Connect with us

Eastern Europe

ယူကရိန်းနှင့် ဆွေးနွေးရန် လမ်းဖွင့်ထားသော်လည်း မိမိတို့၏ ရည်မှန်းချက်များအတွက် တစ်စိုက်မတ်မတ် လုပ်ဆောင်မည်ဟု ရုရှား ပြော

ရုရှားနိုင်ငံ မော်စကိုမြို့ရှိ ကရင်မလင်နန်းတော်အား ၂၀၂၅ ခုနှစ် ဧပြီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ရုရှားအနေဖြင့် ယူကရိန်းအရေးအား ဖြေရှင်း‌နိုင်ရေးအတွက် အလျင်အမြန် လုပ်ဆောင်သွားရန် အသင့်ရှိနေသော်လည်း အဓိက ဦးတည်ချက်မှာ မိမိတို့၏ ရည်မှန်းချက်များ ပြည့်မြောက်အောင်မြင်ရန်ပင် ဖြစ်သည်ဟု ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ဇူလိုင် ၂၁ ရက်၌ ပြောကြားခဲ့သည်။
“သမ္မတ ဗလာတီမာ ပူတင်က ယူကရိန်းအရေးကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အမြန်ဆုံး အပြီးသတ်ဖြေရှင်းနိုင်ဖို့ ဆန္ဒရှိတယ်လို့ အထပ်ထပ်အခါခါ ပြောခဲ့ဖူးပါတယ်။ ဒါက အချိန်ကြာမြင့်တဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး အဲဒီအတွက် ကြိုးပမ်းအားထုတ်မှုတွေ လိုအပ်ပါတယ်။ အဲဒါက မလွယ်ကူပါဘူး” ဟု နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်သည့် အင်တာဗျူးတစ်ခု၌ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။
“ကျွန်တော်တို့ရဲ့ ရည်မှန်းချက်တွေက ရှင်းလင်းပြတ်သားပြီး မြင်သာထင်သာရှိပါတယ်။ အဲဒီရည်မှန်းချက်တွေက ပြောင်းလဲသွားမှာမဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။
မည်သည့် ငြိမ်းချမ်း‌ရေးသဘောတူညီချက်မဆို မိမိတို့၏ နယ်မြေဒေသလေးခုမှ ယူကရိန်းတပ်များ ဆုတ်ခွာရေး၊ ယူကရိန်း၏ နေတိုးအဖွဲ့ဝင်ဖြစ်ရေး ကြိုးပမ်းမှုကို စွန့်လွှတ်ရေး၊ နေတိုးတပ်ဖွဲ့ဝင်များ ဖြန့်ကြက်မှုကို ရပ်တန့်ရေး စသည်တို့အပေါ် မူတည်နေသည်ဟု ရုရှားတာဝန်ရှိသူများက အကြိမ်ကြိမ် ပြောဆိုထားသည်။
ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးကမူ ယူကရိန်းအစိုးရ တာဝန်ရှိသူများအနေဖြင့် ယခုသီတင်းပတ်အတွင်း ရုရှားနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ ထပ်မံပြုလုပ်ရန် အဆိုပြုထားကြောင်း ဇူလိုင် ၁၉ ရက်က ပြောကြားခဲ့သည်။ “အပစ်အခတ်ရပ်စဲရေး အထမြောက်ဖို့ အရာအားလုံးကို လုပ်ဆောင်သင့်ပါတယ်” ဟု ညနေခင်း နိုင်ငံတော်မိန့်ခွန်း၌ ဇယ်လန်းစကီးက ထည့်သွင်းပြောကြားခဲ့သည်။
နေတိုး အထွေထွေအတွင်းရေးမှူးချုပ် မာ့ခ်ရူတေးနှင့် အိမ်ဖြူတော် ဘဲဥပုံရုံးခန်းတွင် ဇူလိုင် ၁၄ ရက်က တွေ့ဆုံစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်အနေဖြင့် နေတိုးအဖွဲ့ထံမှတစ်ဆင့် ယူကရိန်းအား စစ်လက်နက်များ ပေးပို့သွားမည်ဟု ပြောကြားခဲ့ပြီး ရုရှားအနေဖြင့် ရက် ၅၀ အတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူခြင်းမရှိပါက ယင်းအား ပစ်မှတ်ထား၍ “ပြင်းထန်သော စည်းကြပ်ခွန်များ” ကောက်ခံသွားမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်။ ရုရှားနိုင်ငံကမူ ထရမ့်၏ ရက် ၅၀ အချိန်သတ်မှတ်မှုကို ပယ်ချခဲ့ပြီး လက်မခံနိုင်စရာ ခြိမ်းခြောက်မှုဟု တုံ့ပြန်ပြောဆိုခဲ့သည်။ (Xinhua)
……………….
(English Version)
Russia says open to talks with Ukraine, but insists on its goals
MOSCOW, July 21 (Xinhua) — Russia is ready to move quickly toward a settlement on Ukraine, but the main objective is to achieve its goals, Kremlin spokesperson Dmitry Peskov said Sunday.
President Vladimir Putin “has repeatedly spoken of his desire to bring the Ukrainian settlement to a peaceful conclusion as soon as possible,” Peskov told state television in an interview. “This is a long process, it requires effort, and it is not easy.”
“Our goals are clear, they are obvious, they do not change,” he added.
Russian officials have said repeatedly that any peace deal hinges on Ukraine withdrawing forces from four regions, renouncing its NATO bid and halting NATO troop deployments.
Ukrainian President Volodymyr Zelensky said on Saturday that his officials have proposed holding a new round of peace talks with Moscow this week. “Everything should be done to achieve a ceasefire,” he said in his evening address to the nation.
On July 14, U.S. President Donald Trump, during a meeting with NATO Secretary General Mark Rutte in the Oval Office, said the United States will send weapons to Ukraine through NATO, and threatened “severe tariffs” targeting Russia if a ceasefire deal is not reached in 50 days.
Russia rejected Trump’s 50-day ultimatum, dismissing the threat as unacceptable.
English Caption
This photo taken on April 21, 2025 shows a view of the Kremlin in Moscow, Russia. (Xinhua/Cao Yang