China
တရုတ်နိုင်ငံ၏ နိုင်ငံတကာ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်မှုပမာဏက တစ်ကမ္ဘာလုံးစုစုပေါင်း၏ သုံးပုံတစ်ပုံနီးပါးရှိ

ဟိုင်ခို၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ ပမာဏအကြီးဆုံး ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး သင်္ဘောအဖွဲ့ကို ပိုင်ဆိုင်ထားပြီး ကမ္ဘာလုံးဆိုင်ရာ အကြီးဆုံးဖြစ်သော ကမ္ဘာ့အဆင့်မီ ဆိပ်ကမ်းအုပ်စုကို တည်ဆောက်ပြီးစီးခဲ့ပါသည်။ နိုင်ငံတကာ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးပမာဏသည် တစ်ကမ္ဘာလုံးစုစုပေါင်း၏ သုံးပုံတစ်ပုံနီးပါးရှိပြီး ပင်လယ်သမုဒ္ဒရာစီးပွားရေးပမာဏမှာ စဉ်ဆက်မပြတ်တိုးတက်လျက်ရှိရာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနှင့်ကုန်သွယ်ရေး စဉ်ဆက်မပြတ် တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်ရေးအတွက် ခိုင်မာအားကောင်းသောတွန်းအားကို ဖြည့်ဆည်းပေးခဲ့သည်။
ယင်းမှာ သတင်းထောက်က ဇူလိုင် ၁၁ ရက်တွင် ၂၀၂၅ ခုနှစ် တရုတ်ပင်လယ်ရေကြောင်းနေ့ အဓိကဖိုရမ်နှင့် ပင်လယ်ရေကြောင်းနေ့ လှုပ်ရှားမှုများ စတင်ခြင်း အခမ်းအနားမှ ရရှိခဲ့သည့် သတင်းအချက်အလက်ဖြစ်သည်။
၂၀၂၅ ခုနှစ် ဇူလိုင် ၁၁ ရက်သည် တရုတ်နိုင်ငံ၏ ၂၁ ကြိမ်မြောက် ပင်လယ်ရေကြောင်းနေ့ဖြစ်သလို တရုတ်နိုင်ငံ၌ “ကမ္ဘာ့ပင်လယ်ရေကြောင်းနေ့ (World Maritime Day)” ဖော်ဆောင်သောနေ့လည်း ဖြစ်သည်။ ယခုနှစ် ပင်လယ်ရေကြောင်းနေ့၏ အဓိကခေါင်းစဉ်မှာ “အစိမ်းရောင် ပင်လယ်ရေကြောင်း၊ ဆန်းသစ်မှုဖြင့် အားကောင်းစေရန်ကြိုးပမ်းမှု” ဖြစ်ပြီး အဓိကအခမ်းအနားတွင် ဖိုရမ်၊ ဆွေးနွေးပွဲ၊ အသိပညာပေးယဉ်ကျေးမှုအတွေ့အကြုံစသည့် အမျိုးစုံလင်ကြွယ်ဝသော အခမ်းအနား ၂၀ ကျော်ပါဝင်သည်။ အဓိကဖိုရမ်တွင် ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေး ဖွံ့ဖြိုးတိုးတက်မှုအစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ၂၀၂၅ ခုနှစ် လုံခြုံ၍ သမာဓိရှိသော ရေကြောင်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီများနှင့် သင်္ဘော အမည်စာရင်း၊ ၂၀၂၅ ခုနှစ် ပင်လယ်ရေကြောင်းကဏ္ဍ တစ်နိုင်ငံလုံးဆိုင်ရာ လုပ်သားစံနမူနာများနှင့် ရှေ့ဆောင်လုပ်သားများ အမည်စာရင်း၊ ၂၀၂၄ ခုနှစ် တရုတ်နိုင်ငံ ပင်လယ်ရေကြောင်းအင်စတီကျု (CIN) သိပ္ပံနှင့်နည်းပညာတိုးတက်မှုဆုနှင့် နည်းပညာတီထွင်ဆုရရှိသူ အမည်စာရင်းတို့ကို ထုတ်ပြန်ကြေညာခဲ့သည်။
ပင်လယ်ရေကြောင်းနေ့ လှုပ်ရှားမှုကာလအတွင်း နိုင်ငံတစ်ဝန်းဒေသအသီးသီးတွင် အရောင်အသွေးစုံလင် ကြွယ်ဝသော ခေါင်းစဉ်အလိုက်လှုပ်ရှားမှုများ ကျင်းပကာ လမ်းပန်းဆက်သွယ်ရေး ခိုင်မာအားကောင်းသည့်နိုင်ငံ၊ ပင်လယ်သမုဒ္ဒရာဆိုင်ရာ ခိုင်မာအားကောင်းသည့်နိုင်ငံ အရှိန်မြှင့် တည်ဆောက်ရေးအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်တစ်ရပ် ဖန်တီးပေးရန် ခေတ်သစ်ပင်လယ်ရေကြောင်းစိတ်ဓာတ်ကို တစ်ဆင့်တိုး တိုးမြှင့်ပြီး ပင်လယ်ရေကြောင်းယဉ်ကျေးမှုကို လက်ဆင့်ကမ်း၍ ပြည်သူတစ်ရပ်လုံး၏ ပင်လယ်ရေကြောင်းအသိစိတ်ဓာတ်ကို အားဖြည့်ပေးခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့် တရုတ်နိုင်ငံသည် အစိမ်းရောင် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး ဂေဟအသစ်ကို ဆက်လက်ဖန်တီးသွားပြီး အစိမ်းရောင် ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး မူဝါဒစနစ်ကို အရှိန်မြှင့် တိုးတက်ကောင်းမွန်စေကာ ကာဗွန်ထုတ်လွှတ်မှုစောင့်ကြည့်စိစစ်တိုင်းတာခြင်းစံနှုန်းများ ကောင်းမွန်ပြည့်စုံအောင်ပြုလုပ်မည်ဖြစ်ကြောင်း၊ စွမ်းအင်နည်းပညာပစ္စည်းကိရိယာအသစ်များ သုတေသနပြုထုတ်လုပ်ရေးအား မြှင့်တင်ကာ အစိမ်းရောင် စွမ်းအင်အား လုပ်ငန်းကွင်းဆက် ဖြည့်တင်းမှုကို ကောင်းမွန်ပြည့်စုံအောင် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ စွမ်းအင်သစ်နှင့် သန့်စင်စွမ်းအင်သုံး သင်္ဘောများ ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုမှု အရှိန်မြှင့်ကာ နိုင်ငံတကာ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး စင်္ကြံများ တည်ဆောက်၍ ကမ္ဘာလုံးဆိုင်ရာ ရေကြောင်းသယ်ယူပို့ဆောင်ရေးမှ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးကို မြှင့်တင်သွားမည်ဖြစ်ကြောင်း လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးဝန်ကြီးဌာန ဝန်ကြီး လျိုဝေက အခမ်းအနားတွင် ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ချင်းကျိုးဆိပ်ကမ်း၊ အလိုအလျောက်လုပ်ဆောင်သော ဆိပ်ကမ်းရှိ ကွန်တိန်နာများ သိုလှောင်ထားရှိသည့်နေရာကို ဇူလိုင် ၃ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
我国国际海运量占全球近三分之一
新华社海口7月11日电(记者王存福、叶昊鸣)我国拥有全球规模最大的海运船队,建成了全球最大的世界级港口群,国际海运量占全球近三分之一,海洋经济总量持续攀升,为全球经贸持续稳定发展注入了强劲动力。
这是记者11日从2025年中国航海日主论坛暨航海日活动启动仪式上获得的消息。
2025年7月11日是我国第二十一个航海日,也是“世界海事日”在我国的实施日。今年航海日活动的主题是“绿色航海 向新图强”,主场活动包括论坛、研讨会、科普文化体验等20多项丰富多彩的活动。主论坛发布了2024年中国航运发展报告,公布了2025年度安全诚信航运公司和船舶名单、2025年航海领域全国劳动模范和先进工作者名单、2024年中国航海学会科学技术进步奖和技术发明奖名单。
航海日活动期间,全国各地举行了丰富多彩的主题活动,进一步弘扬新时代航海精神,传承航海文化,增强全民的航海意识,为加快建设交通强国、海洋强国创造良好氛围。
交通运输部部长刘伟在启动仪式上表示,下一步,我国将继续打造绿色航运新生态,加快完善绿色航运政策体系,健全碳排放监测核算标准,推进新型动力技术装备研发,完善绿色能源加注产业链,加快新能源清洁能源船舶规模化应用,推动国际绿色航运走廊建设,促进全球航运减排。(完)
图说1:7月3日,一艘满载集装箱的海轮驶离钦州港(无人机照片)。新华社记者 张爱林 摄
图说2:钦州港集装箱自动化码头的集装箱储放地(7月3日摄,无人机照片)。新华社记者 张爱林 摄