Connect with us

International Organizations

အစ္စရေးက “E1 ဇုန်” အခြေချနေထိုင်ရာနေရာ အစီအစဉ် တွန်းအားပေးဖော်ဆောင်မှု ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် တိုက်တွန်း

ဂျေရုဆလမ် အရှေ့ဘက်နှင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဂျူးလူမျိုးများ အခြေချနေထိုင်ရာနေရာ Ma'ale Adumim အကြားရှိ “E1 ဇုန်” အား ၂၀၂၅ ခုနှစ် ဩဂုတ် ၁၄ ရက်က တွေ့မြင်ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)

အစ္စရေးအစိုးရက ဂျော်ဒန်အနောက်ဘက်ကမ်း “E1 ဇုန်” ၌ အခြေချနေထိုင်ရန်နေရာ တည်ဆောက်သည့် အစီအစဉ် တွန်းအားပေးဖော်ဆောင်မှုအား ချက်ချင်းရပ်တန့်ရန် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းကြောင်း ဂူတာရက်စ်၏ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဩဂုတ် ၁၄ ရက်တွင် မီဒီယာကြေညာချက် ထုတ်ပြန်၍ ပြောကြားခဲ့သည်။

အဆိုပါကြေညာချက်တွင် ကုလသမဂ္ဂ၏ ရပ်တည်ချက်များ အလွန်တိကျရှင်းလင်းကြောင်း၊ အစ္စရေးက အရှေ့ဂျေရုဆလမ် အပါအဝင် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းဒေသ၌ အခြေချနေထိုင်ရန်နေရာ တည်ဆောက်၍ ထိန်းသိမ်းထားမှုနှင့် ၎င်းနှင့် သက်ဆိုင်သည့် အာဏာပိုင်သည် နိုင်ငံတကာဥပဒေအား ချိုးဖောက်နေကြောင်း၊ အခြေချနေထိုင်ရန်နေရာသည် သိမ်းပိုက်မှုကို တစ်ဆင့်တိုး ခိုင်မြဲစေပြီး တင်းမာမှု အခြေအနေအား ဆိုးရွားလာစေကာ ပါလက်စတိုင်းနိုင်ငံက “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ၏ တစ်စိတ်တစ်ပိုင်းဖြစ်မှု ဖြစ်နိုင်ခြေအား စနစ်တကျ အားလျော့သွားအောင် လုပ်ဆောင်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

“E1 ဇုန်” ၌ အခြေချနေထိုင်ရန်နေရာ တည်ဆောက်ခြင်းသည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်း၏ တောင်ပိုင်းနှင့်မြောက်ပိုင်း ဆက်သွယ်မှုကို ဖြတ်တောက်လိုက်ပြီး ဖြစ်နိုင်ခြေရှိသော၊ ဆက်တိုက်တည်ရှိသော ပါလက်စတိုင်းနိုင်ငံ တည်ဆောက်မည့် အနာဂတ်အလားအလာအား ဆိုးရွားစွာ ဖျက်ဆီးလိုက်ကြောင်း ကြေညာချက်က ဆိုသည်။ အထွေထွေအတွင်းရေးမှူးချုပ်အနေဖြင့် အစ္စရေးအစိုးရက အဆိုပါလုပ်ငန်းစဉ်အား တွန်းအားပေးဖော်ဆောင်မှုကို ချက်ချင်းရပ်တန့်ရန် တိုက်တွန်းလိုက်သည့် တစ်ချိန်တည်းတွင် အစ္စရေးအစိုးရကို ၎င်း၏ နိုင်ငံတကာဥပဒေအောက်ရှိ တာဝန်ဝတ္တရားအား ထမ်းဆောင်ရန်၊ အခြေချနေထိုင်ရန်နေရာ လှုပ်ရှားမှုအားလုံးကို ရပ်တန့်ရန်လည်း ထပ်မံတိုက်တွန်းခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အစ္စရေးနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး Bezalel Smotrich က ဩဂုတ် ၁၃ ရက်တွင် ကြေညာချက်ထုတ်ပြန်၍ ၎င်းသည် ဂျေရုဆလမ် အရှေ့ဘက်နှင့် ဂျော်ဒန်မြစ် အနောက်ဘက်ကမ်း ဂျူးလူမျိုးများ အခြေချနေထိုင်ရာနေရာ Ma’ale Adumim အကြားရှိ အငြင်းပွားနေသော “E1 ဇုန်” ၌ နေအိမ် ၃,၄၀၁ လုံး တည်ဆောက်မှုအား ခွင့်ပြုရန် စီစဉ်နေကြောင်း၊ ယင်းသည် “ပါလက်စတိုင်းနိုင်ငံစိတ်ကူးအား မြေအောက်တွင်မြှုပ်နှံရန်” ရည်ရွယ်ကြောင်း ဆိုခဲ့သည်။

အဆိုပါလုပ်ရပ်သည် ဂျော်ဒန်မြစ်အနောက်ဘက်ကမ်းအား တောင်ပိုင်းနှင့် မြောက်ပိုင်းဟူ၍ နှစ်ပိုင်းခွဲလိုက်မည်ဖြစ်ပြီး အရှေ့ဂျေရုဆလမ်၊ Bethlehem နှင့် Ramallah တို့၏ ပါလက်စတိုင်းဒေသများကို တစ်ဆက်တည်း ဖြစ်စေတော့မည်မဟုတ်ကြောင်း အစ္စရေးမီဒီယာများက သတင်းဖော်ပြကြသည်။ အစ္စရေးက ထိုမတိုင်မီကလည်း “E1 ဇုန်” အခြေချနေထိုင်ရန်နေရာ တည်ဆောက်မှုအစီအစဉ်ကို ကာလကြာရှည်စွာ ဆိုင်းငံ့ထားခဲ့ကြောင်း သိရသည်။ (Xinhua)

 

————————————————————————————–

(Chinese Version)

联合国秘书长呼吁以色列立即停止推进“E1区”定居点计划

新华社联合国8月14日电(记者潘云召)联合国秘书长古特雷斯的发言人迪雅里克14日发表媒体声明说,古特雷斯呼吁以色列政府立即停止推进在约旦河西岸“E1区”建设定居点的计划。

声明说,联合国立场非常明确:以色列在包括东耶路撒冷在内的约旦河西岸地区建立并维持的定居点及其相关政权违反国际法。定居点进一步巩固了占领,加剧紧张局势,并系统性地削弱巴勒斯坦国作为“两国方案”一部分的可行性。

声明说,在“E1区”建设定居点将切断约旦河西岸的南北联系,严重破坏建立一个可行的、毗连的巴勒斯坦国的前景。秘书长呼吁以色列政府立即停止推进这一进程,同时再次呼吁以色列履行其在国际法下的义务,并停止所有定居点活动。

以色列财政部长比撒列·斯莫特里赫13日发表声明称,他计划批准在耶路撒冷以东和约旦河西岸犹太人定居点马阿勒阿杜明之间备受争议的“E1区”建造3401套住房,旨在“葬送巴勒斯坦国构想”。据以色列媒体报道,此举将把约旦河西岸分成南北两块,并使得东耶路撒冷、伯利恒和拉姆安拉的巴勒斯坦区域无法连成一片。以色列先前长期冻结“E1区”定居点建设计划。(完)

图说:这是8月14日拍摄的耶路撒冷以东和约旦河西岸犹太人定居点马阿勒阿杜明之间的“E1区”。新华社发(贾马尔·阿瓦德摄)