Sport
ကမ္ဘာ့အားကစားပွဲတော်၌ တရုတ်နိုင်ငံအတွက် Roller Sports မှ ပထမဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူးရရှိ

ချိန်တူး၊ ဩဂုတ် ၁၇ ရက် (ဆင်ဟွာ)
ချိန်တူးကမ္ဘာ့အားကစားပွဲတော်၌ ဩဂုတ် ၁၆ ရက်က စတင်ကျင်းပခဲ့သည့် Inline Freestyle စကိတ်စီးပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ ပြိုင်ပွဲဝင် Zhang Hao က တရုတ်နိုင်ငံအတွက် Roller Sports အားကစားနည်းမှ ပထမဆုံးရွှေတံဆိပ်ဆုကို ဆွတ်ခူးပေးနိုင်ခဲ့သည်။အဆိုပါ အမျိုးသား ဖရီးစတိုင်လ် Speed Slalom (ပုံစံခွက်အစိတ်အကျဲထားရှိမှုများကို အရှိန်မြှင့်ဖြတ်ကျော်စီးနင်းမှု) စကိတ်စီးပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် တရုတ်နိုင်ငံသားပြိုင်ပွဲဝင်များသာ ပါဝင်ခဲ့ပြီး Zhang က Fu Yu ကို ၂-၀ ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆွတ်ခူးခဲ့ခြင်းဖြစ်ပြီး အီရန်မှ ရီဇာလီဆာနီက တစ်နိုင်ငံတည်းသား အမီယာမိုဟာမက် ဆာဗာရီဂျမာလူအီကို အနိုင်ရခဲ့က ကြေးတံဆိပ်ရခဲ့သည်။
ချိန်တူးပြည်နယ်ဒေသခံ Zhang က “ကိုယ့်ဇာတိမြေပေါ်မှာယှဉ်ပြိုင် ရလို့ စိုးရိမ်ခဲ့ပေမယ့် ပုံမှန်စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့တာကြောင့် စိတ်လှုပ်ရှားပျော်ရွှင်ရပါတယ်”ဟု ပြောသည်။
အမျိုးသမီး Speed Slalom ပြိုင်ပွဲတွင် တရုတ်တိုင်ပေမှ Liu Chiao-His က ရွှေတံဆိပ်ဆွတ်ခူးခဲ့ကာ တရုတ်နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်များဖြစ်သည့် Zhu Siyi နှင့် Wen Jingjing တို့က ငွေတံဆိပ်နှင့် ကြေးတံဆိပ်များကို ရရှိခဲ့သည်။
“အသက် ၁၈ နှစ်ပြည့်ပြီးနောက် ဒီပြိုင်ပွဲဟာ ကျွန်မအတွက် ပထမဆုံးပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံတကာအဆင့် ပြိုင်ပွဲပါ။ အစွမ်းကုန်ကြိုးစားခဲ့ပါတယ်”ဟု ၁၉ ကြိမ်မြောက် Hangzhou အာရှအားကစားပွဲ၌ ငွေတံဆိပ်ရခဲ့သည့် Zhu က ပြောကြားခဲ့ပြီး ခွန်အားနှင့် တည်ငြိမ်မှုများ ပိုမိုကောင်းမွန်လာစေရန် ဆက်လက်ကြိုးစားသွားမည်ဟုလည်း ဆက်လက်ပြောကြားခဲ့သည်။
Speed Slalom ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အားကစားသမားများသည် ၁၂ မီတာအကွာအဝေးအတွင်း၌ ၈၀ စင်တီမီတာစီသာခြားပြီး စီတန်းပေးထားသည့် ပုံစံခွက်အမှတ်အသား အခု ၂၀ ကို အမြန်ဆုံးနှင့် တိုက်မိမှုမရှိစေရန် ရိုလာစကိတ်ဖြင့် ဖြတ်ကျော်ယှဥ်ပြိုင်ရခြင်းဖြစ်သည်။ အဆိုပါခွက်ငယ်များထဲမှ တစ်ခုကို တိုက်မိခြင်း သို့မဟုတ် ဖြတ်ကျော်နိုင်ခြင်းမရှိပါက ၀.၂ စက္ကန့် ပြစ်ဒဏ်သတ်မှတ်ကြောင်း သိရသည်။
ချိန်တူး ကမ္ဘာ့အားကစားပြိုင်ပွဲ၌ Roller Sports ပြိုင်ပွဲတွင်အမြန်စကိတ်စီးခြင်း (လမ်းနှင့်လမ်းကြောင်းများ)၊ ခွက်ပုံစံများအား အလွတ်တန်းဖြတ်ကျော်ပြမှု (Inline Freestyle) နှင့် Inline Hockey ပြိုင်ပွဲစည်းမျဥ်းအမျိုးအစား ၃ မျိုးကို ထည့်သွင်းကျင်းပခဲ့ပြီး ဩဂုတ် ၁၇ ရက်၌ ရွှေတံဆိပ်ဆုချီးမြှင့်မည့် အခြား Freestyle စကိတ်ပြိုင်ပွဲအမျိုးအစား ၂ ရပ်ကို ဆက်လက် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
#China #RollerSports #FirstGold #တရုတ် #ရိုလာစကိတ်အားကစား #ပထမဆုံးရွှေတံဆိပ်
—————————–
(English Version)
China claims first roller sports gold at World Games
CHENGDU, Aug. 16 (Xinhua) — Zhang Hao secured China’s first roller sports gold at the Chengdu World Games, as inline freestyle skating competitions kicked off on Saturday.
In an all-Chinese men’s speed slalom final, Zhang beat Fu Yu 2-0 to claim the victory, while Reza Lesani of Iran defeated compatriot Amirmohammad Savari Jamalouei to take the bronze.
“I’m very excited and happy to be able to show my normal performance,” said Chengdu local Zhang, adding that he felt nervous competing at home.
Chinese Taipei’s Liu Chiao-Hsi clinched gold in the women’s speed slalom, while China’s Zhu Siyi and Wen Jingjing finished second and third.
“This is the first time I have taken part in an international competition since I turned 18, and I have tried my best,” said Zhu, a silver medalist at the 19th Asian Games in Hangzhou, adding that she would continue to work on her power and stability.
In the speed slalom, athletes must accelerate within a 12-meter distance and then sprint around 20 cones, spaced at 80 centimeters apart. A penalty of 0.2 seconds is incurred for knocking down any cone or missing any interval between the cones.
Roller sports at the Chengdu World Games feature three disciplines – speed skating (road and track), inline freestyle, and inline hockey. Two more freestyle skating golds will be awarded on Sunday.
Photo:
Zhang Hao of China competes during the men’s classic slalom final of inline freestyle skating event at The World Games 2025 in Chengdu, southwest China’s Sichuan Province, Aug. 17, 2025. (Xinhua/Li Bo)