Asia
အမေရိကန်နှင့် စည်းကြပ်ခွန်ကိစ္စ ညှိနှိုင်းမှုများဆက်လုပ်ရန် ဗီယက်နမ်ဝန်ကြီးချုပ် ညွှန်ကြား

ဟနွိုင်း၊ ဩဂုတ် ၁၄ ရက် (ဆင်ဟွာ)
ဗီယက်နမ်အတွက် အမြင့်ဆုံးအခွင့်သာစေမည့် ကတိကဝတ်နှင့် အာမခံချက်များရရှိရန် အမေရိကန် တာဝန်ရှိသူများနှင့်ပြုလုပ်နေသော စည်းကြပ်ခွန်ကိစ္စညှိနှိုင်းဆွေးနွေးမှုများကို ဆက်လက် ပြုလုပ်သွားရန် ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအား ဝန်ကြီးချုပ် ဖန်မင်းချင်က ညွှန်ကြားထားသည်။
ဘက်စုံ ဟန်ချက်ညီ၍ ရေရှည်တည်တံ့သော ကုန်သွယ်ရေးသဘောတူညီချက်များရရှိသည်အထိ ရည်မှန်းဆွေးနွေးကြရန် ဝန်ကြီးချုပ်က ညွှန်ကြားခဲ့ခြင်းဖြစ်သည်။
ဝန်ကြီးချုပ်က အမေရိကန်၏ စည်းကြပ်ခွန်မူဝါဒကို အကောင်းဆုံးတုံ့ပြန်နိုင်မည့် အစီအမံများ လုပ်ဆောင်ရန် ဝန်ကြီးဌာနများ၊ ဒေသန္တရအစိုးရများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအား တာဝန်များ ခွဲဝေပေးထားသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့သော ကြေညာချက်အမိန့်အရ ဗီယက် နမ်ကုန်စည်များအတွက် အခွန်နှုန်းထားကို ၄၆ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းသို့ ပြီးခဲ့သည့် ဩဂုတ် ၁ ရက်မှစ၍ လျှော့ချပြင်ဆင်ပေးခဲ့ပြီးဖြစ်သည်။ အဆိုပါအမိန့်အရ အမေရိကန်နှင့် ကုန်သွယ်ဖက် နိုင်ငံပေါင်း ၆၉ နိုင်ငံအား အခွန်နှုန်းထားများ ပြင်ဆင်သတ်မှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
…………………………….
(English Version)
Vietnamese PM calls for ongoing tariff talks with U.S.
HANOI, Aug. 13 (Xinhua) — Vietnamese Prime Minister Pham Minh Chinh has ordered the Ministry of Industry and Trade to continue tariff negotiations with the United States to secure the most favorable commitments for Vietnam, aiming for a comprehensive, balanced and sustainable trade agreement, Vietnam News Agency reported Wednesday.
The government leader assigned ministries, localities and state-owned enterprises to take measures in response to Washington’s tariff policy.
Since Aug. 1, the United States has lowered tariffs on Vietnamese goods from 46 percent to 20 percent under an executive order signed by U.S. President Donald Trump that modified tariff rates for 69 trading partners.
Photo:
Local famers carry the newly harvested lychees in Bac Giang province, Vietnam, June 12, 2025. (Photo by Dang Hong Dung/Xinhua)