Connect with us

Myanmar

မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီးအတွင်း ငွေကျပ် ၄ ဘီလီယံကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

ဖမ်းဆီးရမိသော မူးယစ်ဆေးဝါးများအားတွေ့ရစဉ် (ဓာတ်ပုံ- CCDAC MYANMAR)

ရန်ကုန်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ်တွင် ငွေကျပ် ၄ ဒသမ ၂၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၇၁ ဒသမ ၆ ကီလိုဂရမ်ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMARက ထုတ်ပြန်သော သတင်းအရ သိရသည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၇ ရက် နံနက်ပိုင်းက ရမည်းသင်းမြို့နယ်တွင် ယာဉ် ၂ စီးပေါ်၌ ဘိန်းဖြူပါ ဆပ်ပြာခွက်များထုပ်ပိုးထားသည့် ပီနံအိတ်များတင်နေစဉ် ရှာဖွေစစ်ဆေးခဲ့ရာ ဒေသကာလတန်ဖိုးငွေကျပ် ၄ ဒသမ ၂၉ ဘီလီယံတန်ဖိုးရှိ ဘိန်းဖြူ ၁၇၁ ဒသမ ၆ ကီလိုဂရမ်နှင့် ဆက်စပ်တရားခံ ၂၂ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။ (Xinhua)