Europe
နယ်မြေပိုင်နက် ကိစ္စရပ်များကို ယူကရိန်းမှ မဖြစ်မနေ ဆုံးဖြတ်ရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂခေါင်းဆောင်ဆို

ဘရပ်ဆဲလ်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
နယ်မြေပိုင်နက်ဆိုင်ရာ မည်သည့်ကိစ္စရပ်များကိုမဆို ယူကရိန်းမှ မဖြစ်မနေ ဆုံးဖြတ်ရမည်ဖြစ်ပြီး စေ့စပ်ညှိနှိုင်းရေး စားပွဲဝိုင်းတွင် ယူကရိန်းပါဝင်ရမည်ဖြစ်ကြောင်း ဥရောပကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ဩဂုတ် ၁၇ ရက်တွင် ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဩဂုတ် ၁၈ ရက်တွင် အမေရိကန်နိုင်ငံ ဝါရှင်တန်၌ အမေရိကန်သမ္မတ ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး အာဆူလာ ဗွန်ဒါလေယန်နှင့် ဥရောပနိုင်ငံအများအပြားမှ နိုင်ငံခေါင်းဆောင်များက ဇယ်လန်းစကီးနှင့်အတူ အမေရိကန်သို့ သွားရောက်၍ တွေ့ဆုံဆွေးနွေးပွဲတွင် ပါဝင်မည်ဖြစ်ကြောင်း အတည်ပြုခဲ့ပြီးဖြစ်သည်။
ဥရောပအနေဖြင့် တရားမျှတ၍ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေး ရရှိသည်အထိ ယူကရိန်းအား အခိုင်အမာ ထောက်ခံသွားမည်ဖြစ်ပြီး၊ ဥရောပအနေဖြင့် သံတမန်ရေးနှင့် စီးပွားရေး ကဏ္ဍများတွင် ရုရှားအား ဆက်လက်ဖိအားပေးသွားမည်ဖြစ်ကြောင်း၊ စက်တင်ဘာလဆန်းတွင် ၁၉ ကြိမ်မြောက် ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအစီအစဉ်အား ထုတ်ပြန်ရန် ခန့်မှန်းထားကြောင်း ဗွန်ဒါလေယန်က ဩဂုတ် ၁၇ ရက်တွင် ဘရပ်ဆဲလ်မြို့၌ ကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဥရောပသမဂ္ဂအနေဖြင့် အမေရိကန်ဘက်မှ ယူကရိန်းအား “မြောက်အတ္တလန္တိတ်စာချုပ် (NATO)” အပိုဒ် ၅ ကဲ့သို့သော လုံခြုံရေးအာမခံချက်များ ပေးအပ်ရန် အဆိုပြုမှုကို ကြိုဆိုကြောင်း၊ ယူကရိန်းအား လုံခြုံရေးအာမခံချက်များပေးအပ်မည့် “စေတနာ့ဝန်ထမ်းမဟာမိတ်အဖွဲ့” မူဘောင်အတွင်းရှိ တာဝန်များကို တာဝန်ယူထမ်းဆောင်ရန် ဆန္ဒရှိဖြစ်ကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
“မြောက်အတ္တလန္တိတ်စာချုပ် (NATO)” အပိုဒ် ၅ သည် နေတိုး၏ အုပ်စုလိုက်ကာကွယ်ရေးဆိုင်ရာ အကြောင်းအရာဖြစ်သည်။ အမေရိကန်နှင့် ဥရောပနိုင်ငံအချို့သည် ယူကရိန်းအား “မြောက်အတ္တလန္တိတ်စာချုပ် (NATO)”အပိုဒ် ၅ ကဲ့သို့သော လုံခြုံရေးအာမခံချက်များ ပေးအပ်နိုင်ကြောင်း အမေရိကန်နိုင်ငံ အရှေ့အလယ်ပိုင်းရေးရာ အထူးသံတမန် စတိဗ် ဝစ်ကော့ဖ်က ဩဂုတ် ၁၇ ရက် CNN နှင့်မေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။ (Xinhua)
…………………
(Chinese Version)
欧盟领导人:领土问题必须由乌克兰决定
新华社布鲁塞尔8月17日电(记者张兆卿 丁英华)欧盟委员会主席冯德莱恩17日表示,任何涉及领土的问题都必须由乌克兰决定,乌克兰必须坐在谈判桌前。
乌克兰总统泽连斯基18日将前往华盛顿会晤美国总统特朗普,冯德莱恩及欧洲多国领导人已确认将与泽连斯基一同前往美国参加会晤。
冯德莱恩17日在布鲁塞尔举行的记者会上说,欧洲将坚定支持乌克兰,直到实现公正和持久的和平。欧洲将在外交和经济领域继续对俄施压,预计9月初将出台第19轮对俄制裁方案。
冯德莱恩还表示,欧盟欢迎美国方面提出的为乌克兰提供类似《北大西洋公约》第五条的安全保障,欧盟愿意在为乌克兰提供安全保障的“志愿者联盟”框架内承担应有责任。
《北大西洋公约》第五条是北约关于集体防御的条款。美国中东问题特使威特科夫17日在接受美国有线电视新闻网采访时表示,美国和一些欧洲国家可能向乌克兰提供类似《北大西洋公约》第五条的安全保障。(完)
图说:6月24日,在荷兰海牙,欧洲理事会主席科斯塔、乌克兰总统泽连斯基、北约秘书长吕特和欧盟委员会主席冯德莱恩(从左至右)在北约峰会期间共见记者。新华社记者赵丁喆 摄