North America
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် လေယာဉ်ငယ် နှစ်စင်း တိုက်မိ၊ လူ ၃ ဦးသေဆုံး
![အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ပျက်ကျခဲ့သည့် Dean International ပိုင်လေယာဉ်တစ်စင်း ပျက်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)](https://xinhuamyanmar.com/wp-content/uploads/2018/07/images_world_2018_07_18e1.jpg)
ဝါရှင်တန်၊ ဇူလိုင် ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင် ဝေဟင်၌ ဇူလိုင်လ ၁၇ ရက်က လေယာဉ်ငယ်နှစ်စင်း တိုက်မိရာ အနည်းဆုံး လူ ၃ ဦးသေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်တိုက်မှုသည် ဖလော်ရီဒါပြည်နယ် တောင်ပိုင်းတွင် ဖြစ်ပွားခဲ့ကြောင်း ပြည်ထောင်စု လေကြောင်း စီမံအုပ်ချုပ်ရေးက ပြောကြားခဲ့သည်။ လေယာဉ်ပျက်ကျမှုကြောင့် လူ ၃ ဦးသေဆုံးကြောင်း ခရီးသည်ဖြစ်ဟန်တူသော လေးဦးမြောက်၏နေရာကိုမူ မသိရကြောင်း ဒေသဆိုင်ရာ ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။
သေဆုံးသူများအား မည်သူမည်ဝါဖြစ်သည်ဟု မသိရှိရသေးကြောင်း၊ သု့ိသော်လည်း အဆိုပါ လေယာဉ်များမှာ လေကြောင်းနည်းပြများမှ မောင်းနှင်သည်ဟု ယုံကြည်ရကြောင်း၊ တစ်ဦးမှာ အသက် ၂၂ နှစ်အရွယ် Jorge Sanchez ဆိုသူ ဖြစ်ကြောင်း သိရသည်။
မီယာမီမြို့တော်ဝန်က ထို လေယာဉ် နှစ်စင်းလုံးမှာ Dean International မှ ပိုင်ဆိုင်ကြောင်း ဒေသခံ မီဒီယာများအား ပြောကြားခဲ့သည်။ (Xinhua)