Myanmar
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးယစ်ဆေးဝါး အများအပြား ဖမ်းဆီးရမိ

ရန်ကုန်၊ ဩဂုတ် ၁၆ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဘိန်းဖြူ ၁၅.၀၇ ကီလိုဂရမ်နှင့် စိတ်ကြွဆေးပြား ၉၉၂,၀၀၀ ပြားကို အာဏာပိုင်များက သိမ်းဆည်းရမိခဲ့ကြောင်း မူးယစ်ဆေးဝါး အလွဲသုံးမှုထိန်းချုပ်ရေး ဗဟိုကော်မတီ (CCDAC) က သြဂုတ် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်အတွင်း မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က သြဂုတ် ၆ ရက်၌ သတင်းရရှိချက်အရ မော်တော်ဆိုင်ကယ်တစ်စီးအား ရှာဖွေရာ ၎င်းမူးယစ်ဆေးဝါးများကို သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများမှာ ကျပ်ငွေ ၂.၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၁.၂၈ သန်းခန့်) တန်ကြေးရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါအမှုနှင့်ပတ်သက်ပြီး သံသယရှိသူများအား နိုင်ငံ့ဥပဒေများအရ စွဲချက်တင်ထားပြီး ဆက်လက်စုံစမ်းစစ်ဆေးလျက်ရှိကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ (Xinhua)
—————————
(English Version)
Large haul of drugs seized in Myanmar’s Sagaing region
YANGON, Aug. 16 (Xinhua) — Myanmar authorities have seized 15.07 kg of heroin and 992,000 stimulant tablets in Sagaing region, Myanmar, the Central Committee for Drug Abuse Control (CCDAC) said on Saturday.
Acting on a tip-off, anti-narcotics police searched a motorcycle in Kalay township of Sagaing region on Aug. 6 and confiscated the drugs, it said.
The seized drugs are worth over 2.7 billion kyats (about 1.28 million U.S. dollars), it said.
The suspects connected to the case have been charged under the country’s laws, and further investigations are ongoing, it added. ■