Connect with us

China

ပါတီဝင်ကြေးများကို ရေကြီးမှုထိန်းချုပ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် တရုတ်ကွန်မြူနစ်ပါတီ ခွဲဝေပေး

တရုတ်ကွန်မြူနစ်ပါတီ၏ ပါတီကျောင်းဥက္ကဋ္ဌ Chen Xi က ၂၀၂၅ နွေဦးရာသီဘွဲ့နှင်းသဘင်သို့တက်ရောက်ပြီး သင်တန်းပြီးဆုံးသူများကို ဘွဲ့လက်မှတ်အပ်နှင်းနေခြင်းအား ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) က ကန်းစုနှင့်ကန်းရှီးပြည်နယ်များ၌ ဖြစ်ပွားခဲ့သည့် ရေကြီးမှု သဘာ၀ ဘေးအန္တရာယ်ကာကွယ်ရန်နှင့် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပါတီဝင်ကြေး စုစုပေါင်း ယွမ် ၃၂ သန်း (အမေရိကန်ဒေါ်လာ ၄ . ၅ သန်းခန့်)ကို ခွဲဝေပေးခဲ့သည်။
ပါတီအသင်းဝင်ကြေးများကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီကိုယ်စား CPC ဗဟိုကော်မတီအဖွဲ့အစည်းဆိုင်ရာဌာနမှ ကောက်ခံစီမံပြီး ခွဲဝေပေးခြင်းဖြစ်သည်။
ရေဘေးထိန်းချုပ်ရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ရှေ့ဆုံးမှ ပါဝင်ကူညီနေသော ပါတီဝင်များ၊ တာဝန်ရှိသူများနှင့် ဒေသခံများ၊ သဘာ၀ဘေးဒဏ်ကြောင့် အခက်အခဲကြုံတွေ့ခဲ့သူများ၊ ပါတီဝင်များအားထားရာ ပညာရေးဘက်ဆိုင်ရာ အဆောက်အအုံပျက်စီးမှုများကို ပြန်လည်ပြင်ဆင်မှုများလုပ်ပေးနိုင်ရေးကိုလည်း ဌာနက တိုက်တွန်းထားသည်။

အလားတူ ဒေသဆိုင်ရာအာဏာပိုင်များအနေဖြင့် ပျောက်ဆုံးနေသူများကို ကယ်ဆယ်ရှာဖွေခြင်းလုပ်ငန်းအား လုပ်ဆောင်နိုင်သမျှ အစွမ်းကုန်လုပ်ဆောင်ကြရန်၊ သေဆုံးမှုအရေအတွက်အား အနည်းဆုံးဖြစ်စေရန်၊ ရွှေ့ပြောင်းပေးခြင်းနှင့် ပြန်လည်နေရာချပေးခြင်းလုပ်ငန်းစဉ်များ လုပ်ဆောင်ပေးကြရန်လည်း တိုက်တွန်းထားသည်။
တာဝန်ရှိသူများအနေဖြင့် စွန့်စားရာရောက်သော ကြိုတင်ခန့်မှန်းမှုများမပြုလုပ်ဘဲ ဆောလျှင်စွာ အသိပေး ခြင်း၊ အားနည်းချက်များကို ဖော်ထုတ်ခြင်း၊ ဘေးအန္တရာယ်ကြုံတွေ့ရာနေရာများ၌ ထိရောက်စွာကိုင်တွယ်ဖြေရှင်းရေး၊ အရေးပေါ် တာဝန်များအားအရှိန်အဟုန်မြှင့်ဆောင်ရွက်ပြီး မျက်ခြေမပြတ်စောင့်ကြည့်ထားကြရန်လည်း တိုက်တွန်းမှာကြားထားသည်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ကန်းစုပြည်နယ်တွင် သြဂုတ် ၇ ရက်မှ ၈ ရက်အထိ မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး သြဂုတ် ၉ ရက် မွန်းလွဲပိုင်း၌ တောင်ကျရေများစီးဆင်းလာခဲ့ခြင်းကြောင့် သေဆုံးသူ ၁၃ ဦးရှိခဲ့သလို ပျောက်ဆုံးသူ ၃၀ ဦးရှိခဲ့ကြောင်းသိရသည်။
အလားတူ သြဂုတ် ၅ ရက်မှ ၆ ရက်အထိ တရုတ်နိုင်ငံတောင်ပိုင်း ကွမ်ရှီး(ကျွမ့်) ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အချို့သောနေရာများတွင် တောင်ကျရေများ ထိုးကျလာခြင်း၊ အလွန်အမင်းမိုးသည်းထန်မှုများလည်း ကြုံတွေ့ခဲ့ရသည်။ (Xinhua)


………………………….
(English Version)
CPC allocates Party membership fees to flood control, relief work
BEIJING, Aug. 9 (Xinhua) — The Communist Party of China (CPC) has earmarked membership fees totaling 32 million yuan (about 4.5 million U.S. dollars) for flood control and disaster relief in the provincial regions of Gansu and Guangxi.
Membership fees are collected and administered by the Organization Department of the CPC Central Committee on behalf of the CPC Central Committee.
The department has called for the swift disbursement of the funds to support Party members, officials and residents on the front line of flood control and relief work, as well as those in difficulty due to natural disasters, and for the repair of educational facilities for Party members.
It has urged regional authorities to make every effort to search for and rescue those who are missing, to evacuate and resettle those affected, and to minimize casualties.
Officials have been called on to strengthen risk forecasts and early warnings, ramp up efforts to identify and address vulnerabilities, and reinforce emergency duty and on-site monitoring.
Torrential rains battered northwest China’s Gansu Province from Thursday to Friday, triggering mountain torrents that had left 13 dead and 30 missing as of noon Saturday.
From Tuesday to Wednesday, regions in south China’s Guangxi Zhuang Autonomous Region experienced moderate to heavy rains, with some areas seeing torrential downpours or extreme rainfall.
Photo:
Chen Xi, president of the Party School of the Communist Party of China (CPC) Central Committee (National Academy of Governance), attends a graduation ceremony for the 2025 spring semester and presents certificates to the semester’s graduates, July 15, 2025. (Xinhua/Chen Yehua)