China
တရုတ်နိုင်ငံက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကမ္ဘောဒီးယား-ထိုင်း ဆက်ဆံရေး တိုးတက်စေရန် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက်ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဆို

ပေကျင်း၊ ဩဂုတ် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်က နယ်စပ်အထွေထွေကော်မတီအစည်းအဝေး ကျင်းပခြင်းကို တန်ဖိုးထားချီးကျူး၍ကြိုဆိုကြောင်း၊ အာဆီယံ၏ ဖျန်ဖြေရေးအတွက် ကြိုးစားမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး တရားမျှတသည့်၊ သမာသမတ်ကျသည့်ရပ်တည်ချက်ကို လက်ကိုင်ထားကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကမ္ဘောဒီးယား-ထိုင်း ဆက်ဆံရေး တိုးတက်စေရန် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဩဂုတ် ၅ ရက်တွင် ပြောကြားခဲ့သည်။
သတင်းများအရ ဩဂုတ် ၄ ရက်မှ ၇ ရက်အထိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်အထွေထွေကော်မတီအစည်းအဝေးကို မလေးရှားတွင် ကျင်းပပြီး တရုတ်နိုင်ငံက ဩဂုတ် ၇ ရက်၌ ကျင်းပမည့် နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးကို တက်ရောက်ရန် ဖိတ်ကြားခံခဲ့ရရာ တရုတ်နိုင်ငံအနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။
ဇူလိုင် ၃၀ ရက်တွင် တရုတ်-ကမ္ဘောဒီးယား-ထိုင်း သုံးပွင့်ဆိုင် အလွတ်သဘောတွေ့ဆုံဆွေးနွေးမှု အောင်မြင်စွာ ကျင်းပခဲ့စဉ်မှစ၍ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်တွင် အပြန်အလှန် ပစ်ခတ်မှုများ ထပ်မံဖြစ်ပွားခဲ့ခြင်း မရှိတော့ဘဲ လက်ရှိ မြေပြင်အခြေအနေမှာ ဆက်လက်ပြေလျော့လျက်ရှိပြီး ကမ္ဘောဒီးယား-ထိုင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အား တဖြည်းဖြည်း လက်တွေ့ဖော်ဆောင်လျက်ရှိကြောင်း၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌနိုင်ငံ မလေးရှား၏ တက်ကြွစွာ ညှိနှိုင်းဆောင်ရွက်ပေးမှုတွင် ကမ္ဘောဒီးယား-ထိုင်း နှစ်ဖက်က အပစ်အခတ်ရပ်စဲရေး ကြီးကြပ်ကွပ်ကဲမှုယန္တရား အသေးစိတ်အစီအစဥ်ရေးဆွဲခြင်းဆိုင်ရာ ဘက်ပေါင်းစုံ၊ အလွှာစုံ ညှိနှိုင်းဆွေးနွေးမှုလုပ်ဆောင်ရန် နယ်စပ်အထွေထွေကော်မတီအစည်းအဝေး ကျင်းပမည်ဖြစ်ရာ ထိရောက်မှုရှိသော၊ ရေရှည်တည်တံ့သော အပစ်အခတ်ရပ်စဲရေးရရှိရန် အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ ယင်းအပေါ် တရုတ်နိုင်ငံက တန်ဖိုးထားချီးကျူး၍ကြိုဆိုကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား၊ ထိုင်း နှစ်ဖက်၏ သဘောဆန္ဒအရ တရုတ်နိုင်ငံသည် ကမ္ဘောဒီးယား၊ ထိုင်းနှင့် မလေးရှား စသည့် ဒေသတွင်းနိုင်ငံများနှင့်အတူ အပစ်ရပ်စဲရေးအခင်းအကျင်းကို ခိုင်မြဲစေရန်၊ တွေ့ဆုံဆွေးနွေးမှုမြှင့်တင်ရန်၊ အခြေအနေ တည်ငြိမ်စွာဖြေလျှော့ရေးအား တွန်းအားပေးရန် နီးကပ်သော ဆွေးနွေးမှုများအား တက်ကြွစွာ ထိန်းသိမ်းထားကြောင်း၊ တရုတ်နိုင်ငံသည် အာဆီယံ၏ ဖျန်ဖြေရေးအတွက် ကြိုးစားမှုများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ပြီး တရားမျှတသည့်၊ သမာသမတ်ကျသည့်ရပ်တည်ချက်ကို လက်ကိုင်ထားကာ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ကမ္ဘောဒီးယား-ထိုင်း ဆက်ဆံရေး တိုးတက်စေရန် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
……………………………..
(Chinese Version)
外交部:中方将继续以自己的方式为柬泰关系转圜发挥建设性作用
新华社北京8月5日电 外交部发言人郭嘉昆5日表示,中方赞赏和欢迎柬泰双方举行边界总委员会会议,将继续支持东盟的劝促努力,秉持公道公允立场,以自己的方式为柬泰关系转圜发挥建设性作用。
有记者问:据报道,8月4日至7日,柬埔寨—泰国边界总委员会会议在马来西亚举行,中方将受邀参加7日召开的边界总委员会特别会议。中方对此有何评论?
郭嘉昆说,7月30日中国—柬埔寨—泰国三方非正式会晤成功举行以来,柬泰边境未再发生交火,现地局势持续趋缓,柬泰停火共识正逐步落实。在东盟轮值主席国马来西亚的积极协调下,柬泰双方举行边界总委员会会议,就制定停火监督机制细化方案进行多渠道、多层级沟通,有利于实现有效、可持续停火。中方对此表示赞赏和欢迎。
郭嘉昆表示,根据柬、泰双方意愿,中方积极同柬、泰及马等地区国家保持密切沟通,巩固停火局面,促进沟通对话,推动稳局降温。中方将继续支持东盟的劝促努力,秉持公道公允立场,以自己的方式为柬泰关系转圜发挥建设性作用。(完)