International Organizations
နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအား တွန်းအားပေးရန် တရုတ်ကိုယ်စားလှယ် တိုက်တွန်း

ကုလသမဂ္ဂ၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအား တွန်းအားပေးရန် တိုက်တွန်းကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က ဇွန် ၂၅ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ယူကရိန်းအရေး စိစစ်ဆွေးနွေးမှု၌ ပြောကြားခဲ့သည်။
ထို့သို့ပြောကြားရာတွင် ကိန်းစွမ်က ရုရှားနှင့် ယူကရိန်းတို့သည် လတ်တလောကာလများတစ်လျှောက် ယခင်စေ့စပ်ညှိနှိုင်းမှုများတွင် ရရှိခဲ့သော သဘောတူညီချက်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်လျက် စစ်သုံ့ပန်းများနှင့် ကျဆုံးခဲ့သော စစ်သည်များ၏ ရုပ်အလောင်းများလဲလှယ်ခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့သလို မကြာသေးမီရက်က ကျင်းပခဲ့သော တတိယအကြိမ်မြောက် တိုက်ရိုက်စေ့စပ်ညှိနှိုင်းမှုတွင် စစ်သုံ့ပန်း ဆက်လက်လဲလှယ်ရေး စသည့် လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကိစ္စရပ်များတွင် သဘောတူညီချက်အသစ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အထက်ဖော်ပြပါ အပြုသဘောဆောင်သော တိုးတက်မှုများကို ကြိုဆိုကြောင်း၊ နောက်ဆုံးတွင် ဘက်စုံ ရေရှည်တည်တံ့ခိုင်မြဲသည့် ကန့်သတ်ထိန်းချုပ်နိုင်စွမ်းရှိသော ငြိမ်းချမ်းရေးသဘောတူညီချက်တစ်ရပ်ကို ရရှိရန် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူတို့အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမှုအရှိန်အဟုန်ကို ထိန်းသိမ်းထားပြီး သဘောတူညီချက်များ ဆက်လက် စုစည်းရန်ကာ အပြန်အလှန်ယုံကြည်မှုကို အဆက်မပြတ်မြှင့်တင်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်းတို့သည် လတ်တလောရက်များတွင် တစ်ဖက်အား ဦးတည်သော ဒရုန်း၊ ဒုံးကျည်များဖြင့် အကြီးစားတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ လူအများအပြား ထိခိုက်သေဆုံး၍ အဆောက်အအုံများ ပျက်စီးခဲ့ရကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံသည် စိတ်ပူပန်၍ စိတ်မကောင်းဖြစ်ရကြောင်း၊ ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသူတို့အနေဖြင့် အတတ်နိုင်ဆုံး ထိန်းထိန်းသိမ်းသိမ်းရှိမှုကို ပြသရန် ၊ နိုင်ငံတကာ လူသာချင်းစာနာထောက်မှု ဥပဒေကို လက်တွေ့ မှန်မှန်ကန်ကန်လိုက်နာရန်၊ မည်သည့်အခြေအနေတွင်မဆို အရပ်သားပြည်သူများနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများအား တိုက်ခိုက်ခြင်းကို ရှောင်ရှားရန် ထပ်မံ တိုက်တွန်းကြောင်း၊ လက်ရှိ ဦးစားပေးလုပ်ဆောင်ရသည်မှာ နှစ်ဖက်အနေဖြင့် စစ်မြေပြင်အခြေအနေ ဆောလျင်စွာ ဖြေလျှော့ရန် အတူတကွ ကြိုးပမ်းမြှင့်တင်ရမည်ဖြစ်ကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
ရုရှား-ယူကရိန်းတို့သည် လတ်တလောတွင် ဥရောပပြန်လည်ငြိမ်းချမ်းရေး၊ အကျပ်အတည်းအား နိုင်ငံရေးအရ ဖြေရှင်းမှုရရှိရေးတို့နှင့်စပ်လျဉ်း၍ အပြန်အလှန် ထုတ်ဖော်ပြောဆိုခဲ့ကြပြီး နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့်လည်း ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲများ၊ အပစ်ရပ် စစ်ပွဲအဆုံးသတ်ရေးတို့နှင့်စပ်လျဉ်း၍ အပြုသဘောဆောင်သော အချက်ပြမှုများ အကြိမ်ကြိမ်ဖော်ပြခဲ့ရာ ငြိမ်းချမ်းရေးဆွေးနွေးမှုများမြှင့်တင်ရန် သံတမန်ရေးရာ ကြိုးပမ်းမှုများကို ဆက်လက် ဆောင်ရွက်ခဲ့ကြကြောင်း ကိန်းစွမ်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် ငြိမ်းချမ်းရေးဆီသို့ ဦးတည်သည့် ကြိုးပမ်းမှုအားလုံးကို ကြိုဆိုကြောင်း၊ ရုရှားနှင့် ယူကရိန်းနှစ်ဖက်အနေဖြင့် နိုင်ငံရေးဆန္ဒနှင့် ပြေလည်မှုရှိသော သဘောထားများကို ဆက်လက်ပြသရန်၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းသံများ ဆက်လက်ထုတ်လွှင့်ရန်၊ ငြိမ်းချမ်းရေးသဘောတူညီချက်များ စုစည်းရန်နှင့် ငြိမ်းချမ်းရေးကြိုးပမ်းမှုများ လုပ်ဆောင်ရန်၊ အားလုံးသော ဘက်အသီးသီးအနေဖြင့် နိုင်ငံရေးနည်းလမ်းဖြင့် ယူကရိန်းအကျပ်အတည်း ဖြေရှင်းရေးအား တွန်းအားပေးရန်အတွက် လက်တွေ့ကျသော ကြိုးပမ်းမှုများ လုပ်ဆောင်ရန် အားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသည် ယူကရိန်းအရေးတွင် ဓမ္မဓိဋ္ဌာန်ကျ၍ တရားမျှတသည့် ရပ်တည်ချက်ကို အစဉ်အမြဲ လက်ကိုင်ထားပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုမြှင့်တင်ရေးကို ထိန်းသိမ်းထားကာ နိုင်ငံရေးအရ ဖြေရှင်းရေးကိုတွန်းအားပေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသည် “လုပ်ဆောင်သင့်သော အချက် ၄ ချက်” ဖြင့် သံတမန်ရေးအရ ကြားဝင်ဖျန်ဖြေရေးကို တက်ကြွစွာ လုပ်ဆောင်ခဲ့ပြီး ရုရှား-ယူကရိန်းတို့နှင့်အတူ ထိရောက်သော ဆွေးနွေးညှိနှိုင်းမှုများကို ထိန်းသိမ်းထားကာ အပစ်အခတ်ရပ်စဲရေး၊ စစ်ပွဲအဆုံးသတ်ရေး၊ ငြိမ်းချမ်းရေးရရှိရေးအတွက် ပိုမိုကြီးမားသော အင်းအားစု စုစည်းရန် ဘရာဇီးနှင့် စသည့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများနှင့်လည်း “ငြိမ်းချမ်းရေးမိတ်ဆွေများ” အဖွဲ့ငယ်တစ်ခုကို ထူထောင်ထားကြောင်း၊ တရုတ်နိုင်ငံသည် အကျပ်အတည်းကို နိုင်ငံရေးအရ ဖြေရှင်းရာတွင် အပြုသဘောဆောင်သော အခန်းကဏ္ဍမှ အစဉ်အမြဲ ပါ၀င်မည်ဖြစ်ကြောင်း ကိန်းစွမ်က အလေးအနက်ထား ပြောကြားခဲ့သည်။ (Xinhua)
……………………………………
(Chinese Version)
中方呼吁推动乌克兰危机的政治解决
新华社联合国7月25日电 中国常驻联合国副代表耿爽25日在安理会审议乌克兰问题时发言,呼吁推动乌克兰危机的政治解决。
耿爽说,俄罗斯和乌克兰近一段时间以来持续落实此前谈判达成的共识,推进交换战俘与阵亡士兵遗体等工作,还于日前举行第三轮直接谈判,就继续交换战俘等人道主义问题达成新的共识。中方对上述积极进展表示欢迎,呼吁当事方保持和谈势头,持续积累共识,不断增强互信,最终达成一份全面、持久、有约束力的和平协议。
耿爽还说,俄乌近日持续针对对方实施大规模无人机和导弹袭击,造成大量人员伤亡和设施损毁。中方对此深表忧虑和痛心,再次敦促冲突当事方展现最大程度克制,切实遵守国际人道法,在任何情况下都要避免攻击平民和民用基础设施。当务之急是双方共同努力推动战场局势早日降温。
耿爽表示,俄乌近来围绕如何恢复欧洲和平、实现危机政治解决相互喊话,国际社会主要各方也多次就对话谈判、停火止战释放积极信号,持续开展劝和促谈外交努力。中方欢迎所有通向和平的努力,鼓励俄乌双方继续展现政治意愿和灵活姿态,国际社会继续发出和平呼声、凝聚和平共识、开展和平努力,所有各方共同为推动危机的政治解决做出切实努力。
耿爽强调,中方在乌克兰问题上始终秉持客观公正立场,坚持劝和促谈,推动政治解决。中方以“四个应该”为遵循积极开展外交斡旋,同俄乌双方均保持着有效沟通,还同巴西等全球南方国家发起成立乌克兰危机“和平之友”小组,为停火止战、实现和平汇聚更大合力。中方将一如既往地为危机政治解决发挥建设性作用。(完)
图说:2024年9月4日,在位于纽约的联合国总部,中国常驻联合国副代表耿爽(前中)在安理会巴以问题紧急公开会上发言。新华社记者 谢锷 摄