Connect with us

Sport

ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ – ချန်ပီယံညတွင် တရုတ် Sanda အဖွဲ့က ရွှေတံဆိပ်ဆု ၃ ဆု ဆွတ်ခူးရရှိ

ချိန်တူး၊ ဩဂုတ် ၁၃ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ချိန်တူးမြို့၌ ဩဂုတ် ၁၂ ရက် ညပိုင်းက ကျင်းပသည့် ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ ဝူရှူးကစားနည်း Sanda ပြိုင်ပွဲတွင် တရုတ်အဖွဲ့ ပြိုင်ပွဲဝင်များက ရွှေတံဆိပ်ဆု ၃ ဆု ဆွတ်ခူးရရှိခဲ့ပြီး အဆိုပါကစားနည်းတွင် ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိသူ ဖြစ်လာခဲ့သည်။တရုတ်အဖွဲ့ ပြိုင်ပွဲဝင် ချန်မုန့်ယွဲ့က ဩဂုတ် ၁၂ ရက် ညပိုင်းတွင် အမျိုးသမီး ၅၂ ကီလိုအဆင့် ဗိုလ်လုပွဲ၌ ၂:၀ ရမှတ်ဖြင့် အိန္ဒိယပြိုင်ပွဲဝင် Namrata Batra အား အနိုင်ယူခဲ့သည်။
“ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲမှာ ပါဝင်တာက ဝူရှူးကစားနည်းအပေါ် အသိအမှတ်ပြုမှုပဲဖြစ်ပါတယ်။ အခု နိုင်ငံခြားမှာ ဝူရှူးကစားနည်း တိုးတက်မှုကလည်း သိပ်မြန်ပါတယ်။ နိုင်ငံတကာပြိုင်ပွဲတွေ၊ ကူးလူးဖလှယ်မှုကနေတစ်ဆင့် ကျွန်မတို့က အားသာချက်ကို လေ့လာသင်ယူကာ အားနည်းချက်တွေ ဖြည့်ဆည်းတာကို မြှင့်တင်နိုင်ပါတယ်” ဟု ချန်မုန့်ယွဲ့က ဆိုခဲ့သည်။

၎င်း၏အဖွဲ့ဝင် လီကျစ်ချင်ကလည်း ဆက်လက်ပြီး ကြိုးပမ်းခဲ့ရာ အမျိုးသမီး ၆၀ ကီလိုအဆင့် ဗိုလ်ပွဲတွင် ရမှတ် ၂:၀ ဖြင့် ဗီယက်နမ်ပြိုင်ပွဲဝင် Nguyen Thi Thu Thuy အား အလွယ်တကူ အနိုင်ယူကာ နောက်ထပ် ရွှေတံဆိပ်ဆု တစ်ဆု ဆွတ်ခူးရရှိခဲ့သည်။ ထို့နောက် ပါဝင်ယှဉ်ပြိုင်သူ ကျူးဟိုင်လန်ကမူ အမျိုးသမီး ၇၀ ကီလိုအဆင့် Sanda ဗိုလ်ပွဲတွင် ရမှတ် ၁:၂ ဖြင့် အီရန်ပြိုင်ပွဲဝင် Seyedah Yasaman Bagherzadehvaskas အား ရှုံးနိမ့်ခဲ့ရာ ငွေတံဆိပ်ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

အမျိုးသားအုပ်စုဘက်တွင် တရုတ်အဖွဲ့ဝင် ထန်စီးဆော့သည် ၅၆ ကီလိုအဆင့် ဗိုလ်လုပွဲတွင် တစ်ချီတည်းဖြင့် ဗီယက်နမ် အားကစားသမား Do Huy Hoang အား ၁၂ မှတ် အားသာချက်ဖြင့် အနိုင်ယူကာ အိမ်ရှင်နိုင်ငံအတွက် ထိုည၏ ၃ ခုမြောက် ရွှေတံဆိပ်ဆုအား ဆွတ်ခူးပေးခဲ့သည်။ ထိုမတိုင်မီ ကျင်းပပြီးစီးခဲ့သည့် ထောက်လုပြိုင်ပွဲတွင် ဆွတ်ခူးရရှိခဲ့သည့် ရွှေတံဆိပ်ဆု ၂ ဆုပါ ထည့်သွင်းပါက တရုတ်အဖွဲ့သည် ဝူရှူးကစားနည်းတွင် ရွှေတံဆိပ်ဆု ၅ ဆုနှင့် ငွေတံဆိပ်ဆု ၁ ဆု ဆွတ်ခူးရရှိခဲ့သည်။

ထိုညတွင် ကျင်းပသော Sanda ပြိုင်ပွဲများ၏ အခြား ရွှေတံဆိပ်ဆု ၂ ဆုကိုမူ တောင်ကိုရီးယားနှင့် အီဂျစ်နိုင်ငံတို့က ဆွတ်ခူးရရှိခဲ့သည်။ တောင်ကိုရီးယား ပြိုင်ပွဲဝင် Song Gicheol သည် တရုတ်နိုင်ငံ ဟောင်ကောင်အဖွဲ့ဝင် ကျန်းယိလျင်ကို အနိုင်ယူ၍ အမျိုးသား ၇၀ ကီလိုအဆင့် ရွှေတံဆိပ်ဆု ဆွတ်ခူးရရှိခဲ့သည်။ အီဂျစ်ပြိုင်ပွဲဝင် Alhussein Wahdan ကမူ အမျိုးသား ၈၅ ကီလိုအဆင့် ရွှေတံဆိပ်ဆုအား ခဲယဉ်းစွာ ရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

—————————————
(Chinese Version)
成都世运会|冠军之夜!中国散打队斩获3金
新华社成都8月12日电(记者董小红、孙哲)在12日晚进行的成都世运会武术散打比赛中,中国队选手共获得3枚金牌,成为该项目最大赢家。
中国队选手陈梦粤12日晚在女子52公斤决赛中以2:0的比分击败印度选手纳玛塔·巴特拉。“进入成都世运会是对武术项目的肯定。现在国外武术项目发展也很快,通过国际比赛、交流能促进我们取长补短。”陈梦粤说。
她的队友李志勤随后也再接再厉,在女子60公斤级决赛中以2:0轻取越南选手阮氏秋,再添一枚金牌。之后出场的朱海兰则在女子70公斤级散打决赛中1:2不敌伊朗选手赛耶达·巴盖尔扎德,屈居亚军。
在男子组方面,中国队选手唐思硕在56公斤级决赛中仅用一个回合,便以12分优胜战胜越南运动员杜辉黄,为东道主斩获当晚第三枚金牌。加上此前结束的套路比赛中的2金,中国队在武术项目中共收获5金1银。
当晚散打比赛其余2金归属韩国、埃及。韩国选手宋基哲击败中国香港队选手张溢霖,获得男子70公斤级冠军;埃及选手侯赛因·瓦赫丹艰难拿下男子85公斤级金牌。(完)
1、8月12日,中国选手陈梦粤(右)和印度选手巴特拉在武术女子散打52公斤级金牌赛中。新华社记者 陈斌 摄
2、8月12日,裁判宣布中国选手李志勤(左)在武术女子散打60公斤级金牌赛获得冠军。新华社记者 陈斌 摄
3、8月12日,中国选手唐思硕(左)在武术男子散打56公斤级金牌赛中夺得冠军。新华社记者 徐速绘 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.