China
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လုံကျီခရိုင် ဆီးနှင်းကုန်းပြင်မြင့်၏ “Sea Buckthorn ဒဏ္ဍာရီ”

ဆန်းနန် (ရှီးဇန့်)၊ ဇူလိုင် ၂၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆန်းနန်မြို့ လုံကျီခရိုင်သည် ကုန်းပြင်မြင့် အေးခဲခြောက်သွေ့သောဒေသ၊ ပျမ်းမျှပင်လယ်ရေမျက်နှာပြင်အမြင့် ၃,၈၀၀ မီတာကျော်တွင် တည်ရှိသည်။ ၁၉၆၀ ပြည့်လွန်နှစ်များက လုံကျီမြစ်ဝှမ်းတစ်လျှောက်သည် ကန္တာရဖြစ်ခြင်း၊ သဲမုန်တိုင်းများတိုက်ခတ်မှု ပြင်းထန်ပြီး တစ်နှစ်လျှင် ၈ လနီးပါးခန့်သည် သဲမုန်တိုင်းရာသီဥတုဖြစ်သည်။
၁၉၆၄ ခုနှစ်တွင် ယင်းအချိန်၌ တာဝန်ထမ်းဆောင်နေသော ရှင်းပါးကျေးရွာစု ရွာသူကြီး လန်ကျုံးက ကျေးရွာသားများကို ဦးဆောင်ကာ ရှင်းပါးကျေးရွာစု မန်းချော့ကျေးရွာရှိ သဲကန္တာရတွင် Sea Buckthorn ပင်၊ မိုးမခပင်၊ ပေါ့ပလာပင် စသည့် အပင်မျိုး ၅ မျိုးကို စမ်းသပ်စိုက်ပျိုးခဲ့ရာ နောက်ဆုံးတွင် Sea Buckthorn ပင်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ ၁၉၆၅ ခုနှစ်မှစတင်၍ Sea Buckthorn ပင်စိုက်ပျိုးမှုကို လုံကျီခရိုင်တွင် ကျယ်ကျယ်ပြန့်ပြန့် စတင်စိုက်ပျိုးခဲ့သည်။
ရာစုနှစ်ထက်ဝက်ကျော် ကြိုးပမ်းလာပြီးနောက် လုံကျီမြစ်ဝှမ်းတစ်လျှောက်တွင် ကီလိုမီတာ ၄၀ ကျော် ရှည်လျားပြီး မြေဧရိယာ ၅၀ စတုရန်းကီလိုမီတာကျော် ကျယ်ဝန်းသော Sea Buckthorn သစ်တော တည်ဆောက်ခဲ့ပြီး ဂေဟဗေဒ၊ စက်မှုလုပ်ငန်း၊ ပြည်သူ့ လူနေမှုဘဝနှင့် ယဉ်ကျေးမှုတို့ ဟန်ချက်ညီစွာ ဖွံ့ဖြိုးတိုးတက်မှုရရှိလာခဲ့သည်။ ၂၀၁၉ ခုနှစ်တွင် လုံကျီခရိုင်ရှိ Sea Buckthorn သစ်တောသည် “ကမ္ဘာ့အကြီးဆုံး လူလုပ်စိုက်ပျိုးသော Sea Buckthorn သစ်တော” အဖြစ် ကမ္ဘာ့စံချိန်တင်အသိအမှတ်ပြုအေဂျင်စီ (WRCA) ၏ အသိအမှတ်ပြုခြင်းခံခဲ့ရပြီး လုံကျီခရိုင်၏ အတောက်ပဆုံး ဂေဟဗေဒနာမည်ကတ်တစ်ခု ဖြစ်လာခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ရှီးဇန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆန်းနန်မြို့ လုံကျီခရိုင်၏ “ကမ္ဘာ့အကြီးဆုံး လူလုပ်စိုက်ပျိုးသော Sea Buckthorn သစ်တော” ကို ဇူလိုင် ၂၀ ရက်က ဝေဟင်မှ တွေ့ရစဉ် (ဆင်ဟွာ)
………………….
(Chinese Version)
辉煌60载 魅力新西藏|西藏隆子县:雪域高原的“沙棘传奇”
新华社照片,山南(西藏),2025年7月25日
西藏山南市隆子县地处高寒干旱区,平均海拔3800多米。20世纪60年代,隆子河谷一片荒芜、风沙肆虐,一年近8个月沙尘天气。1964年,时任新巴乡乡长朗宗带领群众在新巴乡忙措村沙滩上试种沙棘、柳树、杨树等5种树苗,最终只有沙棘存活。1965年,沙棘种植在隆子县推广开来。
经过半个多世纪的努力,隆子河谷筑起了一道绵延40多公里、占地面积超50平方公里的沙棘林,实现了生态、产业、民生与文化的协同发展。2019年,隆子县沙棘林被世界纪录认证机构(WRCA)认证为“世界最大人工种植连片沙棘”,成为隆子县最耀眼的生态名片。
图说1:7月20日,人们在隆子县沙棘林生态公园游览(无人机照片)。新华社记者 李鑫 摄
图说2:这是7月20日拍摄的隆子县的“世界最大人工种植连片沙棘”(无人机照片)。新华社记者 李鑫 摄