Connect with us

China

ဝမ်ရှောင်ဟုန်နှင့် အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် Valdecy Urquiza တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်နှင့် အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် Valdecy Urquiza တို့ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီအဖွဲ့ဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရှောင်ဟုန်သည် အင်တာပိုလ် အထွေထွေအတွင်းရေးမှူးချုပ် Valdecy Urquiza နှင့် ဇူလိုင် ၂၉ ရက်က ပေကျင်းမြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် ဝမ်ရှောင်ဟုန်က တရုတ်နိုင်ငံအနေဖြင့် အင်တာပိုလ်၏ ဘက်ပေါင်းစုံ တရားဥပဒေစိုးမိုးရေးမူဘောင်အတွင်းရှိ ဦးဆောင်မှုအနေအထားကို အခိုင်အမာထောက်ခံကြောင်း၊ အင်တာပိုလ်နှင့်အတူ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI) ကို တက်ကြွစွာ ဖော်ဆောင်ရန်၊ ၉၄ ကြိမ်မြောက် အင်တာပိုလ် အထွေထွေညီလာခံကို အတူတကွ ကောင်းမွန်စွာ ကျင်းပသွားရန်၊ နိုင်ငံဖြတ်ကျော်မှုခင်း တိုက်ဖျက်ရေး၊ တရားဥပဒေစိုးမိုးရေးစွမ်းရည် တည်ဆောက်မှု အားဖြည့်ရေး စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားရန်၊ ယေဘုယျအားဖြင့် လုံခြုံသည့် လူသားမျိုးနွယ် အေးအတူပူအမျှ အသိုက်အဝန်း အတူလက်တွဲ တည်ဆောက်သွားရန် ဆန္ဒရှိပါကြောင်း ပြောကြားခဲ့သည်။

Valdecy Urquiza က အင်တာပိုလ်အနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို အခိုင်အမာ လိုက်နာစောင့်ထိန်းကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများ အားဖြည့်သွားရန်၊ အန္တရာယ်စိန်ခေါ်မှုများကို လက်တွဲရင်ဆိုင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်ဖက်အနေဖြင့် ပူးပေါင်းဆောင်ရွက်ရေးစာချုပ်များ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။ (Xinhua)
——————
(Chinese Version)
王小洪会见国际刑警组织秘书长乌尔基萨
新华社北京7月29日电(记者邵艺博)国务委员、公安部部长王小洪29日在京会见国际刑警组织秘书长乌尔基萨。
王小洪表示,中方坚定支持国际刑警组织在多边执法架构中的领导地位,愿同国际刑警组织一道,积极践行全球安全倡议,共同办好国际刑警组织第94届全体大会,在打击跨国犯罪、加强执法能力建设等领域深化合作,携手共建普遍安全的人类命运共同体。
乌尔基萨表示,国际刑警组织恪守一个中国原则,愿同中方加强沟通协作,携手应对风险挑战。   会后,双方签署合作文件。(完)
1. 7月29日,国务委员、公安部部长王小洪在北京会见国际刑警组织秘书长乌尔基萨。 新华社记者 丁海涛 摄