North America
ဇယ်လန်းစကီး အမေရိကန်သို့ ရောက်ရှိ၊ နယ်မြေပိုင်နက်အရေးကိစ္စတွင် ယခင်ဖြစ်ရပ်မှားများ ထပ်မံဖြစ်ပွား၍မရဟု ဆို

ဝါရှင်တန်၊ ဩဂုတ် ၁၈ ရက် (ဆင်ဟွာ)
ယူကရိန်း သမ္မတ ဇယ်လန်းစကီးသည် ဩဂုတ် ၁၇ ရက် ညပိုင်းတွင် အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်သို့ ရောက်ရှိခဲ့ပြီးနောက် နယ်မြေပိုင်နက် အရေးကိစ္စတွင် ယခင်ဖြစ်ရပ်မှားများ ထပ်မံဖြစ်ပွား၍မရဟုဆိုကာ အမေရိကန်က ယူကရိန်း၊ ဥရောပတို့နှင့်အတူ “စုပေါင်းအင်အား” ဖော်ဆောင်၍ “စစ်မှန်သော ငြိမ်းချမ်းရေး” ကို ရုရှား ဖော်ဆောင်ရေး ဖိအားပေးရန် မျှော်လင့်ကြောင်းလည်း အမေရိကန် သမ္မတ ထရမ့်ထံသို့ ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက လူမှုမီဒီယာ၌ ပို့စ်တင်၍ ယူကရိန်းအနေဖြင့် ထိုစဉ်က ခရိုင်းမီးယားအား မစွန့်လွှတ်ခဲ့သင့်ကြောင်း၊ ယူကရိန်းက ၁၉၉၄ ခုနှစ်တွင် ရရှိခဲ့သည့် “လုံခြုံရေး အာမခံမှု” သည် ထိရောက်မှု မရှိသောကြောင့် ယခင်ဖြစ်ရပ်မှားများ ထပ်မံဖြစ်ပွား၍မရကြောင်း ရေးသားခဲ့သည်။
ဇယ်လန်းစကီးက ၎င်းအနေဖြင့် ဩဂုတ် ၁၈ ရက်တွင် ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ပြီး ဥရောပ အကြီးအကဲများနှင့်လည်း တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ယူကရိန်း၊ အမေရိကန်နှင့် ဥရောပတို့တွင် “ဆောလျင်စွာနှင့် ယုံကြည်အားကိုးရစွာ” စစ်ပွဲအား အဆုံးသတ်လိုသည့် “ပြင်းပြသောဆန္ဒများ” ရှိကြကြောင်းလည်း ရေးသားခဲ့သည်။
ဇယ်လန်းစကီး ဆန္ဒရှိပါက ရုရှားနှင့် စစ်ပွဲကို “ချက်ချင်းနီးပါး” အဆုံးသတ်နိုင်ကြောင်း၊ ယူကရိန်းအနေဖြင့် ခရိုင်းမီးယားကို “ပြန်လည်သိမ်းယူ၍ မရ” သလို နေတိုးအဖွဲ့တွင်လည်း ပါဝင်နိုင်မည်မဟုတ်ကြောင်း ထရမ့်က ဇယ်လန်းစကီး ထုတ်ဖော်ပြောကြားမှု မပြုမီ ၂ နာရီခန့်တွင် လူမှုမီဒီယာ၌ ပြောကြားခဲ့သည်။ (Xinhua)
———————-
(Chinese Version)
泽连斯基抵美 称领土问题不能重蹈覆辙
新华社华盛顿8月17日电 乌克兰总统泽连斯基17日晚抵达美国首都华盛顿后称在领土问题上不能重蹈覆辙,同时喊话美国总统特朗普,希望美国与乌克兰及欧洲一道形成“合力”,迫使俄罗斯实现“真正的和平”。
泽连斯基在社交媒体上写道,乌克兰当年不应该放弃克里米亚,乌克兰1994年获得的所谓“安全保障”并未奏效,不能重蹈覆辙。
泽连斯基还写道,他将于18日与特朗普举行会晤,还将与欧洲领导人会谈。乌克兰、美国和欧洲都有“尽快且可靠地”结束战争的“强烈愿望”。
在泽连斯基发声前约两小时,特朗普在社交媒体上表示,如果泽连斯基愿意,俄乌冲突能“几乎立即”结束,并声称乌克兰“收不回”克里米亚,也无法加入北约。(完)
图说:2月28日,美国总统特朗普(中)在首都华盛顿白宫迎接乌克兰总统泽连斯基(右)。 新华社记者 胡友松 摄