Connect with us

Asia

သီရိလင်္ကာအမျိုးသားဥယျာဥ်တွင် တန်းစီစောင့်ဆိုင်းမှုများ လျှော့ချရန် အွန်လိုင်းလက်မှတ်ရောင်းချမှု စတင်

အာရှဆင်များကို သီရိလင်္ကာနိုင်ငံ Minneriya အမျိုးသားဥယျာဥ်တွင် ၂၀၂၅ ခုနှစ် ဇူလိုင် ၂၀ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကိုလံဘို၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
သီရိလင်္ကာ အမျိုးသားဥယျာဥ်များသို့ လာရောက်လည်ပတ်မည့်သူများသည် သြဂုတ် ၁၀ ရက်မှစတင်ကာ လက်မှတ်များကို အွန်လိုင်းမှ ဝယ်ယူနိုင်ပြီဖြစ်ကြောင်း တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်‌‌ရှောက်ရေးအဖွဲ့က‌ ကြေညာခဲ့သည်။
တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်‌‌ရှောက်ရေး အဖွဲ့ က‌ အမျိုးမျိုးသော ဥယျာဥ် များတွင် လာရောက် လည် ပတ်သူများ လက်မှတ်တန်းစီကာ နှောင့်‌နှေးကြန့်ကြာမှုများ ကြုံတွေ့ရပြီးနောက် ယခုလိုဆောင်ရွက်မှုကို မိတ်ဆက် လိုက်ခြင်း ဖြစ်ကြောင်း ပြောဆိုခဲ့သည်။ ဌာန၏ တရားဝင် ဝက်ဘ်ဆိုက်မှတစ်ဆင့် လက်မှတ်များ ဝယ်ယူနိုင်မည်ဖြစ်သည်။
သီရီလင်္ကာ အမျိုးသားဥယျာဉ်များသည် ‌‌ပြည်တွင်းခရီးသွားများရော နိုင်ငံခြားခရီးသွားများအကြားတွင်ပါ ရေပန်းစားလျက်ရှိပြီး ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း အမျိုးသားဥယျာဉ်များမှကောက်ခံရရှိသည့် ဝင်ငွေ မှာ ရူပီး ၃.၀၈ ဘီလီယံ ( အမေရိကန် ဒေါ်လာ ၁၀ သန်းခန့်) ရှိကြောင်းသိရသည်။ (Xinhua)
………………………
(English Version)
Sri Lanka launches online ticketing for national parks to reduce queues
Source: Xinhua| 2025-08-10 17:45:45|Editor: huaxia
COLOMBO, Aug. 10 (Xinhua) — Visitors to Sri Lankan national parks can purchase tickets online from Sunday, the Department of Wildlife Conservation announced.
The department said the measure was introduced after tourists experienced long delays due to queues at various parks. Tickets can be purchased through the official website of the department.
Sri Lankan national parks are popular among both local and foreign tourists. Official data showed that national parks earned a revenue of 3.08 billion rupees (about 10 million U.S. dollars) in the first half of 2025.
Asian elephants are pictured in Minneriya national park, Sri Lanka, July 20, 2025. (Xinhua/Wu Yue)