Eastern Europe
ရုရှားထုတ် Su-30SM2 အမျိုးအစား ဘက်စုံသုံး တိုက်လေယာဉ်များကို ဘီလာရုစ် လက်ခံရရှိ

မင့်စ်ခ်၊ ဩဂုတ် ၁၅ ရက် (ဆင်ဟွာ)
ဘီလာရုစ်စစ်တပ်အနေဖြင့် ရုရှားနိုင်ငံမှ Su-30SM2 အမျိုးအစား ဘက်စုံသုံး ခေတ်မီတိုက်လေယာဉ် အသုတ်တစ်သုတ်အား ထပ်မံလက်ခံရရှိခဲ့သည်ဟု ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ် ၁၄ ရက်၌ ပြောကြားခဲ့သည်။
ဘီလာရုစ်နှင့် ရုရှားနိုင်ငံတို့အကြား စစ်ဘက်နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တစ်စိတ်တစ်ပိုင်းအဖြစ် ယင်းလေယာဉ်များကို လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဘီလာရုစ် ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အဆင့်မြှင့်တင်ထားသည့် အဆိုပါ Su-30SM တိုက်လေယာဉ်များမှာ ယခင်မျိုးကွဲထက် ပစ်မှတ်ကို ခြေရာခံထောက်လှမ်းနိုင်စွမ်း သုံးဆနီးပါး ပိုမိုကောင်းမွန်ကာ လေကြောင်းအီလက်ထရွန်းနစ်စနစ်သစ်များ၊ လမ်းညွှန်ထိန်းကျောင်းမှု ကိရိယာများနှင့် ပဲ့ထိန်းဒုံးကျည်များ၊ ပဲ့ထိန်းဗုံးများ အပါအဝင် အဆင့်မြှင့်တင်ထားသော လက်နက်များ ပါဝင်သည်ဟု ဘီလာရုစ်လေတပ် စစ်ဦးစီးချုပ် အန်ဒရေ ရက်ချ်ကော့ဗ်က ပြောကြားခဲ့သည်။
ဘီလာရုစ်အနေဖြင့် အဆင့်မြှင့်တင်ထားသည့် ယင်းတိုက်လေယာဉ် ပထမအသုတ်ကို ယခုနှစ်အစောပိုင်းက လက်ခံရရှိခဲ့ကြောင်း၊ ဘီလာရုစ် လေသူရဲများက ယင်းလေယာဉ်များအား လေ့ကျင့်မောင်းနှင်လျက်ရှိကာ လေကြောင်းရန်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်လျက်ရှိကြောင်း ရက်ချ်ကော့ဗ်က ဆက်လက်ပြောကြားခဲ့သည်။ (Xinhua)
……………….
(English Version)
Belarus acquires new batch of Russian Su-30SM2 aircraft
MINSK, Aug. 15 (Xinhua) — The Belarusian army has acquired a new batch of Su-30SM2, a modern multi-role military aircraft from Russia, the country’s defense ministry said Thursday.
The aircraft are being delivered as part of military-technical cooperation between Minsk and Moscow, the ministry said.
Andrei Rachkov, Chief of Staff of Belarus’ Air Force, said the modernized Su-30SM features nearly triple the target detection range of its predecessor, new avionics, navigation tools and enhanced weaponry, including guided missiles and bombs.
Belarus received the first batch of the upgraded aircraft earlier this year, and pilots are training with them and conducting air defense missions, Rachkov said. ■
English Caption
Photo taken on Aug. 26, 2013 shows a Russian Su-30SM fighter practising for the MAKS 2013 International Aviation and Space Show in Zhukovsky, outside Moscow, Russia. (Xinhua/Shi Xiaogang)