအတွက် အပြည့်အဝ ပြင်ဆင်ထားရမည်ဟု ကျန်းက ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
…………………
(English Version)
Vice premier urges continued efforts in China’s flood control, disaster reduction
SHIJIAZHUANG, July 10 (Xinhua) — Chinese Vice Premier Zhang Guoqing has stressed the need to continue working on flood control and disaster reduction to fully ensure the safety of people and their property.
Zhang, also a member of the Political Bureau of the Communist Party of China Central Committee, went to provinces of Henan and Hebei from Wednesday to Thursday to examine preparatory work at a series of flood-control projects.
Noting that parts of China have recently experienced heavy rainfall, mountain floods and mudslides, Zhang said relevant departments must do their utmost to help disaster-stricken areas with relief and post-disaster rebuilding.
He urged prevention measures to be taken to ensure early detection and responses to potential emergencies.
Because the country is entering a critical period for flood prevention and an active season for typhoons, local governments and relevant departments must be fully prepared for extreme scenarios, particularly at the grassroots level, Zhang said.
English Caption
Rescuers evacuate residents in Rongjiang County, southwest China’s Guizhou Province, June 28, 2025. (Xinhua/Liu Xu)