North America
ရုရှား-အမေရိကန် သမ္မတ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် စာချုပ် လက်မှတ်ရေးထိုးမည်မဟုတ်ဟု ရုရှားသမ္မတ၏ ပြန်ကြားရေးအတွင်းဝန် ဆို

မော်စကို၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ရုရှား-အမေရိကန် နှစ်ဖက်အနေဖြင့် သမ္မတ တွေ့ဆုံဆွေးနွေးမှုအပြီးတွင် မည်သည့်စာချုပ်မျှ လက်မှတ်ရေးထိုးရန် စီစဉ်ထားခြင်းမရှိကြောင်း၊ နှစ်နိုင်ငံ ခေါင်းဆောင်များသည် သတင်းစာရှင်းလင်းပွဲတွင် တွေ့ဆုံဆွေးနွေးမှု ရလဒ်များကို အကြောင်းကြားမည်ဖြစ်ကြောင်း ရုရှားသမ္မတ၏ ပြန်ကြားရေး အတွင်းဝန် Dmitry Peskov က ဩဂုတ် ၁၄ ရက်တွင် ပြောကြားခဲ့သည်။
ရုရှား-အမေရိကန် သမ္မတ တွေ့ဆုံဆွေးနွေးပွဲ ပြင်ဆင်ချိန်မှာ အလွန်တိုတောင်းသော်လည်း ပြင်ဆင်မှုလုပ်ငန်းအသီးသီး အားလုံးမှာ ပြီးမြောက်ခဲ့ကြောင်း၊ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် ယူကရိန်းအရေး ဖြေရှင်းရန် ဆွေးနွေးသွားမည်ဖြစ်ရာ ယင်းအကြောင်းအရာများသည် အလွန်ရှုပ်ထွေး၍ ကဏ္ဍအများအပြားနှင့် ပတ်သက်မှုရှိကြောင်း Dmitry Peskov က အဆိုပါနေ့တွင် မီဒီယာများထံ ပြောကြားခဲ့သည်။ “ထရမ့်-ပူတင် တွေ့ဆုံဆွေးနွေးပွဲ” ရလဒ်ကို ကြိုတင်ခန့်မှန်းရန် မကြိုးစားပါနှင့်၊ ယင်းမှာ “ကြီးမားသော မှားယွင်းမှုတစ်ခု” ဖြစ်လိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
လက်ရှိတွင် ရုရှား- အမေရိကန်တို့သည် ယူကရိန်းအရေး ဖြေရှင်းရေးနှင့်စပ်လျဉ်း၍ နှစ်ဖက်ဆွေးနွေးမှု လုပ်ဆောင်မည်ဖြစ်ပြီး ယူကရိန်း၏ အဆိုပြုချက်များကို အနာဂတ်တွင် ထည့်သွင်းစဉ်းစားမည်ဖြစ်သော်လည်း နှစ်ဖက်ထိတွေ့ဆက်ဆံသော ပုံစံဖြစ်မည်မဟုတ်ကြောင်း Dmitry Peskov က အလေးထား ပြောကြားခဲ့သည်။
တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်၏ ယင်းမတိုင်မီ ရုရှားခရီးစဉ်သည် ကြွယ်ဝသော ထိရောက်မှုရှိပြီး နှစ်ဖက်အနေဖြင့် “သတင်းစကားများကို ဖလှယ်” ခဲ့ရာ နှစ်နိုင်ငံခေါင်းဆောင်များ တရားဝင်တွေ့ဆုံဆွေးနွေးရန် တွန်းအားပေးခဲ့ကြောင်း Dmitry Peskov က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်နှင့် အမေရိကန် သမ္မတ ထရမ့်တို့က ဒေသစံတော်ချိန် ဩဂုတ် ၁၅ ရက်တွင် အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်၌ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပရန် သတ်မှတ်ထားသည်။ (Xinhua)
……………………
(Chinese Version)
俄总统新闻秘书:俄美总统会晤后不会签署文件
新华社莫斯科8月14日电(记者赵冰)俄罗斯总统新闻秘书佩斯科夫14日表示,俄美双方并无计划在总统会晤后签署任何文件,两国领导人将在新闻发布会上通报会晤成果。
佩斯科夫当天对媒体说,俄美总统会晤准备时间非常短,但各项准备工作均已完成。本次会晤将讨论解决乌克兰问题,其内容非常复杂,涉及多个方面。他表示,不要试图预测“普特会”的结果,这将会是“一个巨大的错误”。
佩斯科夫强调,俄美目前正在就解决乌克兰问题进行双边讨论,乌克兰的意见未来会被考虑,但不会是以双边接触的形式。
佩斯科夫同时说,美国中东问题特使威特科夫此前访俄富有成效,双方“交换了信号”,促成了两国领导人的正式会晤。
俄罗斯总统普京和美国总统特朗普定于当地时间15日在美国阿拉斯加州举行会晤。(完)
图说:8月14日,媒体记者在美国阿拉斯加州安克雷奇的埃尔门多夫-理查森联合军事基地外报道。新华社记者 吴晓凌 摄