Connect with us

Asia

အမေရိကန်နှင့် တောင်ကိုရီးယားက “Ulchi-Freedom” စစ်ရေးလေ့ကျင့်မှု ကျင်းပမည့်အပေါ် မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ပြစ်တင်ရှုတ်ချ

ပြုံယမ်း၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး No Kwang Chol က ဩဂုတ် ၁၀ ရက်တွင် အမှာစကားပြောကြားရာတွင် အမေရိကန်နှင့် တောင်ကိုရီးယားစစ်တပ်တို့က “Ulchi-Freedom” အကြီးစား ပူးတွဲစစ်ရေးလေ့ကျင့်မှုအား ဩဂုတ် ၁၈ ရက်မှ စ၍ ကျင်းပမည်ဟု ကြေညာခြင်းအား ပြစ်တင်ရှုတ်ချကြောင်း၊ အမေရိကန်-တောင်ကိုရီးယားတို့၏ အဆိုပါလုပ်ရပ်သည် ကိုရီးယားကျွန်းဆွယ် ဘေးကင်းလုံခြုံမှုပတ်ဝန်းကျင်အပေါ် ပြင်းထန်သောစိန်ခေါ်မှုကို ထပ်မံသယ်ဆောင်လာကြောင်း ဆိုခဲ့သည်။
“Ulchi-Freedom” ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် လက်တွေ့နျူကလီးယားစစ်ပွဲအား စိတ်ကူးယဉ်ဥပမာထားသည့် အခြေအနေအဖြစ် ထားရှိကြောင်း၊ “ဒါက မြောက်ကိုရီးယားအပေါ် တိုက်ရိုက် စစ်ရေးအရရန်စမှု ဖြစ်ရုံသာမက အပစ်ရပ်မှုအခြေအနေမှာရှိနေတဲ့ ကိုရီးယားကျွန်းဆွယ် အခြေအနေရဲ့ မမျှော်မှန်းနိုင်မှု၊ သတ်မှတ်ဒေသ အခြေအနေ မတည်ငြိမ်မှုတို့ကို ဆိုးရွားစေတဲ့ ခြိမ်းခြောက်မှု အစစ်အမှန်ဖြစ်တယ်” ဟု အမှာစကားပြောကြားရာတွင် ၎င်းက ဆိုခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယား၏ အဆိုပါလုပ်ရပ်သည် မြောက်ကိုရီးယားနှင့် စစ်ရေးအရ အတိုက်အခံပြုလုပ်မှု ရပ်တည်ချက်ကို ပေါ်လွင်စေပြီး ကိုရီးယားကျွန်းဆွယ်နှင့် ဒေသတွင်း ဘေးကင်းလုံခြုံမှု ပတ်ဝန်းကျင်အတွက် ပြင်းထန်သော စိန်ခေါ်မှုများ ထပ်မံသယ်ဆောင်လာကြောင်း၊ မြောက်ကိုရီးယားအနေဖြင့် အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ သက်ဆိုင်ရာ ရန်စမှုလုပ်ရပ်အား ပြစ်တင်ရှုတ်ချပြီး ထို့ကြောင့်ဖြစ်ပေါ်လာသော အနုတ်လက္ခဏာ နောက်ဆက်တွဲရလဒ်များအပေါ် ပြင်းထန်စွာ သတိပေးကြောင်း အမှာစကားတွင် ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။
အမေရိကန်နှင့် တောင်ကိုရီးယား၏ တစ်ဖက်သတ် စစ်ရေးခြိမ်းခြောက်မှုနှင့် အတိုက်အခံပြုလုပ်မှု ရည်ရွယ်ချက်မှာ ကိုရီးယားကျွန်းဆွယ်နှင့် အနီးတစ်ဝိုက်ဒေသများ တင်းမှုအခြေအနေ တစ်နေ့တခြား ဆိုးရွားလာစေသည့် အခြေခံအကြောင်းရင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယားထံသို့ လက်နက်အင်အား ကြွားလုံးထုတ်မှုသည် ဆန့်ကျင်ဘက်ရလဒ်သာ ရရှိမည်ဖြစ်ပြီး အမေရိကန်နှင့် တောင်ကိုရီးယား၏ ဘေးကင်းလုံခြုံမှုကို ပိုမိုမလုံခြုံသည့် အခြေအနေသို့ ကျရောက်သွားစေမည်သာဖြစ်ကြောင်း အမှာစကားတွင် အလေးထားပြောကြားခဲ့သည်။
ရန်သူနိုင်ငံ၏ တိုက်ခိုက်မှုလုပ်ရပ်အား တားဆီးခြင်း၊ စစ်ရေးအရ ရန်စမှုကို ရင်ဆိုင်ခြင်း၊ အမျိုးသားလုံခြုံရေးနှင့် ဒေသတွင်း ငြိမ်းချမ်းရေးအား ကာကွယ်ထိန်းသိမ်းခြင်းသည် မြောက်ကိုရီးယား လက်နက်ကိုင်အင်အား၏ အပြည့်အဝတာဝန်ဖြစ်ကြောင်း၊ မြောက်ကိုရီးယား လက်နက်ကိုင်အင်အားသည် အဆုံးစွန်၊ ပြတ်သားသော ရင်ဆိုင်မှုအနေအထားဖြင့် အမေရိကန်နှင့် တောင်ကိုရီးယား၏ စစ်ပွဲလေ့ကျင့်မှု လှုပ်ရှားမှုကို ရင်ဆိုင်သွားမည်ဖြစ်ကာ စည်းကျော်သော မည်သည့် ရန်စမှုလုပ်ရပ်ကိုမဆို မိမိကိုယ်ကိုကာကွယ်ခွင့် အတိုင်းအတာအတွင်းရှိ အချုပ်အခြာအာဏာ လုပ်ပိုင်ခွင့်များအား တင်းကျပ်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အမှာစကားတွင် ပြောကြားခဲ့သည်။ (Xinhua)

——————-
(Chinese Version)
朝鲜国防相谴责美韩将举行“乙支自由之盾”军演
新华社平壤8月11日电(记者王超 冯亚松)据朝中社11日报道,朝鲜国防相努光铁10日发表谈话,谴责美国和韩国军方宣布将从18日起开始举行的“乙支自由之盾”大规模联合军演,称美韩此举给朝鲜半岛安保环境再次带来严重挑战。
谈话说,“乙支自由之盾”联合军演以实际核战争作为假想情况,“不仅是对朝鲜的直接军事挑衅,而且是加剧处于停战状态的朝鲜半岛形势的不可预测性、固定地区局势不稳定化的真正威胁”。
谈话说,美韩此举暴露出与朝鲜的军事对抗立场,给朝鲜半岛和地区安保环境再次带来严重挑战。朝方强烈谴责美韩有关挑衅行为,并就由此导致的负面后果作出严正警告。
谈话强调,美韩单方面军事威胁和对抗意图是使朝鲜半岛和周边地区紧张局势日趋加剧的根本原因。向朝鲜炫耀武力将会适得其反,必将使美韩的安保处于更不安全的状态。
谈话还说,遏制敌国的攻击行为,应对军事挑衅,维护国家安全和地区和平,是朝鲜武装力量的绝对使命。朝鲜武装力量将以彻底而果断的应对态势对付美韩的战争演习活动,并将对越线的任何挑衅行为严正行使自卫权范围内的主权权利。(完)