Connect with us

North America

မကြာမီတွင် ရုရှား-ယူကရိန်း ခေါင်းဆောင်တို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု ထရမ့်ဆို

အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော်၌ အမေရိကန် သမ္မတ ထရမ့်က သတင်းထောက်များ မေးမြန်းမှုအား ဖြေကြားရန် လျှောက်လှမ်းလာသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်က ဩဂုတ် ၆ ရက်တွင် ရုရှား-ယူကရိန်းပဋိပက္ခ အဆုံးသတ်ရေးနှင့် စပ်လျဉ်း၍ ၎င်းက မကြာမီ ရုရှားသမ္မတ ပူတင်၊ ယူကရိန်း သမ္မတ ဇယ်လန်းစကီးတို့နှင့် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိသည်ဟု အိမ်ဖြူတော်၌ မီဒီယာများ၏ မေးမြန်မှုကို ဖြေကြားရာတွင် ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးမှုအပေါ် သဘောတူခြင်းရှိ၊ မရှိကို မီဒီယာ သတင်းထောက်များက မေးမြန်းရာတွင် ထရမ့်က ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးလမ်းကြောင်းသည် “အလွန်ရှည်လျားလျက်ရှိ” ကြောင်း၊ “သို့သော် မကြာမီ တွေ့ဆုံဆွေးနွေးတစ်ခု ကျင်းပနိုင်ဖွယ်ရှိကြောင်း” ပြောကြားခဲ့သည်။
ထရမ့်က ၎င်းအနေဖြင့် အစောဆုံး လာမည့်သီတင်းပတ်တွင် ပူတင်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ယင်းနောက် ၎င်းတို့နှစ်ဦးနှင့် ဇယ်လန်းစကီးတို့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း အဆိုပါနေ့တွင် ဥရောပခေါင်းဆောင်နှင့် ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးစဉ် ပြောကြားခဲ့သည်ဟု “The New York Times” နှင့် CNN က အိမ်ဖြူတော်အရာရှိများအား သတင်းအရင်းအမြစ်အဖြစ် သတ်မှတ်၍ ထုတ်ပြန်ထားသော သတင်းအရ သိရသည်။ တွေ့ဆုံဆွေးနွေးမှု စီစဉ်ထားသည့်အတိုင်း ကျင်းပနိုင်ခြင်း ရှိ၊ မရှိမှာ ရုရှား-ယူကရိန်း ပဋိပက္ခ အခြေအနေတိုးတက်မှု မည်ကဲ့သို့ရှိခြင်း၊ အမေရိကန်၊ ရုရှားနှင့် ယူကရိန်းတို့ ကိုယ်စီ၏ရပ်တည်ချက်များ “လုံလောက်စွာ တူညီနီးစပ်မှု” ရှိ၊ မရှိခြင်းအပေါ် မူတည်ကြောင်း အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်နှင့် ပူတင်တို့၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “ရလဒ်များ ကြွယ်ဝ” ကြောင်း ထရမ့်က ထိုနေ့အစောပိုင်းတွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ယင်းနောက် မီဒီယာများ၏ မေးမြန်းမှုတွင် ၎င်းက စတိဗ် ဝစ်ကော့ဖ်၏ ယခုအကြိမ် ခရီးစဉ်သည် “ထိုးဖောက်မှု” တစ်ကြိမ် ဖြစ်သည်ဟု ပြောရန်ခက်ခဲကြောင်း ပြောကြားခဲ့သည်။
ပူတင်နှင့် စတိဗ် ဝစ်ကော့ဖ်၏ ဩဂုတ် ၆ ရက် တွေ့ဆုံဆွေးနွေးမှုသည် “အလွန်အကျိုးရှိပြီး များစွာ အပြုသဘောဆောင်ကြောင်း”၊ နှစ်ဖက်သည် ယူကရိန်းအကျပ်အတည်းနှင့် ရုရှား-အမေရိကန် မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်ရေး၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုအလားအလာ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ထိုနေ့တွင် ပြောကြားခဲ့သည်။ ပူတင်နှင့် စတိဗ် ဝစ်ကော့ဖ်၏ တွေ့ဆုံဆွေးနွေးမှုသည် ၃ နာရီခန့် ကြာမြင့်ကြောင်း ရုရှားမီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။
အမေရိကန်၏ ရုရှားအပေါ် ဖိအားပေးမှုသည် ရလဒ်များပေါ်ထွက်လာပြီး လက်ရှိတွင် ရုရှားဘက်က အပစ်ရပ်ရန် ပို၍ အားသာကြောင်း ဇယ်လန်းစကီးက ထိုနေ့တွင် လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။ “အဓိကကတော့ အသေးစိတ် အချက်အလက်တွေမှာ သူတို့က (ရုရှား-အမေရိကန်) ကျွန်တော်တို့ကို မလိမ်လည်ဖို့ပါပဲ” ဟု ၎င်းက အလေးထားပြောကြားခဲ့သည်။ ၎င်းက စတိဗ် ဝစ်ကော့ဖ် ရုရှားခရီးစဉ်နှင့် စပ်လျဉ်း၍ ထရမ့်နှင့် ဆွေးနွေးခဲ့ဖူးပြီး ယူကရိန်းသည် “တရားမျှတမှုရှိသော ငြိမ်းချမ်းရေး” ကို အဆိုပြုကြောင်း အလေးထားပြောကြားခဲ့သည်။
ရုရှားအနေဖြင့် ဩဂုတ် ၈ ရက်မတိုင်မိ ရုရှား-ယူကရိန်း ပဋိပက္ခကို အဆုံးသတ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက အမေရိကန်၏ တစ်ဆင့်တိုး ပိတ်ဆို့အရေးယူမှုများနှင့် ရင်ဆိုင်ရမည်ဟု ထရမ့်အစိုးရက လတ်တလောတွင် သတိပေးခဲ့သည်။ ရုရှားဘက်က ယူကရိန်းနှင့် ပဋိပက္ခဖြစ်ပွားမှုကို ရပ်တန့်လာစေရန် ထရမ့်က ၎င်းအနေဖြင့် “ဒုတိယအဆင့် ပိတ်ဆို့အရေးယူမှုများ” ကို မကြာမီ ကြေညာနိုင်ကြောင်း ဩဂုတ် ၆ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် ရုရှားသမ္မတ ပူတင် (ဝဲဘက်) နှင့် ကရင်မလင်နန်းတော်တွင် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်တို့ ဩဂုတ် ၆ ရက်က တွေ့ဆုံစဉ် (ဓာတ်ပုံ- Kremlin Press Office/Handout via Xinhua)

………………………
(Chinese Version)
特朗普说“很有可能”不久与俄乌领导人会晤
新华社纽约8月6日电(记者夏林)美国总统特朗普6日在白宫接受媒体采访时表示,他“很有可能”不久与俄罗斯总统普京及乌克兰总统泽连斯基就结束俄乌冲突举行会晤。   在被媒体记者问及泽连斯基是否同意举行三方会晤时,特朗普说,要结束俄乌冲突的路“依旧很长”,“但不久很有可能举行一场会晤”。
据《纽约时报》和美国有线电视新闻网以白宫官员为消息源报道,特朗普当天与欧洲领导人通话时说,他打算最快于下周和普京进行会晤,随后两人与泽连斯基举行三方会晤。美国国务卿鲁比奥则表示,会晤能否如期实现,要看围绕俄乌冲突的形势进展如何,美俄乌各自的立场是否“足够接近”。
特朗普6日早些时候在社交媒体上发文称,美国中东问题特使威特科夫当天与普京的会晤“富有成果”。不过,他稍后在接受媒体采访时又说,很难说威特科夫此行是一次“突破”。
俄罗斯总统助理乌沙科夫6日表示,普京当天和威特科夫的会谈“非常有益且富有建设性”,双方讨论了乌克兰危机以及俄美战略合作未来发展前景等议题。据俄媒报道,普京与威特科夫的会谈持续约3个小时。
泽连斯基当天在社交媒体发文表示,美方对俄方施压产生效果,俄方现在更倾向于停火。他强调,“主要是他们(俄美)别在细节上欺骗我们”。他说自己曾与特朗普讨论威特科夫访俄,并强调乌方主张“公正的和平”。
特朗普政府近期警告,俄方必须于8月8日前结束俄乌冲突,否则将面临美方进一步制裁。特朗普6日称,他可能即将宣布一批“次级制裁”,以迫使俄方停止与乌方的冲突。(完)
图说1:8月1日,在美国首都华盛顿白宫,美国总统特朗普走向记者准备回答提问。新华社记者 胡友松 摄
图说2:8月6日,在俄罗斯首都莫斯科,俄总统普京(左)在克里姆林宫会见美国中东问题特使威特科夫。 新华社发(克里姆林宫网站供图)