Politics, Law & Military
အင်ဒိုနီးရှားနိုင်ငံ တည်ထောင်သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခါသမယ၌ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့

ပေကျင်း၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် အင်ဒိုနီးရှား သမ္မတနိုင်ငံ တည်ထောင်သည့် နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခါသမယ၌ အင်ဒိုနီးရှားနိုင်ငံ သမ္မတ ပရာဘိုဝို ဆူဘီယန်တိုထံ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ကြောင်း သိရသည်။အင်ဒိုနီးရှားနိုင်ငံအနေဖြင့် လွန်ခဲ့သော နှစ် ၈၀ ကာလအတွင်း အံ့မခန်း ဖွံ့ဖြိုးတိုးတက်မှုများ ရရှိခဲ့ကာ ဒေသတွင်းနှင့် နိုင်ငံတကာစင်မြင့်ထက်၌ ပိုမိုအရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်ဟု အဆိုပါ ဝမ်းမြောက်ကြောင်းသဝဏ်လွှာ၌ ရှီက ထည့်သွင်းဖော်ပြထားသည်။
ထို့အတူ ယခုနှစ်မှာ တရုတ်နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်သည့် ၇၅ နှစ်မြောက် အခါသမယဖြစ်သည့်အားလျော်စွာ နှစ်နိုင်ငံ ဆက်ဆံရေးတွင် ကြီးမားသော တိုးတက်မှုများ ရရှိခဲ့ပြီး အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုမှာလည်း အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ပိုမိုခိုင်မြဲလျက်ရှိသည်ဟု ရှီက ထပ်လောင်းပြောကြားခဲ့သည်။မိမိနှင့် ပရာဘိုဝိုတို့အနေဖြင့် ယမန်နှစ်အတွင်း တွေ့ဆုံဆွေးနွေးမှုနှစ်ကြိမ် အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့ရာ ဒေသတွင်းနှင့် နိုင်ငံတကာအား အကျိုးသက်ရောက်မှုရှိသော တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း ထူထောင်ရေးအတွက် အရေးကြီး သဘောတူညီမှုရရှိခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးအား အဆင့်သစ်ဆီသို့ တိုးမြှင့်နိုင်ခဲ့သည်ဟု ရှီက အလေးအနက်ပြောကြားခဲ့သည်။
သမ္မတရှီက ၎င်းအနေဖြင့် တရုတ်-အင်ဒိုနီးရှား ဆက်ဆံရေး တိုးတက်ကောင်းမွန်မှုအပေါ် များစွာတန်ဖိုးထားကာ နှစ်နိုင်ငံစလုံး၏ ခေတ်မီအသွင်ပြောင်းမှုကို ခိုင်ခိုင်မာမာ အထောက်အကူဖြစ်စေရေး၊ ဒေသတွင်းနှင့် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ပိုမိုကျယ်ပြန့်စွာ အကျိုးပြုနိုင်ရေးအတွက် တရုတ်-အင်ဒိုနီးရှား အေးအတူပူအမျှ အသိုက်အဝန်း တည်ထောင်မှုအား ရှေ့ဆက်လုပ်ဆောင်ရာ၌ အကျိုးရလဒ်သစ်များကို ဆက်လက်ဖော်ဆောင်နိုင်ရန်အတွက် ပရာဘိုဝိုနှင့် အတူလက်တွဲလုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………………………………………………………………..
(English Version)
Xi congratulates Indonesia on 80th founding anniversary
BEIJING, Aug. 17 (Xinhua) — Chinese President Xi Jinping on Sunday congratulated Indonesian President Prabowo Subianto on the 80th anniversary of the founding of the Republic of Indonesia.
In his congratulatory message, Xi said that over the past 80 years, Indonesia has achieved remarkable development and is playing an increasingly important role on the international and regional stage.
This year also marks the 75th anniversary of diplomatic ties between China and Indonesia. Bilateral relations have made great strides, and traditional friendship has grown ever stronger over time, he added.
Last year, Xi noted, he and Prabowo held two successful meetings and reached important consensus on building a China-Indonesia community with a shared future that has regional and global influence, taking bilateral ties to a new level.
Xi said he highly values the development of China-Indonesia relations and is willing to work with Prabowo to pursue new outcomes in advancing the building of a China-Indonesia community with a shared future, so as to provide solid support for the modernization of both countries and make greater contributions to regional and global peace, stability and development. Enditem
English Caption
Chinese President Xi Jinping shakes hands with Indonesian President Prabowo Subianto, who is on a state visit to China, at the Great Hall of the People in Beijing, capital of China, Nov. 9, 2024. (Xinhua/Xie Huanchi)