Asia
ဘရူနိုင်းနိုင်ငံ၏ မူအာရာဆိပ်ကမ်း တိုးချဲ့ရေးစီမံကိန်း ၂၀၂၇ နှစ်ကုန်ပိုင်းတွင် ပြီးစီးရန်မျှော်လင့်

ဘန်ဒါဆရီဘဂါဝမ်၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
ဘရူနိုင်းနိုင်ငံ၏ မူအာရာဆိပ်ကမ်းတိုးချဲ့ရေးစီမံကိန်းမှာ ဖြေးဖြေးနှင့်မှန်မှန် တစ်ဆင့်ချင်းတိုးတက်မှုရနေပြီး ၂၀၂၇ နှစ်ကုန်ပိုင်းတွင် ပြီးစီးမည်ဟု မျှော်လင့်ထားကြောင်း မူအာရာဆိပ်ကမ်းကုမ္ပဏီ (MPC) က ဆင်ဟွာ သတင်းဌာနသို့ ဩဂုတ် ၈ ရက်က ပြောကြားခဲ့သည်။MPC ၏ ပြောကြားမှုအရ တရုတ်-ဘရူနိုင်း အစုစပ်လုပ်ငန်းကုမ္ပဏီကို ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ၂၀၂၄ ခုနှစ် ဩဂုတ်တွင် အစပြုခဲ့သော ရေပြင်ကို မြေပြင်အဖြစ်ပြုပြင်ပြောင်းလဲသည့် မြေယာချဲ့ ထွင်ခြင်းလုပ်ငန်းများနှင့် တိုးချဲ့ ကွန်တိန်နာဆိပ်ကမ်းသစ်အတွက် အခြေခံအဆောက်အအုံများ တည်ဆောက်ရေးလုပ်ငန်းများမှာ စီစဉ်ထားသည့်အတိုင်း အဆင်ပြေချောမွေ့စွာ တိုးတက်လျက်ရှိသည်ဟု သိရသည်။
မူအာရာဆိပ်ကမ်းမှာ MPC က လက်ရှိ စီမံခန့်ခွဲလည်ပတ်လျက်ရှိသော အများပြည်သူနှင့်ဆိုင်သည့် တစ် ခုတည်းသောရေနက်ဆိပ်ကမ်းဖြစ်သလို တရုတ်နှင့် ဘရူနိုင်းကြား အကောင်အထည်ဖော်ဆောင်ရွက်နေ သည့် ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်း (BRI) အောက်မှ အထင်ကရ စီမံကိန်းတစ်ခုလည်း ဖြစ်သည်။
မြေယာသစ်များပြုပြင်ဖော်ထုတ်သည့်ဧရိယာအတွင်းရှိ ရေပြင်နှင့် မြေပြင်ကြားမှ ကမ်းရိုးတန်းအနား သတ်မျဉ်းမှာ ထင်သာမြင်သာရှိစွာ အသစ်ပေါ်ထွက်လာသလို မြောက်မြားစွာသော အကြီးစား စက် ပစ္စည်းကိရိယာများမှာလည်း စနစ်တကျလည်ပတ်လုပ်ကိုင်လျက်ရှိသည်ကို ဩဂုတ် ၈ ရက်က မျက်မြင် တွေ့ရှိရသည်။
တိုးချဲ့စီမံကိန်းအရ ကွန်တိန်နာများ လက်ခံထားရှိနိုင်သည့် ဆိပ်ကမ်းအဆောက်အအုံဧရိယာကို မီတာ ၃၀၀ ကျော် ထပ်မံချဲ့ထွင်ခြင်းဖြစ်ကာ စီမံကိန်းပြီးစီးပါက တန်ချိန် ၅၀,၀၀၀ ရှိသည့် ကွန်တိန်နာတင် သင်္ဘောကြီးများ ဆိပ်ကမ်းတွင် ဆိုက်ကပ်ရပ်နားနိုင်မည်ဖြစ်သည်။
ယခုစီမံကိန်းဖြင့် ကွန်တိန်နာများထားရှိသိုလှောင်နိုင်သည့် ဆိပ်ကမ်းအဆောက်အအုံဧရိယာကို တိုးချဲ့ပေးနိုင်မည်ဖြစ်သလို ရှိပြီးသား ကွန်တိန်နာနှင့် ဘက်စုံသုံးဆိပ်ကမ်းကိုလည်း အဆင့်မြှင့်တင် ပေးနိုင်မည်ဖြစ်ကြောင်း၊ ဆိပ်ကမ်း၏ကိုင်တွယ်ဆောင်ရွက်နိုင်သည့်စွမ်းဆောင်ရည်ကို သိသာထင်ရှားစွာ တိုးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ဘရူနိုင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် BRI စီမံကိန်းခေါင်းစဉ်အောက်မှ ၂ နိုင်ငံ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုများကိုလည်း ပို၍အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း MPC က ဆင်ဟွာသတင်းဌာနသို့ ပြောကြားခဲ့သည်။
ဘရူနိုင်းမှာ ရေနံနှင့် သဘော၀ဓာတ်ငွေ့အရင်းအမြစ်များပေါကြွယ်၀သည့် အရှေ့တောင်အာရှနိုင်ငံတစ် ခုဖြစ်ပြီး မူအာရာဆိပ်ကမ်းမှလည်း ၂၀၂၄ ခုနှစ်အတွင်း ကွန်တိန်နာဖြင့်သယ်ဆောင်လာသည့် ကုန်ပစ္စည်းတန်ချိန် ၁.၉ သန်းကျော်ကို လက်ခံ တင်ချပေးနိုင်ခဲ့သည်။ (Xinhua)
—————————-
(English Version)
Brunei’s Muara Port expansion project to be completed by 2027
Brunei’s Muara Port expansion project to be completed by 2027
BANDAR SERI BEGAWAN, Aug. 9 (Xinhua) — The expansion project of Brunei’s Muara Port container terminal is progressing steadily, and is expected to be completed as scheduled by the end of 2027, the Muara Port Company (MPC) told Xinhua on Friday.
According to the MPC, a China-Brunei joint venture established in 2017, the land reclamation and foundation work for the new terminal have progressed smoothly since its launch in August 2024.
Muara Port, Brunei’s only public deep-water port currently managed and operated by the MPC, is one of the flagship projects under the Belt and Road Initiative (BRI) between the two countries.
At the construction site on Friday, the emerging new coastline in the reclamation area is clearly visible, with various heavy machinery operating in orderly fashion.
According to the MPC, the project will extend existing terminal facilities by over 300 meters, enabling Muara Port to accommodate 50,000-ton container vessels upon completion.
The MPC told Xinhua that the project will expand container berths and upgrade existing container and multipurpose terminals, which will significantly enhance the port’s handling capacity and better serve Brunei’s economic development and bilateral cooperation under the BRI.
Brunei is a Southeast Asian country with rich oil and gas resources. In 2024, Muara Port handled over 1.9 million tons of container cargo.
Photo:
This photo taken on Aug. 8, 2025 shows the construction site of the expansion project of Muara Port container terminal in Brunei.(Xinhua/Li Meng)