Asia
ထိုင်းစစ်တပ်၏ သဘောထားထုတ်ပြန်မှုက အပစ်ရပ် သဘောတူညီချက်အား ချိုးဖောက်ရာကျဟု ကမ္ဘောဒီးယား ပြစ်တင်

ဖနွမ်းပင်၊ ဩဂုတ် ၁၁ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ အမှတ် (၂) စစ်ဒေသ ကွပ်ကဲရေးမှူး Boonsin Padklang ၏ ဩဂုတ် ၁၀ ရက် သဘောထား ထုတ်ပြန်ပြောကြားရာတွင် ကမ္ဘောဒီးယားနှင့်သက်ဆိုင်သည့် စစ်ရေးလှုပ်ရှားမှု အစီအစဉ်များ ပါဝင်နေရာ ယင်းသည် နှစ်နိုင်ငံက ရရှိထားသည့် အပစ်ရပ် သဘောတူညီချက်ကို ချိုးဖောက်ရာကျကြောင်း ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maly Socheata က ဩဂုတ် ၁၁ ရက်တွင် ပြောကြားခဲ့သည်။
Boonsin Padklang က ဩဂုတ် ၁၀ ရက်တွင် ထိုင်းမီဒီယာ တွေ့ဆုံမေးမြန်းမှုကို ဖြေကြားရာ၌ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်ရှိ ပိုင်နက်နယ်မြေ အငြင်းပွားမှုရှိသည့် ဘုရားကျောင်းနှစ်ကျောင်းနှင့် စပ်လျဉ်း၍ ကမ္ဘောဒီးယား ဝင်ရောက်မှုကို ရှောင်ကြဉ်ရန် ထိုင်းဘက်က ၎င်းအနက်တစ်နေရာကို ပိတ်ဆို့မှု လုပ်ဆောင်သွားရန် စဉ်းစားနေကြောင်း၊ ကမ္ဘောဒီးယားဘက်က အားသာချက်ရှိသည့် နောက်ဘုရားကျောင်း တစ်နေရာကိုလည်း ထိုင်းဘက်က သေချာပေါက် ပြန်လည်ရယူမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ထိုင်းမီဒီယာများက သတင်းဖော်ပြထားသည်။
Boonsin Padklang ၏ အထက်ပါ သဘောထားထုတ်ပြန်ပြောကြားမှုသည် “ရန်စမှုနှင့် ကမ္ဘောဒီးယား အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုအား ကျူးကျော်ရန် ကြိုတင်ပြင်ဆင်မှုအတွက် ငြင်းပယ်၍မရသော သက်သေဖြစ်” ကြောင်း၊ နှစ်ဖက်က ဇူလိုင် ၂၈ ရက်တွင် ရရှိခဲ့သည့် အပစ်ရပ် သဘောတူညီချက်နှင့် ဩဂုတ် ၇ ရက်တွင် မလေးရှားနိုင်ငံ၌ ကျင်းပသည့် နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေး စိတ်ဓာတ်ကို ချိုးဖောက်ရာကျကြောင်း Maly Socheata က ဩဂုတ် ၁၁ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
နယ်စပ်အထွေထွေကော်မတီ အထူးအစည်းအဝေးတွင် ကမ္ဘောဒီးယား-ထိုင်းနှစ်ဖက်က လက်ရှိနေရာပြင်ပ၌ ကင်းလှည့်ခြင်း မပြုရန် အပါအဝင် စစ်တပ်ရွှေ့ပြောင်းခြင်းမပြုရန် စသည်တို့နှင့်စပ်လျဉ်း၍ သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း Maly Socheata က ဆိုသည်။
“ကမ္ဘောဒီးယားအနေဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းရေး သဘောထားကို ခိုင်မာစွာ ထိန်းသိမ်းထားပြီး ငြိမ်းချမ်းရေးအခြေခံမူကို လက်ကိုင်ထားကာ အပစ်ရပ်သဘောတူညီချက်ကို တင်းကျပ်စွာ ဖော်ဆောင်လျက်ရှိပါတယ်။ ထိုင်းနိုင်ငံဘက်ကလည်း ဒီအခြေခံမူကို လက်ကိုင်ထားဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
柬埔寨指责泰军方表态违反停火协议
新华社金边8月11日电(记者吴长伟)柬埔寨国防部发言人马莉淑洁达11日说,泰国第二军区司令汶信·巴朗10日表态提及涉柬军事行动计划,违反两国达成的停火协议。
据泰国媒体报道,汶信10日在接受泰媒采访时说,对泰柬边境存在领土争议的两处寺庙,泰方考虑在其中一处实施封锁以避免柬方进入,对另一处柬方占优势的寺庙,泰方也势必拿回。
马莉淑洁达11日在新闻发布会上说,汶信上述表态“构成挑衅和预谋侵犯柬埔寨主权和领土完整的不可否认的证据”,违反双方7月28日达成的停火协议,以及8月7日在马来西亚举行的边界总委员会特别会议的精神。
马莉淑洁达说,在边界总委员会特别会议上,柬泰已达成一致,约定双方不得调动军队,包括不得在现有阵地以外巡逻。“柬埔寨坚守和平解决立场,坚持和平原则,严格履行停火协议。希望泰方也能坚持这一原则。”(完)
图说:8月7日,在马来西亚吉隆坡,柬埔寨副首相兼国防大臣迪西哈(左)和泰国国防部副部长那达蓬·那帕尼展示签署的协议。新华社发(张纹综摄)