China
အာလင်တန်မြို့တွင် ကျင်းပသော ကမ္ဘာ့အမျိုးသမီးဘော်လီဘောလိဂ် (VNL) ပြိုင်ပွဲ၌ တရုတ်အသင်းက အမေရိကန်အသင်းကို တန်ပြန် အနိုင်ယူပြီး လေးပွဲဆက်တိုက် အနိုင်ရရှိ

အာလင်တန် (အမေရိကန်)၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်အမျိုးသမီး ဘော်လီဘောအသင်းသည် ဇူလိုင် ၁၃ ရက်က အမေရိကန်နိုင်ငံ အာလင်တန်မြို့တွင် ယှဉ်ပြိုင်ခဲ့သော ၂၀၂၅ ခုနှစ် ကမ္ဘာ့အမျိုးသမီးဘော်လီဘောလိဂ် (VNL)၌ ကြီးမားသော တန်ပြန် အနိုင်ယူသည့် ကစားကွက်ကောင်းများ ကစားခဲ့သည်။ တရုတ်အသင်းသည် ပထမ ၂ ပွဲ ရှုံးနိမ့်နေသည့် အခြေအနေတွင် ၃-၂ အမှတ်ဖြင့် အမေရိကန်အသင်းကို တန်ပြန် အနိုင်ယူခဲ့ပြီး လေးပွဲဆက်တိုက် အနိုင်ရရှိမှုဖြင့် အဆိုပါမြို့ပွဲပြိုင်များကို အဆုံးသတ်ခဲ့သည်။
အဆိုပါပွဲစဉ်၏ ပထမ ၂ ပွဲတွင် အမေရိကန်အသင်း ကစားချက်များမှာ အရှိန်ပြင်းပြီး ဘောလုံးပုတ်ချက်များမှာလည်း လျင်မြန်၍ အားကောင်းလှပေသည်။ သို့သော် တရုတ်အသင်းသည် ကစားကွက် နည်းဗျူဟာများကို အပြည့်အဝမပြသနိုင်ခဲ့ရာ ရမှတ် ၁၈-၂၅၊ ၂၉-၂၅ ဖြင့် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့သည်။ တတိယပွဲတွင် တရုတ်အသင်းသည် ခက်ခဲသောအခင်းအကျင်းများနှင့် ဆက်လက်ရင်ဆိုင်နေရပြီး နှစ်သင်းလုံး၏ ရမှတ်မှာ တစ်လှည့်စီမြင့်တက်လာပြီး သရေအမှတ် ၁၈ မှတ်စီရပြီးနောက်မှသာလျှင် တရုတ်အသင်းက အသာစီးရခဲ့ရာ ရမှတ် ၂၅-၂၁ ဖြင့် အနိုင်ရရှိခဲ့သည်။
တတိယပွဲတွင် တရုတ်အသင်းက ဇွဲနပဲကို ပြသခဲ့သည်ဟုဆိုရလျှင် စတုတ္ထပွဲတွင် ၎င်းတို့သည် အရှိန်အဟုန်ကို ပြသခဲ့သည်။ ပွဲစတင်သည့်အချိန်မှစ၍ အသာစီးရရှိခဲ့ပြီး အမေရိကန်အသင်း၏ တွဲဖက်ညှိနှိုင်းကစားမှုများကို တိုက်ဖျက်ပြီး အဆက်မပြတ် အသာစီးရယူကာ ရမှတ် ၂၅-၁၆ ဖြင့် အနိုင်အရှုံးအချိုးကို ပြန်လည်ညီမျှအောင် ကစားနိုင်ခဲ့သည်။
အဓိကဖြစ်သော အနိုင်အရှုံးဆုံးဖြတ်ပေးမည့်ပွဲတွင် အသင်းခေါင်းဆောင် ကုန်ရှန်ယွီ ဒဏ်ရာရ၍ ပွဲမှနားခဲ့ခြင်းက တရုတ်အသင်းကို အကျပ်အတည်းအတွင်း ရောက်ရှိစေခဲ့သော်လည်း အသင်းအတွင်းမှ လူငယ်များသည် ဖိအားကို တောင့်ခံနိုင်ခဲ့ပြီး ပြိုင်ဘက်နှင့် ၉ မှတ် သရေမှ ၁၆ မှတ် သရေထိ ကစားနိုင်ခဲ့ရာ နောက်ဆုံးတွင် ရမှတ် ၁၈-၁၆ ဖြင့် အနိုင်ရရှိခဲ့သည်။
ယခုပွဲစဉ်တွင် ဝူမုန့်ကြယ်က တရုတ်အသင်း၏ အမြင့်ဆုံးအမှတ် ၂၇ မှတ်ရရှိခဲ့ပြီး ကျွမ်ယွီဆန်းနှင့် ကုန်ရှန်ယွီတို့သည် ၁၈ မှတ်နှင့် ၁၄ မှတ် အသီးသီးပံ့ပိုးပေးနိုင်ခဲ့သည်။ အမေရိကန်အသင်းနှင့် ယှဉ်ပြိုင်ရခြင်းအပေါ် ၎င်းအနေဖြင့် ဖိအားမရှိကြောင်း၊ ပဥ္စမပွဲတွင် ကုန်ရှန်ယွီ ဒဏ်ရာရ၍ ပွဲမှနားခဲ့စဉ်တွင်လည်း ၎င်းမှာ စိတ်လှုပ်ရှားပူပန်မှုမရှိခဲ့ကြောင်း၊ “အစ်မ မရှိဘူးဆိုရင် ကျွန်မတို့ ကလေးတွေ ရဲရဲရှေ့ဆက်တိုးမယ်၊ ဘာမှ ကြီးကြီးမားမားမရှိပါဘူး” ဟူ၍ ၂၂ နှစ်အရွယ်ရှိသော ကျွမ်ယွီဆန်းက ပြိုင်ပွဲအပြီးတွင် ပြောကြားခဲ့သည်။
အမေရိကန်၌ ယှဉ်ပြိုင်သော ဤပြိုင်ပွဲများတွင် ဒိုမီနီကန်အသင်းကို ခက်ခက်ခဲခဲ အနိုင်ရခဲ့ရာမှ ဂျာမနီအသင်းကို တန်ပြန်အနိုင်ရသည်အထိ၊ ထို့နောက် အမေရိကန်အသင်းနှင့်ကစားရာ၌ အခြေအနေဆိုးများနှင့် ရင်ဆိုင်ရသည်ပင် စိတ်ငြိမ်ငြိမ်နှင့် ကစားနိုင်ခဲ့ခြင်းဖြင့် တရုတ်အမျိုးသမီးလူငယ် ဘော်လီဘောအသင်းသည် ခက်ခဲသည့်အခြေအနေတွင်ပင် လုံးဝလက်မလျှော့ဘဲ ကျေနပ်ဖွယ်ရာရလဒ်တစ်ခုကို ပြသနိုင်ခဲ့သည်။ တရုတ်အသင်း နည်းပြချုပ် ကျောက်ယုံက “အသင်းသူတွေက ပြိုင်ပွဲတိုင်းမှာ အစွမ်းကုန်ကြိုးစားအားထုတ်ခဲ့ကြတယ်။ မလှုပ်မယှက်နိုင်တဲ့ အခြေအနေတော်တော်များများမှာတောင် နောက်ဆုံးမှာ ရအောင်တန်ပြန်ကစားပြီး အနိုင်ရခဲ့ကြတယ်” ဟု ပြောကြားခဲ့သည်။
“ရလဒ်ကို လူတိုင်း မြင်ပြီးကြပါပြီ၊ အသင်းသူတွေ အလွန်ကြိုးစားကြပါတယ်၊ အခက်အခဲရှေ့မှာ ဘယ်တော့မှ လက်မလျှော့တဲ့စိတ်ဓာတ်၊ ပြိုင်ပွဲမှာ အမြဲ အနိုင်မခံအရှုံးမပေး၊ ကြိုးစားရုန်းကန် စိတ်ဓာတ်ကို ပြသခဲ့ကြတယ်” ဟူ၍ ကျောက်ယုံက ပြောကြားခဲ့သည်။
နောက်တစ်ဆင့်အနေဖြင့် တရုတ်အမျိုးသမီးဘော်လီဘောအသင်းသည် နည်းစနစ်ပိုင်း အားကောင်းရန် လိုအပ်ကြောင်း၊ ပထမအနေဖြင့် ဘောလုံးပေး၊ ဘောလုံးဖမ်းခြင်း အဓိကဖြေရှင်းရန်၊ ဒုတိယအနေဖြင့် အသင်းလိုက် ပိတ်ဆို့ကာကွယ်မှုကို အဓိကဖြေရှင်းရန် လိုအပ်ကြောင်း ကျောက်ယုံက ပြောကြားခဲ့သည်။
တရုတ်အသင်း လာမည့် ဖိုင်နယ်၏ “ကြီးမားသောစမ်းသပ်မှု” ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ရည်မှန်းချက်နှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ကျောက်ယုံက “ပြိုင်ပွဲတိုင်းဟာ ကျွန်တော်တို့အတွက် လေ့ကျင့်၊ တိုးတက်ဖို့ အခွင့်အရေးဖြစ်တယ်။ ကျွန်တော်တို့ ဘောလုံးတစ်လုံးစီကို တန်ဖိုးထားပြီး အစွမ်းကုန်ကြိုးစားအားထုတ်သွားမှာပါ” ဟူ၍ ပြောကြားခဲ့သည်။ (Xinhua)

ပြိုင်ပွဲအပြီးတွင် အောင်ပွဲခံနေသော တရုတ်အသင်းအား ဇူလိုင် ၁၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
…………………………………
(Chinese Version)
世界女排联赛阿灵顿站:中国逆转美国豪取四连胜
新华社美国阿灵顿7月13日电(记者徐剑梅)中国女排在13日进行的2025世界女排联赛美国阿灵顿站上演大逆转的好戏,在先失两局的情况下以3:2逆转击败美国队,以四连胜结束本站比赛。
美国队本场前两局打得比较凶猛,扣球速度快、力量沉,而中国队没能发挥出技战术水平,以18:25、19:25连失两局。第三局,中国队依旧面对艰难的局面,两队比分交替上升,直到18平后,中国队才开始占据优势,以25:21扳回一局。
如果说第三局中国队展现了韧劲,那么第四局她们则打出了冲劲。从开局就抢占上风,打乱美国队的配合,不断扩大优势,以25:16将总比分扳平。
关键的决胜局,队长龚翔宇受伤下场让中国队陷入困境,但队中的年轻人顶住了压力,和对手从9平打到16平,最终以18:16获胜。
吴梦洁本场得到中国队最高分27分,庄宇珊和龚翔宇分别贡献18分和14分。22岁的庄宇珊赛后说,对阵美国队,她没有压力。在第五局龚翔宇受伤下场时,她也没有紧张。“既然姐姐不在,我们小孩就冲,有什么大不了的。”
本站比赛,从险胜多米尼加队,到逆转德国队,再到对阵美国队时的临危不乱,年轻的中国女排在逆境中始终不放弃,交出一份令人满意的答卷。中国队主教练赵勇表示:“队员每一场比赛都拼尽了全力,在很多被动情况下,最后完成逆转取胜。”
“收获大家都看到了,队员们非常努力……展现了在困难面前永不放弃的精神、在场上一直顽强拼搏的精神。”赵勇说。
赵勇表示,下一阶段中国女排需要强化技术环节,一是要重点解决接发球,二是要重点解决整体拦防。
中国队接下来将迎来总决赛的“大考”,谈及目标,赵勇说:“每一场比赛,对我们来说都是锻炼提高的机会,我们会拼尽全力珍惜每一个球。”(完)
图说1:7月13日,中国队球员吴梦洁(上)在比赛中扣球。新华社发(陈晨摄)
图说2:7月13日,中国队在比赛后庆祝胜利。新华社发(陈晨摄)