Connect with us

China

စည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်း ဆက်လက်ဆိုင်းငံ့ခြင်း စသည်တို့နှင့်စပ်လျဉ်း၍ တရုတ်-အမေရိကန် သဘောတူညီချက် ရရှိ

တရုတ်-အမေရိကန် နှစ်နိုင်ငံ ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးရေးအဖွဲ့များက ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့၌ ဒေသစံတော်ချိန် ဇူလိုင် ၂၈ ရက်က တရုတ်-အမေရိကန် ကုန်သွယ်စီးပွားကဏ္ဍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရာ ဆွေးနွေးပွဲမတိုင်မီ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် အမေရိကန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Scott Bessent တို့ လက်ဆွဲနှုတ်ဆက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဩဂုတ် ၁၂ ရက် (ဆင်ဟွာ)

တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံသည် “တရုတ်-အမေရိကန် စတော့ဟုမ်း ကုန်သွယ်စီးပွားကဏ္ဍ ဆွေးနွေးပွဲ ပူးတွဲကြေညာချက်” ကို ဩဂုတ် ၁၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်ဘက်က တရုတ်ကုန်စည်ပစ္စည်း (ဟောင်ကောင် အထူးအုပ်ချုပ်ခွင့်ရဒေသနှင့် မကာအို အထူးအုပ်ချုပ်ခွင့်ရဒေသ ကုန်ပစ္စည်းများ အပါအဝင်) အပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံမည့် အစီအစဉ်ကို ဆက်လက်ချိန်ညှိသွားမည် ဖြစ်ကြောင်း၊ ဩဂုတ် ၁၂ ရက်မှစ၍ ၂၄ ရာခိုင်နှုန်းဟူသော အလားတူစည်းကြပ်ခွန်ကို ဆက်လက်၍ ရက်ပေါင်း ၉၀ ယာယီဆိုင်းငံ့သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။

တရုတ်နိုင်ငံဘက်က ဩဂုတ် ၁၂ ရက်မှစ၍ အမေရိကန်အပေါ် စည်းကြပ်ခွန် ၂၄ ရာခိုင်နှုန်း ဖော်ဆောင်ခြင်းနှင့် စည်းကြပ်ခွန်မဟုတ်သော တန်ပြန်အစီအမံများကို ရက်ပေါင်း ၉၀ ဆက်လက်ဆိုင်းငံ့မည် ဖြစ်ကြောင်းသိရသည်။ (Xinhua)

————————–
(Chinese Version)
中美就24%关税继续暂停等达成共识
新华社北京8月12日电 8月12日,中美双方发布《中美斯德哥尔摩经贸会谈联合声明》。美方承诺继续调整对中国商品(包括香港特别行政区和澳门特别行政区商品)加征关税的措施,自8月12日起继续暂停实施24%的对等关税90天。中方自8月12日起继续暂停实施24%对美加征关税以及有关非关税反制措施90天。(完)
1. 当地时间7月28日,中美两国经贸团队在瑞典斯德哥尔摩举行中美经贸会谈。这是会谈前,中共中央政治局委员、国务院副总理何立峰与美国财政部长贝森特握手。 新华社记者 戴天放 摄