Latin America
BRICS မီဒီယာ၊ တတ်သိပညာရှင်များ စုစည်းကာ BRICS ပူးပေါင်းဆောင်ရွက်မှု၊ ကမ္ဘာ့တောင်ဘက်ခြမ်းဆိုင်ရာမျှော်မှန်းချက်အသစ်ကို မြှင့်တင်မည်

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
နိုင်ငံပေါင်း ၃၆ နိုင်ငံမှ မီဒီယာအဖွဲ့အစည်းများ၊ တတ်သိပညာရှင်အဖွဲ့များ၊ အစိုးရအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအဖွဲ့အစည်းများ၏ ကိုယ်စားလှယ် ၂၅၀ ကျော်တို့သည် ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် ကျင်းပသည့် BRICS မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ်၌ ဇူလိုင် ၁၆ ရက်က စုစည်းတွေ့ဆုံကာ BRICS ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်တင်ရေး၊ ကမ္ဘာ့တောင်ဘက်ခြမ်းတစ်ခွင် စည်းလုံးညီညွတ်မှု ခိုင်မာအားကောင်းရေးအတွက် မည်သို့ဆောင်ရွက်ကြမည်ကို အလေးအနက်ထားဆွေးနွေးခဲ့ကြသည်။
ဖိုရမ်သဘာပတိနှင့် ဆင်ဟွာသတင်းအေဂျင်စီ ဥက္ကဋ္ဌလည်းဖြစ်သူ ဖုက ပိုမိုကြီးကျယ်ခမ်းနားသော BRICS ပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ စည်းလုံးညီညွတ်ရေး၊ ကမ္ဘာ့ရေးရာများတွင် ပါဝင်လွှမ်းခြုံမှု အားပေးမြှင့်တင်ရေးနှင့် ကမ္ဘာ့စီမံအုပ်ချုပ်မှု၌ ပြုပြင်ပြောင်းလဲမှု တွန်းအားပေးရာ၌ အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်း အရေးကြီးမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
အဆိုပါဖိုရမ်မှာ ဒုတိယဆယ်စုနှစ်အတွင်း ချဉ်းနင်းဝင်ရောက်လာသည်နှင့်အမျှ ဆင်ဟွာအနေဖြင့်လည်း ကမ္ဘာ့တောင်ဘက်ခြမ်း၏ အကြောင်းအရာများကို ပိုမိုထိရောက်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန်၊ အရေးကြီးသော ကိစ္စရေးရာများတွင် ပူးတွဲသုတေသနပြုရန်နှင့် ပညာရှင်ဆန်သော ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရန်အတွက် BRICS မိတ်ဖက်နိုင်ငံများနှင့်အတူတကွ လုပ်ဆောင်သွားရန် ကတိပြုခဲ့ကြောင်း ဖုက ဆိုသည်။
ထို့နောက် ဘရာဇီးနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျုချင်းချောင်ကလည်း အဆိုပါ ဖိုရမ်သို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့ရာ ဖိုရမ်အတွင်း ဉာဏ်ရည်တုဆိုင်ရာ ပါဝင်ဆွေးနွေးမှုများကို ချီးကျူးပြောကြားခဲ့ပြီး ၁၇ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေး ရလဒ်များအား အဆင့်မြှင့်တင်ရာတွင် ယင်း၏အခန်းကဏ္ဍကိုလည်း အလေးထားဖော်ပြခဲ့သည်။
ဖိုရမ်က ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ အချင်းချင်း ပလက်ဖောင်းတစ်ခုနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံအုပ်ချုပ်မှုတွင် ပြုပြင်ပြောင်းလဲမှုအသံအဖြစ် BRICS ၏ ရပ်တည်ချက်ကို တစ်ဆင့်တိုးဖော်ပြလိုက်ခြင်းလည်း ဖြစ်ကြောင်း ကျူးက ပြောကြားခဲ့သည်။ (Xinhua)

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် BRICS မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် BRICS မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရာဇီးနိုင်ငံ၊ ရီယိုဒီဂျနေးရိုးမြို့တွင် BRICS မီဒီယာနှင့် တတ်သိပညာရှင်ဖိုရမ်သို့ တက်ရောက်လာကြသော ဧည့်သည်တော်များကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
……………………………………..
(English Version)
BRICS media, think tanks convene to promote BRICS cooperation, new vision for Global South
RIO DE JANEIRO, July 17 (Xinhua) — Over 250 representatives from nearly 150 media outlets, think tanks, government agencies, and regional organizations across 36 countries gathered here on Wednesday for the BRICS Media and Think Tank Forum, an event focusing on how to advance BRICS cooperation and strengthen solidarity across the Global South.
In his keynote remarks, Fu Hua, forum chair and president of Xinhua News Agency, said greater BRICS cooperation has played a critical role in unifying Global South countries, boosting their influence in global affairs, and driving reform in global governance.
As the forum enters its second decade, Xinhua is committed to working with its BRICS counterparts to tell the Global South’s stories more effectively, promote joint research on major issues, and deepen professional collaboration, Fu added.
Zhu Qingqiao, Chinese ambassador to Brazil, in a congratulatory letter, praised the forum’s inclusion of discussions on artificial intelligence and highlighted its role in advancing the outcomes of the 17th BRICS Summit.
Zhu expressed hope that the event would further position BRICS as a platform for South-South cooperation and a voice for reform in global governance.
Photo 1: Fu Hua, forum chair and president of Xinhua News Agency, delivers a keynote speech at the BRICS Media and Think Tank Forum in Rio de Janeiro, Brazil, July 16, 2025. (Xinhua/Yao Dawei)
Photo 2, 3, 4: Guests attend the BRICS Media and Think Tank Forum in Rio de Janeiro, Brazil, July 16, 2025. (Xinhua/Wang Tiancong)