Connect with us

Europe

ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က လာမည့် ၂ နှစ်အတွင်း စစ်ဘက်အသုံးစရိတ် ထပ်တိုးမည်ဟု ကြေညာ

ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Elysee နန်းတော်တွင် ကျင်းပသော ရာထူးတက်ပွဲ အခမ်းအနား၌ သမ္မတ အီမန်နျူရယ် မက်ခရွန် မိန့်ခွန်းပြောကြားနေပုံကို ၂၀၂၂ ခုနှစ်၊ မေ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပါရီ၊ ဇူလိုင် ၁၄ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ သမ္မတ အီမန်နျူရယ် မက်ခရွန် (Emmanuel Macron) က လာမည့်နှစ်နှစ်အတွင်း စစ်ဘက်အသုံးစရိတ် ယူရို ၆.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၇.၆ ဘီလီယံ) ထပ်တိုးချထားပေးမည်ဖြစ်ကြောင်း ဇူလိုင် ၁၃ ရက်တွင် ကြေညာခဲ့သည်။ ရည်ရွယ်ချက်မှာ ၂၀၂၇ ခုနှစ်ရောက်လျှင် နှစ်စဉ် ကာကွယ်ရေးအသုံးစရိတ်ကို ယူရို ၆၄ ဘီလီယံအထိ ရောက်ရှိရန်ဖြစ်သည်။
နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့များကို မိန့်ခွန်းပြောကြားရာတွင် မက်ခရွန်က ပြင်သစ်နိုင်ငံ၏ စစ်ရေးဦးတည်ချက်နှင့် မဟာဗျူဟာမြောက် အမြင်ကို ဖော်ပြခဲ့ပြီး စစ်ဘက်အသုံးစရိတ်သည် “ကျွန်ုပ်တို့၏ ပြည်တွင်းအသားတင်ထုတ်ကုန်၊ ကျွန်ုပ်တို့၏ စီးပွားရေးနှင့် ကျွန်ုပ်တို့၏ ဒေသများအတွက် ကြွယ်ဝချမ်းသာမှု၏ အရင်းအမြစ်ဖြစ်ပြီး ဆက်လက်လည်း ဖြစ်နေမည်” ဟု မှတ်ချက်ပြုခဲ့သည်။
၎င်းပြင်သစ်နိုင်ငံ သမ္မတသည် စစ်မှုထမ်းခြင်းဆိုင်ရာ အစီအစဉ်သစ်တစ်ခု ဖန်တီးရန် စူးစမ်းလေ့လာသွားမည့် အစီအစဉ်များကိုလည်း အဆိုပါမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

……………….
(English Version)
Macron announces extra military spending over next two years
PARIS, July 13 (Xinhua) — French President Emmanuel Macron announced on Sunday an additional 6.5 billion euros (7.6 billion U.S. dollars) in military spending to be allocated over the next two years, aiming for annual defense expenditure to reach 64 billion euros by 2027.
In an address to the nation’s armed forces, Macron outlined France’s military direction and strategic vision, and he noted that military spending “is and will continue to be a source of wealth for our gross domestic product, our economy, and our regions.”
The French president also revealed plans to explore the creation of a new national service initiative.
English Caption
France’s President Emmanuel Macron addresses the investiture ceremony at the Elysee Palace, in Paris, France, May 7, 2022. (Xinhua)