Connect with us

Africa & Middle East

ဂါဇာဒေသ အပစ်ရပ်မှု ညှိနှိုင်းဆွေးနွေးရေး ပျက်သုဉ်းလုနီးပါးဖြစ်၊ အစ္စရေးက ဂါဇာ‌ဒေသ၌ စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့ရန် စဉ်းစားဟု အစ္စရေးမီဒီယာ ဖော်ပြ

ဂါဇာဒေသနယ်စပ် အစ္စရေးဘက်ခြမ်းတွင် အစ္စရေးစစ်တပ် တင့်ကားများကို ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဩဂုတ် ၁ ရက် (ဆင်ဟွာ)
အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုသည် ဇူလိုင် ၃၁ ရက်တွင် ခရီးစဉ်ရောက်ရှိလျက်ရှိသည့် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထို့နောက် အစ္စရေးမီဒီယာများက အစ္စရေးအနေဖြင့် ဂါဇာဒေသ အပစ်ရပ်မှု ညှိနှိုင်းဆွေးနွေးရေး ပျက်သုဉ်းလုနီးပါးဖြစ်နေသည်ဟု ယူဆကြောင်း၊ စစ်ရေးလှုပ်ရှားမှုများ တိုးချဲ့၍ ဂါဇာကမ်းမြောင်ဒေသ “စစ်ရေးအသွင်မပြောင်းရေး” အား အကောင်အထည်ဖော်သွားရန် စဉ်းစားလျက်ရှိကြောင်း သတင်းဖော်ပြကြသည်။

နေတန်ယာဟုနှင့် စတိဗ် ဝစ်ကော့ဖ်တို့သည် ၃ နာရီနီးပါး ဆွေးနွေးခဲ့သည်ဟု အစ္စရေးမီဒီယာက ဆိုသည်။ ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) ၏ ရပ်တည်ချက်နှင့် အပစ်ရပ်မှု ညှိနှိုင်းဆွေးနွေးရေးသည် ပျက်သုဉ်းလုနီးပါးဖြစ်သဖြင့် အစ္စရေးနှင့် အမေရိကန်နှစ်ဖက်က ကာလတို အပစ်ရပ်မှု၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူတချို့တစ်ဝက် လွတ်မြောက်ခြင်းတို့ဖြင့် သဘောတူညီချက် ရရှိရေးအား မဖော်ဆောင်တော့ဘဲ ဟားမက်စ်အဖွဲ့ လက်နက်ချခြင်း၊ ဂါဇာကမ်းမြောင်ဒေသ “စစ်ရေးအသွင်မပြောင်းရေး” အား အကောင်အထည်ဖော်ခြင်းဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံး လွတ်မြောက်ရေး ဟူသည့် ဘက်စုံနည်းလမ်းတစ်ခုကို ပြောင်းလဲဖော်ဆောင်သွားရန် သဘောတူညီခဲ့ကြောင်း အစ္စရေးဘက်အဆင့်မြင့်အရာရှိတစ်ဦးက Israel Hayom ၊ “သတင်းသစ်” ဝက်ဘ်ဆိုက် စသည့် ဟီဘရူးဘာသာစကား မီဒီယာများကို ပြောကြားခဲ့သည်။ ဟားမက်စ်ဘက်က “ဆက်သွယ်မှုဖြတ်တောက်” ထားပြီဖြစ်ကြောင်းလည်း အဆိုပါအရာရှိက ဆိုသည်။

ဟားမက်စ်သည် ရပ်တည်ချက် ပျော့ပျောင်းလာနိုင်ခြေ သိပ်မရှိကြောင်း၊ ဂါဇာဒေသ အပစ်ရပ်မှု ညှိနှိုင်းဆွေးနွေးရေးသည် ပျက်သုဉ်းလုနီးပါးဖြစ်ကြောင်း၊ အစ္စရေးဘက်က ဂါဇာကမ်းမြောင်ဒေသ၌ စစ်ရေးလှုပ်ရှားမှုအား တိုးချဲ့ခြင်းသည် လက်ရှိတွင် “ရှောင်လွှဲ၍မရ” ကြောင်း အစ္စရေးအစိုးရအတွင်းပိုင်းက ယူဆသည်ဟု အစ္စရေးသတင်းအရင်းအမြစ်ပုဂ္ဂိုလ်တစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ The Jerusalem Post က ထိုနေ့တွင် သတင်းဖော်ပြခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသ၏ ငတ်မွတ်ခေါင်းပါးမှု အကျပ်အတည်း မပြေလျော့ခင်တွင် ဟားမက်စ်က အပစ်ရပ်မှု ညှိနှိုင်းဆွေးနွေးရေး ပြန်လည်စတင်ရန်အတွက် “လုံးဝစိတ်မဝင်စား” ကြောင်း ဟားမက်စ်၏ ကာတာနိုင်ငံ မြို့တော်ဒိုဟာရှိ ညှိနှိုင်းဆွေးနွေးရေးကိုယ်စားလှယ်သည် စေ့စပ်ညှိနှိုင်းသည့်ဘက်သို့ ပြောကြားခဲ့သည်ဟု အာရပ်နိုင်ငံများ သံတမန် စသည့် သတင်းအရင်းအမြစ်ပုဂ္ဂိုလ်များ ပြောကြားချက်ကို ကိုးကား၍ The Times of Israel က ဖော်ပြခဲ့သည်။

ဟားမက်စ်ဘက်က အပစ်ရပ်မှုနည်းလမ်းအပေါ် ပြန်လည်ဖြေကြားသည့် အကြံပြုချက်အရ အမေရိကန်နှင့် အစ္စရေးသည် ဒိုဟာ၌ ဆွေးနွေးညှိနှိုင်းမှုတွင် ပါဝင်နေသော ကိုယ်စီ၏ကိုယ်စားလှယ်များကို ပြန်လည်ခေါ်ယူကာ အပစ်ရပ်မှု၏ “အစားထိုးရွေးချယ်ချက်” အား စဉ်းစားသွားမည်ဖြစ်ကြောင်း စတိဗ် ဝစ်ကော့ဖ်နှင့် အစ္စရေးဝန်ကြီးချုပ်ရုံးတို့က ဇူလိုင် ၂၄ ရက်တွင် သီးခြားစီ ထုတ်ပြန်ကြေညာခဲ့သည်။

စတိဗ် ဝစ်ကော့ဖ်သည် ဩဂုတ် ၁ ရက်တွင် ဂါဇာကမ်းမြောင်ဒေသသို့ သွားရောက်၍ “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” ၏ ကူညီရေးပစ္စည်းများ ခွဲဝေပေးရာနေရာအား စစ်ဆေးကြည့်ရှုသွားမည်ဟုလည်း အစ္စရေးမီဒီယာများက ဆိုသည်။

မေလနှောင်းပိုင်းမှစ၍ အထက်ဖော်ပြပါ ပုဂ္ဂလိကအဖွဲ့အစည်းသည် အမေရိကန်နှင့် အစ္စရေး၏ ပံ့ပိုးမှုဖြင့် ကုလသမဂ္ဂအဖွဲ့အစည်းကို ဖယ်ရှောင်ကာ ဂါဇာကမ်းမြောင်ဒေသ အကူအညီပစ္စည်းများ ခွဲဝေမှုကို တစ်ဖက်သတ် လက်လွှဲရယူခဲ့သည်။ အစ္စရေးစစ်တပ်ကမူ ကူညီရေးပစ္စည်းခွဲဝေရာနေရာ အနီးတစ်ဝိုက်တွင် ပါလက်စတိုင်းပြည်သူများအား မကြာခဏ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ တိုက်ခိုက်ခံရပြီးနောက် မီးခိုးလုံးများ တက်လာသည်ကို အစ္စရေးဘက်ခြမ်းမှ ၂၀၂၅ ခုနှစ် ဇူလိုင် ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

——————
(Chinese Version)
以媒:加沙停火谈判濒临破裂 以色列考虑扩大加沙军事行动
新华社耶路撒冷7月31日电(记者路一凡 王卓伦)以色列总理内塔尼亚胡7月31日会晤到访的美国中东问题特使威特科夫。以色列媒体随后报道称,以方认为加沙地带停火谈判濒临破裂,正考虑扩大军事行动,实现加沙地带“非军事化”。
以媒说,内塔尼亚胡与威特科夫谈了将近三个小时。一名以方高级官员告诉《今日以色列报》、“新消息”网站等希伯来语媒体,鉴于巴勒斯坦伊斯兰抵抗运动(哈马斯)的立场和停火谈判濒于失败,以美双方同意,不再寻求就短期停火、部分被扣押人员获释达成协议,而是改为寻求一项全面方案,即解除哈马斯武装、实现加沙地带“非军事化”并使所有被扣押人员获释。该官员还称,哈马斯方面已“切断联络”。
《耶路撒冷邮报》当天援引一名以方消息人士的话报道,以政府内部认为,哈马斯不大可能软化立场,加沙停火谈判濒临破裂,以方扩大在加沙地带的军事行动眼下看起来“不可避免”。
而据《以色列时报》援引阿拉伯国家外交官等消息人士的话报道,哈马斯在卡塔尔首都多哈的谈判代表向斡旋方表示,在加沙地带的饥饿危机缓解前,哈马斯对重启停火谈判“毫无兴趣”。
威特科夫和以色列总理府24日分别宣布,鉴于哈马斯对停火方案的回复意见,美以召回各自在多哈参与谈判的人员,并将考虑停火的“替代选项”。
以媒还说,威特科夫8月1日将前往加沙地带,查看“加沙人道主义基金会”的援助物资分发点。
自5月下旬以来,上述私营组织在美国和以色列支持下,绕开联合国机构,单方面接管加沙地带援助物资分发,而以军频繁在援助点附近向巴勒斯坦民众开火。(完)
图说1:这是7月29日在加沙边境以色列一侧拍摄的以军坦克。新华社发(吉尔·科恩·马根摄)
图说2:这是7月29日从以色列一侧拍摄的加沙地带遭袭后升起浓烟。新华社发(吉尔·科恩·马根摄)