Connect with us

China

တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ကျင်းပ

ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့တွင် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲနေရာ ပြင်ပမြင်ကွင်းအား ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စတော့ဟုမ်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တရုတ်နိုင်ငံဘက် ဦးဆောင်သူ၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံဘက် ဦးဆောင်သူ၊ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ၊ ကုန်သွယ်ရေးကိုယ်စားလှယ် Jamieson Greer တို့သည် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲကို ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၂၈ ရက်မှ ၂၉ ရက်အထိကျင်းပခဲ့သည်။

နှစ်ဖက်အနေဖြင့် တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၊ မက်ခရိုစီးပွားရေးမူဝါဒ စသည့် နှစ်ဖက်ဘုံဂရုပြုကြသည့် ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးမှုအစီအစဉ်များနှင့်စပ်လျဉ်း၍ ပွင့်လင်းနက်ရှိုင်း၍ အပြုသဘောဆောင်သောဖလှယ်မှုများ ပြုလုပ်ခဲ့ကြရာ တရုတ်-အမေရိကန် ဂျီနီဗာ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်များနှင့် လန်ဒန်မူဘောင် ဖော်ဆောင်မှုအခြေအနေများအား ပြန်လည်သုံးသပ်ပြီး အသိအမှတ်ပြုခဲ့ကြသည်။ ဆွေးနွေးပွဲ သဘောတူညီချက်များအရ နှစ်ဖက်အနေဖြင့် ယာယီဆိုင်းငံ့ပြီးဖြစ်သော အမေရိကန်ဘက်က အလားတူစည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်းအပိုင်းနှင့် တရုတ်ဘက်က တန်ပြန်အစီအမံ သတ်မှတ်ကာလအတိုင်း ရက်ပေါင်း ၉၀ ထားရှိခြင်းအား ဆက်လက်တွန်းအားပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲတွင် ဟယ်လိဖုန်းက တရုတ်-အမေရိကန် နှစ်ဖက် ကုန်သွယ်စီးပွားအဖွဲ့များသည် နှစ်နိုင်ငံခေါင်းဆောင်များ၏ ဇွန် ၅ ရက် ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးရာတွင် ရရှိခဲ့သည့် အရေးကြီးသဘောတူညီချက်များကို လမ်းညွှန်ချက်အဖြစ် ထားရှိကာ အပြန်အလှန် လေးစားခြင်း၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွား ဖော်ဆောင်ခြင်း ဟူသော အခြေခံမူကို လက်ကိုင်ထားကာ ကိုယ်စီစိုးရိမ်ပူပန်မှုများကို လေးစားပြီး သဘောတူညီချက်ကို တစ်ဆင့်တိုး ခိုင်မာအောင်၊ အပြန်အလှန် ယုံကြည်မှုကို ပို၍ နက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေးအပေါ် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာ တစ်သမတ်တည်းရှိကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၏ အနှစ်သာရမှာ အပြန်အလှန်အကျိုးဖြစ်ထွန်းမှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်ခြင်း ဖြစ်ကြောင်း၊ နှစ်ဖက်အနေဖြင့် ကုန်သွယ်စီးပွားကဏ္ဍတွင် ကျယ်ပြန့်သည့် ဘုံအကျိုးစီးပွားနှင့် ကျယ်ပြောသည့် ပူးပေါင်းဆောင်ရွက်မှု အလားအလာ ရှိကြကြောင်း၊ တရုတ်-အမေရိကန် သင့်မြတ်လျှင် နှစ်ဖက်အကျိုးဖြစ်ထွန်းပြီး တိုက်ခိုက်လျှင် နှစ်ဖက်အထိနာမည်ဖြစ်ကြောင်း၊ တည်ငြိမ်သော၊ ကောင်းမွန်သော၊ စဉ်ဆက်မပြတ်သော တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေးသည် ကိုယ်စီဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ဖော်ဆောင်မှုအတွက် အကျိုးပြုရုံသာမက ကမ္ဘာ့စီးပွားရေး၏ တိုးတက်မှုနှင့် တည်ငြိမ်မှုကို မြှင့်တင်ရာတွင်လည်း အကျိုးရှိကြောင်း၊ နောက်ခြေလှမ်းတစ်ရပ်အဖြစ် နှစ်ဖက်က နှစ်နိုင်ငံခေါင်းဆောင်များ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးထားသည့် အရေးကြီးသဘောတူညီချက်များအတိုင်း ဆက်လက်ဆောင်ရွက်သင့်ကြောင်း၊ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ညှိနှိုင်းဆွေးနွေးမှုယန္တရား၏ အခန်းကဏ္ဍကို အပြည့်အဝ အသုံးချကာ သဘောတူညီချက်များ တိုးပွားစေရန်၊ နားလည်မှုလွဲမှားခြင်းများ လျော့နည်းစေရန်၊ ပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်ရန် စဉ်ဆက်မပြတ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ တွေ့ဆုံညှိနှိုင်းဆွေးနွေးမှုများ တစ်ဆင့်တိုး နက်ရှိုင်းအောင် ဆောင်ရွက်ကာ ပို၍များပြားသော နှစ်ဖက်အကျိုးဖြစ်ထွန်းသည့် ရလဒ်များရရှိရန် စဉ်ဆက်မပြတ် ကြိုးပမ်းရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်ဘက် တည်ငြိမ်သည့် အမေရိကန်-တရုတ် ကုန်သွယ်စီးပွားဆက်ဆံရေးသည် နှစ်နိုင်ငံသာမက တစ်ကမ္ဘာလုံး စီးပွားရေးအတွက် အရေးကြီးသည့်အနက်အဓိပ္ပာယ်ရှိကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အမေရိကန်-တရုတ် ကုန်သွယ်စီးပွား ညှိနှိုင်းဆွေးနွေးမှု ယန္တရားမှတစ်ဆင့် ကုန်သွယ်စီးပွားကဏ္ဍကွဲလွဲမှုများကို ဆက်လက် ဖြေရှင်းသွားရန်၊ ပိုမိုများပြားသည့် ဆွေးနွေးညှိနှိုင်းမှုရလဒ်များရရှိရေး တွန်းအားပေးကာ အမေရိကန်-တရုတ် ကုန်သွယ်စီးပွား ဆက်ဆံရေး တစ်ဆင့်တိုး တည်ငြိမ်အောင် ဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးရေးအဖွဲ့များက ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၂၈ ရက်က တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာ ဆွေးနွေးပွဲမတိုင်မီ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

———————
(Chinese Version)
中美经贸会谈在瑞典斯德哥尔摩举行
新华社斯德哥尔摩7月29日电(记者韩洁 陈斌杰)当地时间7月28日至29日,中美经贸中方牵头人、国务院副总理何立峰与美方牵头人、美国财政部长贝森特及贸易代表格里尔在瑞典斯德哥尔摩举行中美经贸会谈。双方就中美经贸关系、宏观经济政策等双方共同关心的经贸议题开展了坦诚、深入、富有建设性的交流,回顾并肯定了中美日内瓦经贸会谈共识和伦敦框架落实情况。根据会谈共识,双方将继续推动已暂停的美方对等关税24%部分以及中方反制措施如期展期90天。
何立峰表示,中美双方经贸团队要以两国元首6月5日通话重要共识为指引,秉持相互尊重、和平共处、合作共赢的原则,尊重各自关切,进一步巩固共识,加深互信。中方对中美经贸关系的立场是一贯的,中美经贸关系的本质是互利共赢,双方在经贸领域拥有广泛共同利益和广阔合作空间,中美合则两利、斗则俱伤。稳定、健康、可持续的中美经贸关系不仅有利于实现各自的发展目标,也有利于促进世界经济的发展与稳定。下一步,双方应继续按照两国元首通话重要共识,充分发挥好中美经贸磋商机制作用,不断增进共识、减少误解、加强合作,进一步深化对话磋商,不断争取更多双赢结果。
美方表示,稳定的美中经贸关系对两国乃至全球经济具有重要意义,愿与中方一道,继续通过美中经贸磋商机制协商解决经贸领域分歧,推动取得更多磋商成果,进一步稳定美中经贸关系。(完)
1. 这是7月29日在瑞典斯德哥尔摩拍摄的中美经贸会谈地点外景。 新华社记者 戴天放 摄
2. 当地时间7月28日,中美两国经贸团队在瑞典斯德哥尔摩举行中美经贸会谈。这是会谈前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特握手。 新华社记者 戴天放 摄