Connect with us

China

ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ် လွှတ်တင်ရေးမစ်ရှင် အပြည့်အဝ အောင်မြင်မှုရရှိ

ဝန်ချန်း (ဟိုင်နန်)၊ ဇူလိုင် ၁၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံက ဇူလိုင် ၁၅ ရက် နံနက်အစောပိုင်းတွင် ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်း၌ ထျန်းကျိုး-၉ (Tianzhou-9) ကုန်တင်အာကာသယာဉ်ကို လွှတ်တင်ခဲ့သည်။

အဆိုပါနေ့ နံနက် ၅ နာရီ ၃၄ မိနစ်တွင် ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ် တင်ဆောင်ထားသော Long March-7 Y10 ပို့ဆောင်ရေးဒုံးပျံကို တရုတ်နိုင်ငံ ဝန်ချန်း အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ပြီး ၁၀ မိနစ်ခန့်အကြာ၌ ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်သည် ဒုံးပျံနှင့် အောင်မြင်စွာ ခွဲထွက်နိုင်ခဲ့ပြီး ကြိုတင်သတ်မှတ်ထားသည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ဝင်ရောက်ခဲ့သည်။ ထို့နောက် အာကာသယာဉ်၏ နေရောင်ခြည်စွမ်းအင်သုံးရွက်လှေပြား ချောမွေ့စွာ ဖြန့်ခဲ့ရာ လွှတ်တင်မှု အပြည့်အဝ အောင်မြင်ခဲ့ကြောင်း သိရသည်။

နောက်ဆက်တွဲအနေဖြင့် ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်သည် ဂြိုဟ်ပတ်လမ်းတွင် လည်ပတ်နေသည့် အာကာသစခန်းပေါင်းစပ်အပိုင်းနှင့် ထိတွေ့ချိတ်ဆက်မှုများ လုပ်ဆောင်သွားမည်ဖြစ်သည်။

ထျန်းကျိုး-၉ ကုန်တင်အာကာသယာဉ်သည် အာကာသယာဉ်မှူးများ ဂြိုဟ်ပတ်လမ်းတွင် နေထိုင်စဉ် အသုံးပြုရန် လိုအပ်သော အသုံးကုန်ပစ္စည်းများ၊ ဒုံးပျံလောင်စာဆီများနှင့် အသုံးချစမ်းသပ်ကိရိယာများ စသည့်ထောက်ပံ့ပစ္စည်းများကို တင်ဆောင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လူတင်အာကာသယာဉ် အေဂျင်စီ (CMSA) ၏ မိတ်ဆက်ပြောကြားမှုအရ သိရသည်။

ယခုအကြိမ်မစ်ရှင်သည် တရုတ်နိုင်ငံ လူတင်အာကာသစီမံကိန်း အာကာသစခန်း အသုံးချမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအဆင့်သို့ ဝင်ရောက်ပြီးနောက် စတုတ္ထအကြိမ်မြောက် ကုန်ပစ္စည်းဖြည့်တင်းရေး မစ်ရှင်ဖြစ်သလို ဤစီမံကိန်း စတင်အတည်ပြုဖော်ဆောင်ချိန်မှစ၍ ဆောင်ရွက်သည့် ၃၆ ကြိမ်မြောက် လွှတ်တင်မှုမစ်ရှင်လည်းဖြစ်ပြီး Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၅၈၄ ကြိမ်မြောက် ပျံသန်းမှုလည်းဖြစ်သည်။ (Xinhua)

 

…………………………………
(Chinese Version)
天舟九号货运飞船发射任务取得圆满成功
新华社海南文昌7月15日电(记者李国利、黎云)我国15日凌晨在文昌航天发射场成功发射天舟九号货运飞船。
当日5时34分,搭载天舟九号货运飞船的长征七号遥十运载火箭,在我国文昌航天发射场点火发射,约10分钟后,天舟九号货运飞船与火箭成功分离并进入预定轨道,之后飞船太阳能帆板顺利展开,发射取得圆满成功。后续,天舟九号货运飞船将与在轨运行的空间站组合体进行交会对接。
据中国载人航天工程办公室介绍,天舟九号货运飞船装载了航天员在轨驻留消耗品、推进剂、应用实(试)验装置等物资。
这次任务是我国载人航天工程进入空间站应用与发展阶段后的第4次货运补给任务,是工程立项实施以来的第36次发射任务,也是长征系列运载火箭的第584次飞行。(完)