Connect with us

Environment, Disasters & Accidents

တရုတ်နိုင်ငံ တောရိုင်းအာရှဆင်အုပ်စု ကောင်းမွန်စွာ မျိုးပွားမှု အလားအလာကို ထိန်းသိမ်းထား

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား ပြည်နယ်ခွဲ ကျင်ဟုန်မြို့ တာ့တုကန်ကျေးရွာစု၌ အစာရှာနေသော “ရန်ရန် မိသားစု” တောရိုင်းဆင်အုပ်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကူမင်း၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

ဩဂုတ် ၁၂ ရက်သည် ကမ္ဘာ့ဆင်များနေ့ဖြစ်သည်။ ရှေ့တန်းစောင့်ကြည့်တိုင်းတာမှု နောက်ဆုံးအချက်အလက်များအရ တရုတ်နိုင်ငံ၏ တောရိုင်းအာရှဆင်အုပ် သွားလာဆက်ဆံမှုများပြားကြောင်း၊ အကောင်ရေဖွဲ့စည်းပုံ တည်ငြိမ်ကြောင်း၊ မွေးဖွားနှုန်း တည်ငြိမ်စွာ တိုးတက်နေကြောင်း၊ ဆင်သားပေါက် အသက်ရှင်မှုနှုန်းသည် အတန်အသင့်မြင့်မားသည့် အဆင့်တွင် ထိန်းသိမ်းထားကြောင်း သိရှိရသောကြောင့် တရုတ်နိုင်ငံ တောရိုင်းအာရှဆင်အုပ်စု ကောင်းမွန်စွာ မျိုးပွားမှု အလားအလာကို ထိန်းသိမ်းထားကြောင်း ဖော်ပြလျက်ရှိသည်ဟု တရုတ်နိုင်ငံ အမျိုးသား သစ်တောနှင့်မြက်ခင်းပြင်ရေးရာ စီမံခန့်ခွဲရေးဌာန အာရှဆင် သုတေသနစင်တာမှ သတင်း‌ထောက် သိရှိရသည်။အာရှဆင်သည် အာရှတိုက်တွင် လက်ရှိတည်ရှိဆဲ ခန္ဓာကိုယ်အကြီးမားဆုံး ကုန်းနေသတ္တဝါ၊ အပူပိုင်းသစ်တော၏ အထင်ကရမျိုးစိတ်ဖြစ်သည်။ ၎င်းသည် နိုင်ငံတော် အဆင့် (၁) အဓိက ကာကွယ်ထိန်းသိမ်းထားသော တောရိုင်းတိရစ္ဆာန် အမျိုးအစား စာရင်းဝင်ဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ သဘာဝထိန်းသိမ်းရေး (IUCN) က “မျိုးသုဉ်းရန် အန္တရာယ်ရှိသော” မျိုးစိတ်အဖြစ် အကဲဖြတ်ထားခြင်းခံရသည်။

တရုတ်နိုင်ငံ၏ တောရိုင်းဆင်များသည် အဓိကအားဖြင့် ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား၊ ဖူအယ်နှင့် လျင်ချန်း စသည့်ဒေသများတွင် လှည့်လည်ကျက်စားလျက်ရှိသည်။ လတ်တလောနှစ်ပိုင်းတွင် ယူနန်တောရိုင်းဆင် အကောင်ရေသည် တည်ငြိမ်စွာတိုးတက်လျက်ရှိရာ ၁၉၇၆ ခုနှစ်တွင် အကောင်ရေ ၁၄၀ ကျော်မှ လက်ရှိတွင် အကောင်ရေ ၃၀၀ ကျော်အထိ ရှိလာပြီး ကာကွယ်စီမံခန့်ခွဲမှု ရလဒ်သိသာထင်ရှားသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရှစ်ဆောင်ပဏ္ဏား အာရှဆင် ကယ်ဆယ်ရေးနှင့် မျိုးပွားပျိုးထောင်ရေးစင်တာ၌ ဝန်ထမ်း မော့စီးယွီ (ဝဲဘက်) နှင့် ယန်အုန်းဟန်တို့က ဆင်လေးအား တောရိုင်း၌ နေထိုင်နိုင်ရန် လေ့ကျင့်မှု လုပ်ဆောင်နေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

“စောင့်ကြည့်တိုင်းတာတဲ့ အချက်အလက်အရ ကြည့်မယ်ဆို တောရိုင်းဆင်ရဲ့အုပ်စုဖွဲ့စည်းပုံက ကောင်းမွန် တည်ငြိမ်တဲ့ အနေအထားရှိတာကို တွေ့ရတယ်” ဟု တရုတ်နိုင်ငံ အမျိုးသား သစ်တောနှင့်မြက်ခင်းပြင်ရေးရာ စီမံခန့်ခွဲရေးဌာန အာရှဆင် သုတေသနစင်တာ ဌာနမှူး ချန်ဖေးက မိတ်ဆက်ပြောကြားခဲ့သည်။

အာရှဆင်သည် စံတင်လောက်သည့် အုပ်စုလိုက်နေထိုင်သည့် တိရစ္ဆာန်ဖြစ်ပြီး အတန်အသင့်ရှုပ်ထွေးသော အသိုင်းအဝိုင်းဖွဲ့စည်းပုံရှိသည်။ ဆင်အိမ်ထောင်စုကို အရွယ်ရောက် ဆင်မကြီးနှင့် ၎င်း၏သား၊ သမီးများနှင့် ဖွဲ့စည်းထားပြီး နှစ်ကောင် သို့မဟုတ် အများအပြားရှိသော ဆင်မနှင့် ၎င်းတို့၏ သား၊ သမီးများဖြင့် လူအများက ယေဘုယျအားဖြင့် ဆင်အုပ်ဟုခေါ်လေ့ရှိသည့် ဆင်မိသားစုကို ဖွဲ့စည်းထားသည်။
“မိသားစုတစ်ခုမှာ ပုံမှန်အားဖြင့် တောရိုင်းဆင် ၈ ကောင်ကနေ ၁၅ ကောင်အထိ ရှိတယ်။ အသက်အကြီးဆုံး ဆင်မကြီးက မိသားစုခေါင်းဆောင်အနေနဲ့ ဆင်အုပ်ရွှေ့ပြောင်းနေထိုင်မှု၊ အစာရှာမှုနဲ့ အနားယူမှုတွေကို ဦးဆောင်ပြီးလုပ်ဆောင်တယ်” ဟု ချန်ဖေးကဆိုသည်။

ဆင်အုပ်အကောင်ရေ အတန်အသင့်ပမာဏတစ်ခုအထိ ရောက်လာပါက ဆွေမျိုးနီးစပ်သည့် ညီအစ်မ သို့မဟုတ် သားအမိဆင်များသည် မိမိ၏သား၊ သမီးများကိုခေါ်ဆောင်ကာ မိသားစုအသစ်တည်ထောင်၍ နေထိုင်ကျက်စားရာဒေသအသစ် ရှာဖွေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

“လတ်တလော တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ဆင်အုပ်တိုင်းနီးပါးမှာ ဆင်သားပေါက်လေးတွေရှိပြီး ဆင်အုပ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ကောင်းမွန်စွာ ကြီးပြင်းလာပါတယ်” ဟု တောရိုင်းဆင်စောင့်ကြည့်သူ တျောင်းဖားရှင်းက မိတ်ဆက်ပြောကြားခဲ့သည်။

ယူနန်ပြည်နယ် ဖူအယ်မြို့ ကျန်းချိန်ခရိုင်တွင် စတုရန်း ကီလိုမီတာ ၁,၀၀၀ နီးပါးရှိသည့် အတိုင်းအတာအတွင်း၌ တောရိုင်းဆင် ၅၉ ကောင် နေထိုင်လျက်ရှိပြီး ဆင်အုပ် ၇ ခုကနေ ၈ ခုအထိ ခွဲ၍ နေထိုင်လှုပ်ရှားကြကြောင်း၊ ဆင်အုပ်တိုင်းတွင် တည်ငြိမ်သော အဖွဲ့ဝင် ဖွဲ့စည်းပုံရှိပြီး ဆင်အုပ်အသီးသီး အပြန်အလှန် သွားလာဆက်ဆံမှုသည်လည်း များစွာရင်းနှီးကြောင်း ၎င်းက ဆိုသည်။
“ဆင်သားပေါက်လေးတွေ အသက်ရှင်နိုင်နှုန်း မြင့်တယ်ဆိုတာကလည်း တောရိုင်းဆင်အုပ်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဖွံ့ဖြိုးတိုးတက်မှု အလားအလာက အတန်အသင့် ကောင်းတယ်ဆိုတာကို ဖော်ပြနေပါတယ်” ဟု ချန်ဖေးက ဆိုသည်။

ဆင်အုပ်များ သွားလာဆက်ဆံမှု များပြားသည်မှာလည်း နေထိုင်ကျက်စားရာဒေသ၏ အစားအစာ၊ ရေအရင်းအမြစ် စသည်တို့ အပါအဝင် သဘာဝပတ်ဝန်းကျင်သည် ၎င်းတို့ အသက်ရှင်သန်ရန်အတွက် လုံလောက်သည့် အာမခံမှု ပံ့ပိုးပေးသည်ကိုလည်း အပြည့်အဝဖော်ပြလျက်ရှိသည်ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————–
(Chinese Version)
我国野生亚洲象种群保持健康繁衍态势
新华社昆明8月12日电(记者赵珮然、王贤思)8月12日是世界大象日。记者从国家林业和草原局亚洲象研究中心了解到,从最新一线监测数据看,我国野生亚洲象象群交流频繁、种群结构稳定、生育率稳步提升、小象存活率保持在较高水平,显示我国野生亚洲象种群保持健康繁衍态势。
亚洲象是亚洲现存体型最大的陆生动物、热带森林的旗舰物种,被列为国家一级重点保护野生动物,并被世界自然保护联盟(IUCN)评估为“濒危”物种。我国野象主要分布在云南西双版纳、普洱和临沧等地。近年来,云南野象数量稳步增长,从1976年的140多头增加到如今的300多头,保护管理成效显著。
“从监测数据看,野象的种群结构趋于健康、稳定。”国家林草局亚洲象研究中心主任陈飞介绍,亚洲象是典型的群居动物,有较为复杂的社群结构,家庭由成年雌象及其子女组成,两个或多个姊妹雌象及各自子女组成家族,即人们常说的象群。
“一个家族通常有8到15头野象,由最年长的雌象担任家族的首领,引导象群迁移、觅食和休憩。”陈飞说,当种群数量增长到一定规模,血缘关系较近的姊妹或母女会带着自己子女成立新的家族,寻找新的栖息区域。
“近一两年,几乎每个象群都会有新生小象,在象群的呵护下健康成长。”野象监测员刁发兴介绍,在云南省普洱市江城县,近1000平方公里的范围内生活着59头野象,分成7至8个象群活动,每个象群都有稳定的成员结构,各象群的交流十分密切。
“小象的存活率高意味着野外种群的健康状态和发展趋势是比较良好的。”陈飞说,象群交流频繁,也充分说明了栖息地的自然环境,包括食物、水源等为它们提供了充足的生存保障。(完)
图说1: “然然家族”野象群在云南省西双版纳州景洪市大渡岗乡觅食(无人机照片,2025年8月9日摄)。新华社记者 胡超 摄
图说2:在云南省西双版纳亚洲象救护与繁育中心,工作人员莫诗宇(左)、岩翁罕带小象进行野化训练(8月10日摄)。新华社记者胡超 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.