International Organizations
ဘာစီလိုနာအသင်း၌သာ ဆက်လက်ကစားရန် ဆန္ဒရှိဟု ဖာမင် လိုပက်ဇ် ပြော

မက်ဒရစ်၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)
ဘာစီလိုနာအသင်း ကွင်းလယ်လူ ဖာမင် လိုပက်ဇ်က ၎င်းအနေဖြင့် အသင်းမှထွက်ခွာရန် ရည်ရွယ်ထားခြင်း မရှိဟု အခိုင်အမာပြောကြားခဲ့သည်။ ၎င်းအနေဖြင့် နည်းပြဟန်ဆီ ဖလစ်ခ်အတွက် အရေးပါကြောင်း သက်သေပြခဲ့သည့် စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ဘာစီလိုနာအသင်းအနေဖြင့် ရာသီမစတင်မီ ပုံမှန်ယှဉ်ပြိုင်ကစားလေ့ရှိသည့် ယိုအန် ဂမ်ပါ ရာသီကြိုဖိတ်ခေါ်ဖလားပြိုင်ပွဲတွင် အီတလီကလပ် ကိုမိုအသင်းအား ၅ ဂိုးပြတ် အနိုင်ရရှိခဲ့ရာတွင် လိုပက်ဇ်က အဖွင့်ဂိုးနှစ်ဂိုး သွင်းယူခဲ့သလို ပြိုင်ဘက်အသင်းက ခံစစ်ဇုန်မှတစ်ဆင့် ကစားကွက်ဖော်ရန် ကြိုးပမ်းနေချိန်တွင်လည်း တရစပ် ဖိအားပေးကာ အသင်းအတွက် အခွင့်အရေးများ ထပ်မံဖန်တီးနိုင်ရန် အထောက်အကူပေးခဲ့သည်။
ဘာစီလိုနာအသင်းက အရေးတကြီး ဘတ်ဂျက်လိုအပ်နေမှုကို ဖြေရှင်းနိုင်ရန် လိုပက်ဇ်အား ရောင်းထုတ်နိုင်သည်ဟူသော ပြောဆိုမှုများ ထွက်ပေါ်လျက်ရှိသည်။ သို့သော် အဆိုပါပွဲစဉ်၌ ပွဲစဉ်အလိုက် အကောင်းဆုံးကစားသမားဆု ရရှိခဲ့သည့် အသက် ၂၂ နှစ်အရွယ် လိုပက်ဇ်က အသင်း၌ ဆက်ရှိနေမည်ဟု ပွဲအပြီးတွင် အခိုင်အမာပြောဆိုခဲ့သည်။
“ကျွန်တော် ဒီအသင်းမှာ ဆက်နေချင်ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့မျှော်မှန်းချက်ပါ။ ကျွန်တော် ဆက်ရှိနေမှာပါ။ အကြောင်းအရာ တော်တော်များများကို ပြောဖူးပေမဲ့ ကျွန်တော် ဒီအသင်းရဲ့ အမှတ်တံဆိပ်ကို ဆက်လက်ကာကွယ်ပြီး ဆက်ကြိုးစားသွားမှာပါ။ ပရိသတ်တွေ စိတ်ချလက်ချနေကြပါ” ဟု အဆိုပါပွဲစဉ်နှင့် ပတ်သက်၍ မှတ်ချက်မပေးမီတွင် ၎င်းက ပြောကြားခဲ့သည်။
“တစ်သင်းလုံး သိပ်ကောင်းခဲ့တဲ့ ပွဲတစ်ပွဲဖြစ်ပြီး ဒီပွဲက ကျွန်တော်တို့ကို အထောက်အကူဖြစ်စေပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့ပြီး ကွင်းထဲတွင် လုပ်အားနှုန်းကောင်းကောင်းဖြင့် ကစားဟန်ကိုလည်း ပြောင်းလဲမည်မဟုတ်ဟု ဆက်လက်ပြောကြားခဲ့သည်။ လက်ရှိချန်ပီယံဆုကို ကာကွယ်ရမည့် ဘာစီလိုနာအနေဖြင့် လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ် ၁၆ ရက်၌ မာယော့ကာနှင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။ ( Xinhua)
…………………………………………………
(English Version)
Lopez wants to stay at Barca after MVP display
MADRID, Aug. 11 (Xinhua) — FC Barcelona midfielder Fermin Lopez insisted he has no intention of leaving the club after producing a display that showed why he is important to coach Hansi Flick.
Lopez scored the opening two goals of Barca’s 5-0 win over Como in the traditional pre-season Joan Gamper friendly and also helped his side create further chances with his constant pressure as the Italian side looked to play the ball out from defense.