Africa & Middle East
ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်မှုအား အစွမ်းကုန် တွန်းအားပေးမည်ဟု အီဂျစ် ထပ်မံအလေးထား ပြောကြား

ကိုင်ရို၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံ ဝန်ကြီးချုပ် Mostafa Kamal Madbouly သည် ဩဂုတ် ၁၇ ရက်တွင် ခရီးစဉ် ရောက်ရှိလျက်ရှိသည့် ပါလက်စတိုင်း ဝန်ကြီးချုပ် Mohammad Mustafa နှင့် တွေ့ဆုံဆွေးနွေးရာ၌ အီဂျစ်နိုင်ငံအနေဖြင့် ပါလက်စတိုင်းလုပ်ငန်းအား ခိုင်မာစွာ ထောက်ခံအားပေးကြောင်း၊ ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်မှုအား ဆက်လက် အစွမ်းကုန် တွန်းအားပေးသွားမည်ဖြစ်ပြီး ရာဖာနယ်စပ်ဂိတ်မှတစ်ဆင့် ဂါဇာကမ်းမြောင်ဒေသသို့ လူသားချင်းစာနာထောက်ထားမှု အကူအညီပစ္စည်းများ စဉ်ဆက်မပြတ် ပေးပို့သွားမည်ဖြစ်ကြောင်း ထပ်မံအလေးထား ပြောကြားခဲ့သည်။
Mostafa Kamal Madbouly နှင့် Mohammad Mustafa တို့သည် အီဂျစ်နိုင်ငံ New Alamein မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း အီဂျစ်နိုင်ငံ အစိုးရအဖွဲ့က ထိုနေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားခဲ့သည်။ Mostafa Kamal Madbouly က အီဂျစ်အနေဖြင့် ပါလက်စတိုင်းသားများအား နှင်ထုတ်ရန်၊ ပါလက်စတိုင်းလုပ်ငန်းအား ဖျက်ဆီးရန် သို့မဟုတ် ပါလက်စတိုင်း ပိုင်နက်နယ်မြေအတွင်း အိမ်ရာများ ဆက်လက်ဖြိုဖျက်ခြင်း သို့မဟုတ် အခြေချနေထိုင်ရန်နေရာ တိုးချဲ့တည်ဆောက်ခြင်း ကြိုးပမ်းမှု ရည်ရွယ်ချက်မှန်သမျှကို အတိအလင်းကန့်ကွက်ကြောင်း ပြောကြားခဲ့သည်။
Mostafa Kamal Madbouly က နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ကုလသမဂ္ဂတွင် မကြာသေးမီက ကျင်းပသော ပါလက်စတိုင်း အရေးကိစ္စအား ငြိမ်းချမ်းစွာဖြေရှင်းရေးနှင့် “နှစ်နိုင်ငံ ဖြေရှင်းမှုနည်းလမ်း” အကောင်အထည်ဖော်ရေး အဆင့်မြင့် နိုင်ငံတကာအစည်းအဝေး ရလဒ်များကို အကောင်အထည်ဖော်ဆောင်ရန်လည်း တိုက်တွန်းခဲ့သည်။ ယင်းသည် “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” အား ကယ်တင်ရန် မှန်ကန်သည့်ခြေလှမ်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
Mohammad Mustafa က အာရပ်နိုင်ငံနှင့် အစ္စလာမ်မစ်နိုင်ငံများသည် ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေး အစီအစဉ်အား တစ်ပြေးညီ အသိအမှတ်ပြုကြကြောင်း၊ ပြန်လည်တည်ဆောက်မှုသည် ပါလက်စတိုင်းပြည်သူများ နေရပ်စွန့်ခွာစေရန်မလိုအပ်သည့် အခြေအနေတွင် အကောင်အထည်ဖော်နိုင်ကြောင်း၊ ၎င်းအနေဖြင့် လှူဒါန်းကူညီပေးသည့် နိုင်ငံပေါင်းများစွာနှင့် ထိတွေ့ဆက်ဆံမှု လုပ်ဆောင်ခဲ့ပြီးဖြစ်ကာ ဂါဇာကမ်းမြောင်ဒေသ ပြန်လည်တည်ဆောက်ရေးအတွက် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြောင်း အလေးထား ပြောကြားခဲ့သည်။
ရက်ပေါင်း ၆၀ အပစ်ရပ်မှုနှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူအချို့အား ပြန်လွှတ်ပေးရန် သဘောတူညီချက်တစ်ခု ရရှိရန်အတွက် ဟားမက်စ်နှင့် အစ္စရေးတို့သည် ဇူလိုင် ၆ ရက်မှစ၍ ကာတာနိုင်ငံ မြို့တော်ဒိုဟာ၌ အသစ်တစ်ကြိမ် ကြားခံဆွေးနွေးညှိနှိုင်းမှု လုပ်ဆောင်ခဲ့သည်။ အပစ်ရပ်မှုနည်းလမ်းနှင့် စပ်လျဉ်း၍ ဟားမက်စ်ဘက်က အကြံပြုချက်အား မကျေနပ်သောကြောင့် အစ္စရေးဘက်က ဇူလိုင် ၂၄ ရက်တွင် ဆွေးနွေးညှိနှိုင်းသူများကို ပြန်လည်ခေါ်ယူ၍ “အစားထိုးနည်းလမ်း” ရှာဖွေခဲ့သည်။ ထို့ပြင် ဩဂုတ် ၈ ရက်တွင် အစ္စရေးစစ်တပ်မှ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း ဂါဇာမြို့အား လက်လွှဲရယူမည့် အစီအစဉ်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါအစီအစဉ်သည် အစ္စရေးပြည်တွင်းနှင့် ပြည်ပ၌ ကန့်ကွက်မှုနှင့် ပြစ်တင်ရှုတ်ချမှုများ ခံခဲ့ရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ ဂါဇာမြို့တွင် အစ္စရေးစစ်တပ် တိုက်ခိုက်ပြီးနောက် ကလေးငယ်များက အပျက်အစီးများကြားမှ ပစ္စည်းများ သယ်ယူရွှေ့ပြောင်းနေသည်ကို ၂၀၂၅ ခုနှစ် ဩဂုတ် ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
——————–
(Chinese Version)
埃及重申将全力推动加沙地带停火
新华社开罗8月17日电(记者董修竹)埃及总理马德布利17日在与到访的巴勒斯坦总理穆罕默德·穆斯塔法会晤中重申,埃及坚定支持巴勒斯坦事业,将继续全力推动加沙地带停火,并通过拉法口岸持续向加沙地带运送人道主义援助物资。
埃及内阁当天发表声明说,马德布利与穆斯塔法在埃及阿拉曼新城举行会晤。马德布利表示,埃及明确反对任何旨在驱逐巴勒斯坦人、破坏巴勒斯坦事业或在巴勒斯坦领土上继续拆毁房屋、扩建定居点的企图。
马德布利敦促国际社会落实日前在联合国举行的和平解决巴勒斯坦问题和落实“两国方案”高级别国际会议成果。他说,这是挽救“两国方案”的正确一步。
穆斯塔法强调,根据阿拉伯和伊斯兰国家一致认可的加沙地带重建计划,重建可以在不迫使巴勒斯坦人民流离失所的前提下得以实现。他已与若干捐助国进行了接触,为加沙地带重建做准备。
为达成一项停火60天、释放部分被扣押人员的协议,哈马斯和以色列自7月6日起在卡塔尔首都多哈举行新一轮间接谈判。因不满哈马斯就停火方案所提意见,以方同月24日召回谈判人员,寻求“替代选项”,并于8月8日出台由以军接管加沙地带北部加沙城的计划。该计划在以色列国内外引发反对和谴责。(完)
1、8月7日,在南非西开普省省会开普敦一家医院附近,医护人员参加抗议活动,呼吁结束加沙地带饥荒。新华社发(沙姬拉·泰比摄)
2、8月8日,孩子们在加沙城以军袭击后的废墟上搬运物品。新华社发(里泽克·阿卜杜勒贾瓦德摄)