Connect with us

Asia

ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနိုင်ငံသား ၁၃ ဦး သေဆုံး၊ နယ်စပ်ဒေသတွင် ထိုင်း-ကမ္ဘောဒီးယား စစ်တပ်တို့ စတင်၍ အပြန်အလှန်ပစ်ခတ်လျက်ရှိကြောင်း ထိုင်းမီဒီယာဖော်ပြ

ထိုင်းနိုင်ငံ Ubon ပြည်နယ်တွင် ပဋိပက္ခအတွင်း ပျက်စီးခဲ့သော နေအိမ်ကို ဇူလိုင် ၂၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဖနွမ်းပင်/ဘန်ကောက်၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခ သုံးရက်မြောက်နေ့ ရောက်လာချိန်တွင် ပဋိပက္ခကြောင့် ကမ္ဘောဒီးယားနိုင်ငံသားစုစုပေါင်း ၁၃ ဦး သေဆုံးပြီး ၇၁ ဦး ဒဏ်ရာရရှိကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဇူလိုင် ၂၆ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ဇူလိုင် ၂၆ ရက် နံနက် ၅ နာရီ ၁၀ မိနစ်တွင် ကမ္ဘောဒီးယားဘက်မှ ထရတ် (Trat) ပြည်နယ်ရှိ ထိုင်းစစ်တပ်ကို ပစ်ခတ်ခဲ့ပြီး ထိုင်းဘက်မှ ပြန်လည်တုံ့ပြန်ခဲ့ရာ နှစ်ဖက် ပစ်ခတ်မှုစတင်ခဲ့ကြောင်း ထိုင်း Thai PBS ၏ သတင်းအရ သိရသည်။

ထိုင်းစစ်တပ်သည် အဆိုပါနေ့တွင် စစ်ရေးတိုက်ခိုက်မှုများကို ကမ္ဘောဒီးယားနိုင်ငံ Pursat ပြည်နယ်အထိ ချဲ့ထွင်မည်ဖြစ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၆ ရက် နံနက်ပိုင်းတွင် ကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

ပဋိပက္ခကြောင့် စစ်သည် ၆ ဦးသေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံ ကြည်းတပ်က ဇူလိုင် ၂၅ ရက် ညပိုင်းတွင် ဆိုရှယ်မီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။

ကမ္ဘောဒီးယားနှင့် ထိုင်းတို့သည် ဇူလိုင် ၂၄ ရက်မှစ၍ နယ်စပ်ဒေသတွင် ပဋိပက္ခဖြစ်ပွားခဲ့ပြီး နှစ်ဖက်က နိုင်ငံတကာဥပဒေချိုးဖောက်ခဲ့ကြောင်း အပြန်အလှန် ပြစ်တင်ပြောဆိုခဲ့ကြသည်။ (Xinhua)

ကမ္ဘောဒီးယားနိုင်ငံ Oddar Meanchey ပြည်နယ်ရှိ ယာယီနေရာချထားရေးစခန်းတွင် အနားယူနေသူများအား ဇူလိုင် ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


……………………………….
(Chinese Version)
柬泰边境冲突已造成13名柬埔寨人死亡 泰媒说泰柬军队在边境地区开始交火
新华社金边/曼谷7月26日电(记者吴长伟 林昊)柬埔寨国防部发言人马莉淑洁达26日在新闻发布会上说,柬泰边境冲突进入第三天,冲突已累计造成13名柬埔寨人死亡、71人受伤。据泰国公共电视台报道,26日5时10分许,柬埔寨方面向达叻府的泰国部队开火,泰方反击,双方开始交火。
柬埔寨国防部26日早晨发表声明说,泰国军队当天将军事袭击扩大到柬埔寨的菩萨省。
泰国陆军25日晚在社交媒体发文说,冲突已造成6名士兵阵亡。
柬埔寨和泰国24日开始在边境地区发生冲突,双方互相指责对方违反国际法。(完)
图说:这是7月25日在泰国乌汶府拍摄的在冲突中受损的民居。新华社发
图说2:7月24日,人们在柬埔寨奥多棉吉省的一处临时安置场所休息。新华社发(尼多拉摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.