Connect with us

China

တရုတ်-အမေရိကန်က ရပ်ဆိုင်းထားသော အမေရိကန်၏ အလားတူစည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်းအပိုင်းနှင့် တရုတ်၏ တန်ပြန်အစီအမံများကို သတ်မှတ်ကာလအတိုင်း သက်တမ်းတိုးရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း လီချိန်ကန်း ဆို

စတော့ဟုမ်း၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် အသစ်တစ်ကြိမ် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးမှုမှ ရရှိသော သဘောတူညီချက်နှင့်အညီ နှစ်ဖက်သည် ရပ်ဆိုင်းထားသော အမေရိကန်၏ အလားတူစည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်းအပိုင်းနှင့် တရုတ်၏ တန်ပြန်အစီအမံများကို သတ်မှတ်ကာလအတိုင်း သက်တမ်းတိုးရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန နိုင်ငံတကာ ကုန်သွယ်မှု စေ့စပ်ညှိနှိုင်းရေး ကိုယ်စားလှယ်၊ ဒုဝန်ကြီး လီချိန်ကန်းက ဇူလိုင် ၂၉ ရက် ညပိုင်းတွင် ဆွစ်ဇာလန်နိုင်ငံ စတော့ဟုမ်းမြို့၌ ပြောကြားခဲ့သည်။

ဒေသစံတော်ချိန် ဇူလိုင် ၂၈ ရက်မှ ၂၉ ရက်အထိ တရုတ်-အမေရိကန် နှစ်ဖက်၏ ကုန်သွယ်စီးပွားရေးအဖွဲ့သည် စတော့ဟုမ်းမြို့၌ အသစ်တစ်ကြိမ် ကုန်သွယ်စီးပွားရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပခဲ့သည်။ လွန်ခဲ့သော တစ်ရက်ခွဲအချိန်အတွင်း တရုတ်- အမေရိကန် နှစ်ဖက်သည် နှစ်နိုင်ငံ ခေါင်းဆောင်တို့ ဇွန် ၅ ရက်က ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးမှုမှ ရရှိထားသော အရေးကြီးသဘောတူညီချက်များကို လက်တွေ့ဖော်ဆောင်ကာ တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ ညှိနှိုင်းဆွေးနွေးမှုယန္တရား အခန်းကဏ္ဍကို အပြည့်အဝ ဆောင်ရွက်ခဲ့ရာ နှစ်ဖက် စိုးရိမ်သော ကုန်သွယ်စီးပွားရေးဆိုင်ရာ အရေးကြီးအကြောင်းအရာများနှင့် စပ်လျဉ်း၍ ပွင့်လင်းရိုးသားသော၊ နက်ရှိုင်းသော၊ အပြုသဘောဆောင်မှု ကြွယ်ဝသော နှီးနှောဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း လီချိန်ကန်းက တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မီဒီယာများထံ ပြောကြားခဲ့သည်။

“တည်ငြိမ်ကောင်းမွန်တဲ့ တရုတ်-အမေရိကန် ကုန်သွယ်စီးပွား ဆက်ဆံရေး ထိန်းသိမ်းကာကွယ်ခြင်းရဲ့ အရေးပါမှုကို နှစ်ဖက်က အပြည့်အဝ နားလည်သိရှိခဲ့တယ်” ဟူ၍ လီချိန်ကန်းက ပြောကြားခဲ့သည်။အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း တရုတ်-အမေရိကန် နှစ်ဖက်သည် အပြန်အလှန်၏ မက်ခရိုစီးပွားရေး မူဝါဒညှိနှိုင်းမှုနှင့် စပ်လျဉ်း၍ ဘက်စုံနက်နက်ရှိုင်းရှိုင်း နှီးနှောဖလှယ်ခဲ့ပြီး ဂျီနီဗာ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံမှု သဘောတူညီချက်နှင့် လန်ဒန်မူဘောင်၏ လက်တွေ့ဖော်ဆောင်မှုအခြေအနေကို ပြန်လည်သုံးသပ်ကာ အပြည့်အဝ အသိအမှတ်ပြုခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်-အမေရိကန် ကုန်သွယ်စီးပွားရေးအဖွဲ့အနေနဲ့ နီးကပ်တဲ့ ညှိနှိုင်းဆွေးနွေးမှုတွေကို ဆက်လက်ထိန်းသိမ်းထားပြီး ကုန်သွယ်စီးပွားရေးဆိုင်ရာ အကြောင်းအရာနဲ့ ပတ်သက်ပြီး အချိန်မီ နှီးနှောဖလှယ်ကာ နှစ်ဖက် ကုန်သွယ်စီးပွား ဆက်ဆံရေး တည်ငြိမ်ကောင်းမွန်စွာတိုးတက်မှုကို ဆက်လက်မြှင့်တင်ပေးသွားမှာပါ” ဟု လီချိန်ကန်းက ပြောကြားခဲ့သည်။

ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုအတွက် အိမ်ရှင်နိုင်ငံ ဆွစ်ဇာလန်၏ လွယ်ကူချောမွေ့မှုနှင့် ထောက်ပံ့မှု ပံ့ပိုးပေးခြင်းအပေါ်လည်း ကျေးဇူးတင်ကြောင်း လီချိန်ကန်းက ပြောကြားခဲ့သည်။ (Xinhua)
………………..
(Chinese Version)
李成钢:中美将继续推动已暂停的美方对等关税24%部分以及中方反制措施如期展期
新华社斯德哥尔摩7月29日电(记者谢希瑶 朱昊晨)中国商务部国际贸易谈判代表兼副部长李成钢29日晚在瑞典斯德哥尔摩说,根据中美新一轮经贸会谈共识,双方将继续推动已暂停的美方对等关税24%部分以及中方反制措施如期展期。
当地时间7月28日至29日,中美双方经贸团队在斯德哥尔摩举行新一轮经贸会谈。李成钢在会谈结束后对媒体表示,在过去一天半时间里,中美双方贯彻落实两国元首6月5日通话重要共识,充分发挥中美经贸磋商机制作用,就彼此关切的重要经贸议题进行了坦诚、深入、富有建设性的交流。
“双方充分认识到维护一个稳定健康的中美经贸关系的重要性。”李成钢说,会谈中,中美双方就彼此的宏观经济政策进行了全面深入交流,回顾了日内瓦经贸会谈共识和伦敦框架落实情况,并给予充分肯定。
“中美双方经贸团队将继续保持密切沟通,就经贸议题及时交流,继续推动双边经贸关系稳定健康发展。”李成钢说。
李成钢还对东道主瑞典为此次会谈提供的便利和支持表示感谢。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.