Connect with us

Africa & Middle East

အစ္စရေးစစ်တပ်၏ ဂါဇာမြို့ လက်လွှဲရယူခြင်းဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် အပြင်းအထန် စိုးရိမ်ပူပန်မိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောကြား

ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Beit Lahia မြို့တွင် ကူညီထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်လာကြသောသူများအား ၂၀၂၅ ခုနှစ် ဩဂုတ် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၉ ရက် (ဆင်ဟွာ)
အစ္စရေးကာကွယ်ရေးတပ်က ဂါဇာမြို့အား လက်လွှဲရယူမည့် သက်ဆိုင်ရာ ဆုံးဖြတ်ချက်များအပေါ် တရုတ်နိုင်ငံအနေဖြင့် အပြင်းအထန် စိုးရိမ်ပူပန်မိကြောင်း၊ အစ္စရေးအနေဖြင့် အန္တရာယ်များသော လုပ်ရပ်များ ချက်ချင်းရပ်တန့်ရန် တိုက်တွန်းကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ပြောကြားခဲ့သည်။

အစ္စရေးလုံခြုံရေးအစိုးရအဖွဲ့သည် ဝန်ကြီးချုပ်နေတန်ယာဟုအဆိုပြုသော ကာကွယ်ရေးတပ်မှ ဂါဇာမြို့အား လက်လွှဲရယူမည့် အစီအစဉ်ကို အတည်ပြုပေးခဲ့ပြီးဖြစ်ရာ တရုတ်ဘက်အနေဖြင့် ယင်းအပေါ် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။

ဂါဇာကို ပါလက်စတိုင်းပြည်သူများ ပိုင်ဆိုင်ပြီး ပါလက်စတိုင်းပိုင်နက်၏ ခွဲခြား၍မရသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ဂါဇာလူသားချင်းစာနာမှု အကျပ်အတည်း ပြေလျော့စေရေးနှင့် ဖမ်းဆီးထားခံရသော ဓားစာခံများ လွတ်မြောက်ရေးအတွက် မှန်ကန်သောနည်းလမ်းမှာ ချက်ချင်းအပစ်အခတ်ရပ်စဲရေးဖြစ်ပြီး၊ ဂါဇာပဋိပက္ခ အကြွင်းမဲ့ ဖြေရှင်းရေး၏ အဓိကသော့ချက်မှာလည်း အပစ်အခတ်ရပ်စဲရေးပင်ဖြစ်ကြောင်း၊ ဤကဲ့သို့လုပ်ဆောင်မှသာလျှင် ပဋိပက္ခငြှိမ်းသတ်ရေးလမ်းကြောင်း ပြေပြစ်စေနိုင်ပြီး ဒေသတွင်းလုံခြုံရေးအတွက် အာမခံနိုင်မည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဂါဇာတွင်စစ်မက်မီးလျှံများငြှိမ်းသတ်ရန်၊ လူသားချင်းစာနာမှုအကျပ်အတည်းပြေလျော့စေရန်၊ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို လက်တွေ့အကောင်အထည်ဖော်ရန် ဆောလျင်စွာ တွန်းအားပေးကာ နောက်ဆုံးတွင် ပါလက်စတိုင်းပြဿနာအား ဘက်စုံ၊ တရားမျှတစွာ ရေရှည်တည်တံ့သော ဖြေရှင်းမှုရရှိရန် ကြိုးပမ်းသွားလိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
外交部:对以军计划接管加沙城的有关决定表示严重关切
新华社北京8月8日电 外交部发言人郭嘉昆8日表示,中方对以色列国防军计划接管加沙城的有关决定表示严重关切,敦促以色列立即停止危险举动。
有记者问:以色列安全内阁已批准总理内塔尼亚胡提出的由以国防军接管加沙城的计划。中方对此有何评论?
郭嘉昆说,加沙属于巴勒斯坦人民,是巴勒斯坦领土不可分割的一部分。缓解加沙人道危机和实现被扣押人质获释的正确方式是立即停火,彻底解决加沙冲突的关键也在于停火,唯有如此才能为平息冲突铺平道路、为地区安全提供保障。
郭嘉昆表示,中方愿同国际社会一道努力,推动尽早平息加沙战火,缓解人道灾难,落实“两国方案”,最终实现巴勒斯坦问题全面、公正、持久解决。(完)
图说:8月5日,在加沙地带拜特拉希耶,人们搬运援助物资。 新华社发(里泽克·阿卜杜勒贾瓦德摄)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.