Videos
တရုတ်နိုင်ငံတွင်ဆိုလာပြားများကိုတောင်ထိပ်တွင်ခင်းထားကာ နေရောင်ခြည်မှတစ်ဆင့်စွမ်းအင် ထုတ်ယူသုံးစွဲ
ဟေပေ၊ ဇွန် ၂၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံမြောက်ပိုင်း ဟေပေပြည်နယ် တိုင်ချွမ်ကျေးရွာရှိ တိုင်ဟမ်တောင်တန်းများပေါ်တွင် ဆိုလာပြားများကို တောင်ထိပ်တွင်ဖြန့်ခင်းထားကာ နေရောင်ခြည်မှ တစ်ဆင့်စွမ်းအင် ထုတ်ယူသုံးစွဲလျက်ရှိသည်။ ထို ဆိုလာပြားများမှတစ်ဆင့် လျှပ်စစ်စွမ်းအင် ၂ဝ မဂ္ဂဝပ်ကို ထုတ်လုပ်နိုင်သည်။ တောင်ထိပ်တွင် ဆိုလာပြားများအား နေရာင်ထိတွေ့မှုများစွာရရှိနိုင်မည့်ဘက်သို့ အလိုက်သင့် တပ်ဆင်ထားသည်။ ၎င်းနေရောင်ခြည်မှတစ်ဆင့်စွမ်းအင်ထုတ်ယူသည့်စနစ်သည် တရုတ်နိုင်ငံ၏ သန့်ရှင်းသောစွမ်းအင်ထုတ်လုပ်မှု တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ် ထုတ်လွှတ်မှုတန်ချိန်ပေါင်း ၂ဝဝဝဝ ကို လျှော့ချပေးနိုင်သည်။ ဆိုလာပြားများမှ တစ်ဆင့် နေရောင်ခြည် စွမ်းအင် ထုတ်ယူခြင်းက နှစ်စဉ် ကျောက်မီးသွေးတန်ချိန်ပေါင်း ၇၅ဝဝ တန်ကို အသုံးပြုကာ စွမ်းအင်ထုတ်လုပ်ခြင်းကို အစားထိုးနိုင်ခဲ့သည်။ အဆိုပါ စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၂၆.၇ သန်း အကုန်အကျခံကာသုံးစွဲခဲ့ပြီးဖြစ်သည်။(Xinhua)