Connect with us

China

တရုတ်နိုင်ငံ၏ ဗဟိုဘဏ္ဍာရေးရန်ပုံငွေမှ ရေဘေးသင့်ဒေသများရှိလမ်းများပြင်ဆင်ရန် ယွမ်ငွေ သန်း ၇၀ ခွဲဝေချထားပေး

တရုတ်နိုင်ငံမြောက်ပိုင်း၊ ထျန်းကျင်းပြည်နယ်၊ Jizhou ခရိုင်၊ Xiaying မြို့၊Changzhou ရွာမှ ရေ ဘေးကြောင့်ပျက်စီးသွားသည့်လမ်းပိုင်းများကို အင်ဂျင်နီယာလုပ်ငန်းသုံးယာဥ်များဖြင့် ပြင်ဆင်နေခြင်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်၌ ဝေဟင်မှရိုက်ကူးခဲ့သည့် ဒရုန်းဓါတ်ပုံတွင် တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ သြဂုတ် ၉ ရက် ( ဆင်ဟွာ)

တရုတ်နိုင်ငံ၏ဗဟိုဘဏ္ဍာရန်ပုံငွေမှ ယွမ်သန်း ၇၀ (အမေရိကန်ဒေါ်လာ ၉.၈၁ သန်းခန့်)ကို ရေဘေးသင့်ဒေသများရှိလမ်းများအား လျှင်မြန်စွာပြင်ဆင်နိုင်ရေးအတွက် သြဂုတ် ၈ ရက်၌ ခွဲ ဝေချထားပေးလိုက်ပြီဖြစ်သည်။
အဆိုပါ ဘဏ္ဍာရန်ပုံငွေများကို ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနတို့်မှ ပြည်နယ်အဆင့်ဒေသခုနှစ်ခုဖြစ်သည့် ပေကျင်း၊ ထန်းကျင်း၊ ဟဲပေ၊ ဆန်းရှီး၊ ကျီလျင်၊ ကျဲ့ကျန်းနှင့် ဖူကျန့်ပြည်နယ်များရှိ ပျက်စီးသွားသည့်လမ်းများအား ဆောလျင်စွာပြုပြင်နိုင်ရေးအတွက်ရည်မှန်းကာ ခွဲဝေချထားပေးခဲ့ခြင်းဖြစ်သည်။

အဆိုပါ ရန်ပုံငွေများအား ရေလွှမ်းမိုးနေသည့် ဒေသများ၊ တံတားပျက်စီးနေမှုများ၊ တောင်စောင်းပြိုကျမှုများအပါအဝင် ဆိုးရွားသော ဘေးအန္တရာယ်များကို ရင်ဆိုင်နေရသည့်ဒေသများရှိ ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံစိတ်ချရစေရန်နှင့် ပစ္စည်းဥစ္စာများဆုံးရှုံးမှုမဖြစ်စေရန် ခွဲ ဝေအသုံးပြုသွားမည်ဖြစ်သည်။ (Xinhua)
………………………….
(English Version)
China allocates 70 million yuan to repair roads in flood-hit regions
BEIJING, Aug. 8 (Xinhua) — China on Friday allocated 70 million yuan (about 9.81 million U.S. dollars) from its central fiscal reserves to expedite emergency road repairs in flood-affected regions.
The funds, which were issued by the Ministry of Finance and the Ministry of Transport, targeted seven provincial-level regions — Beijing, Tianjin, Hebei, Shanxi, Jilin, Zhejiang and Fujian.
They will address critical hazards, including collapsed slopes, bridge failures and submerged sections, aiming to ensure the safety of people’s lives and property.
Photo:
An aerial drone photo taken on July 29, 2025 shows engineering vehicles taking part in the repair of a road in Changzhou Village of Xiaying Town in Jizhou District, north China’s Tianjin. (Xinhua/Li Ran)